သာကူ အုန်းနို့ဆမ်း

သာကူ အုန်းနို့ဆမ်း (၄ခုစာ)

အချိုပွဲ သာကူ အုန်းနို့ဆမ်း ပါ။ သာကူ အုန်းနို့ဆမ်းမှာ သာကူကို ကြိုပြီ ဌက်ပျောရွက်နဲ့ ထုတ်ပြီ တြိဂံပုံရအောင် အအေးခံထားပါသေးတယ်။ ပြီမှ အုန်းနို့ရည်၊ ထန်းလျက်ရည် ဆမ်းပြီ သုံးဆောင်ရတာပါ။ အမြင်လည်း ဆန်းပြီ အရမ်းလည်း စားကောင်းပါတယ်။ လုပ်ရတာလည်း လွယ်သည်မို့ ခုပဲ တူတူလုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • သာကူ – ၂၀၀ ဂရမ်
  • အုန်းနို့ခရင်း – ၁၆၀ မီလီလီတာ
  • ထန်းလျက် – ၁၆၀ ဂရမ် (၁၀ကျပ်သား) (နှုတ်နှုတ်စဉ်းထားပါ)

  • ဆား – လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ
  • Padan (or) Apple green Essence – လက်ဖက်ရည်ဇွန်း တ၀က် (ဆူမွှေး (သို့) ပန်းသီး ရနံ့ပါတဲ့ အစိမ်းရောင် အရည်) (City Mart တွင် ၀ယ်ယူနိုင်သည်)
  • ဌက်ပျောရွက် – ၄ရွက်

ပြုလုပ်နည်း

၁။ အရင်ဆုံး ရေ(၃လီတာ) ကို ပွက်ပွက်ဆူအောင် တည်ထားထားပါ။

၂။ ပြီမှ သာကူများကို ထည့်ပြီ မွှေပေးပါ။ မမွှေပေးပါက သာကူစေ့များကပ်သွားပါလိမ့်မည်။

၃။ သာကူထဲမှ အဆံလေးများ မရှိတော့လျှင် ရေအေးပြန်စိမ်ပြီ ဇကာဖြင့် ပြန်ဆယ်ထားပါ။

၎။ သာကူကို ပန်းကန်နှစ်ခုထဲ ညီညီမျှမျှ ခွဲထည့်ပါ။ ပန်းကန်တစ်ခုထဲကို Padan (or) Apple အရည် ထည့်ပြီ အစိမ်းရောင်သာကူအားလုံး ဖုံးသွားသည်အထိ သမအောင်မွှေပေးပါ။

၅။ ပြီနောက် ဌက်ပျောရွက်ကို မီးအနည်းငယ်ပြပြီမှ ကန်တော့ပုံပြုလုပ်ပါ။

၆။ ဌက်ပျောရွက်ထဲကို သာကူအဖြူကို ကန့်တော့ တ၀က်ထည့်ပြီ အပေါ်မှ သာကူ အစိမ်းရောင် ထည့်ပါ။

ရ။ တြိဂံပုံ ဌက်ပျော်ရွက်ကို သွားကြာထိုးတံဖြင့် ပိတ်ပြီ ထုတ်လိုက်ပါ။ ထိုနည်းအတိုင်း ကျန် သာကူ ၃ထုပ်ထုတ် ပေးပါ။

၈။ ထို့နောက် ဌက်ပျောရွက်နှင့် ထုတ်ထားသော သာကူများကို ရေခဲသေတ္တာ အပေါ်ထပ်တွင် နာရီဝက်(သို့) ၄၅မိနစ်ခန့် အအေးခံထားပါ။

၉။ သာကူ အအေးခံထားစဉ် ဒယ်ထဲ အုန်းနို့၊ ဆားထည့်ပြီ မီးနည်းနည်းဖြင့် ၁မိနစ်ခန့်တည်ထားပါ။ အမြုပ်များ ထလာလျှင် မီးပိတ်ပြီ အအေးခံထားပါ။

၉။ ထို့နောက် ထန်းလျက်ကို ဒယ်ထဲ ထည့်ပြီ ရေ(စားပွဲတင်ဇွန်း ၄ဇွန်း)ဖြင့် ထန်းလျက်ပျော်သည်အထိ တည်ပြီ ဘေးဖယ်ထားပါ။

၁၀။ သာကူ အအေးခံပြီလျှင် ဌက်ပျောရွက်ကို ဖယ်ပြီ ပန်းကန်တစ်ခုပေါ် တင်လိုက်ပါ။

၁၁။ အပေါ်မှ အုန်းနို့ရည် နှင့် ထန်းလျက်ရည်များကို ဆမ်းကာ အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…

 

49 comments

  1. xiao li says:

    အခုအိမ်ရှင်မတွေအတွက်ရေးပေးတာကျေးဇူးပါ

  2. cho cho lwin says:

    ကျမ သာကူလုပ်စားတိုင်းပျက်ပျက်သွားတယ် ခုမှဘဲနည်းကောင်းရတော့တယ်

  3. လဲ့လဲ့ says:

    ကျေးဇူးပါ

  4. Aye Nandar Win says:

    sharing အတွက် ကျေးဇူးတင်ပါတယ်ရှင်…
    ပိတ်ရက်မှာ အိမ်မှာလုပ်ကြည့်လိုက်ဦးမယ်…

  5. ဝတ်ရည်ရေ
    အိမ်မှာ ဆွမ်းမွေးရွက်လေးရှိတယ် အဲဒါကို အရည်ကျိုပြီး အစိမ်းရောင်အရည်လေးလုပ်ဦးမယ်
    ပြီးတော့ ခုလို သာကူလေး လုပ်စားမယ်
    ကျေးဇူးနော်

    • admin says:

      မချော ဆွမ်းမွှေးရွက်ရှိရင် သာကူပြုတ်တဲ့ ထည့်ပြုတ်ရင် အနံ့လေးပါ ပိုမွှေးတယ်။ လုပ်စားကြည့်ပါနော်.. Thanks Ma Chaw!

  6. zar chi says:

    မ ရှမ်းဆိုင်တွေမှာရောင်းတဲ့ အသားနဲ့သာကူလုံးလုပ်နည်းလေး
    အဆင်ပြေရင် တင်ပေးပါဦးနော် 🙂

  7. ayemyathu says:

    သာကူအုန်းနို့ ဆမ်းကိုလုပ်စားကြည့်မယ်။ကျေးဇူးတင်ပါတယ်ဝတ်ရည်ရေ

  8. Hmone gyi says:

    wow…mike tal… sar chin sa yar gyi

    • admin says:

      ကိုယ်ပြန်လာမှ လုပ်ကျွေးမယ်.. ၀က်မှုံလေး ၀လာအောင်လို့. heee 😛

  9. phayonemal says:

    စားချင်စရာလေးနော်လုပ်ကြည့်မယ်နော်

  10. swemyo says:

    မုန့်စိမ်းပေါင်းလုပ်နည်းသိရင်ပြောပြပါလား

  11. khinmiminaing says:

    thank

  12. ဝေဝေ says:

    thank u ပါ”မ”

  13. chitchitthu says:

    ကျေးဇူးပါယယယ

  14. Phyu says:

    Thank you MA WUTYEE. Some of food I try and cook at home everybody like it. So thanks a lot for your recipes..

  15. နေခြည် says:

    သာကူပြင်ကရောဒီနည်းအတိုင်းပဲလားဟင်

  16. natehtwe says:

    I like it very much. thanks a lot.

  17. khin nyein chan aye says:

    အမရေ အစားအသာက် ၀ါသနာပါတဲ့ ကျွန်မ အတွက်တော့ နေ့တိုင်းဝင်ကြည့်ဖြစ်ပါတယ်… ကြံမဆိုင် မချက်တတ်တာရယ်၊ တာလဘော့ ဟင်းလည်း အရမ်းချက်စားချင်နေတာ

  18. seng says:

    သာကူမုန့်လုပ်နည်းအသစ် အတွက် ကျေးဇူးပဲနောအမ…
    ဒီနည်းလေးလုပ်စားကြည့်အုံးမယ်။

  19. seng says:

    အကယ်လို့.. ဖက်မရှိတဲ့နေရာမှာဆို… သာကူအဲလိုပုံဖေါ်ဖို့ ဘာနဲ့သုံးပြီးလုပ်ရမှာလဲဟင်။

  20. Han Thi Htun says:

    ကျေးဇူးအထူးတင်ပါတယ်။
    စမ်းသပ်ပြီးလုပ်စားကြည့်မယ်နော်အမ

  21. htet htet win says:

    လုပ်စားဖြစ်အောင်လုပ်အုံးမယ် ညီမလေးရေ ကျေးဇူးလဲအရမ်းတင်ပါတယ်

  22. Sanda Toon says:

    Thank you for sharing your recipe

  23. Chit phue says:

    မ၀တ်ရည်ရေ….
    ရွှေကြည်ဆနွင်းမကင်း လုပ်နည်းလေးနဲ့…. ငှက်ပျောဆနွင်းမကင်း လုပ်နည်းလေးပါ မျှဝေပေးပါဦးနော်…
    အမြဲတမ်း မ၀တ်ရည်နည်းအတိုင်း လုပ်စားနေတဲ့ အမာခံ ပရိသတ်ပါရှင်…

    • admin says:

      ဟုတ်ကဲ့ ကြိုးစားပြီ တင်ပေးပါ့မယ်။ ကျေးဇူးပါတယ် sis 😀

  24. khaing phyu says:

    မမညီမလုပ်ကြည့်တာ သာကူက ငှက်ပျောရွက်ထဲကနေထွက်ကုန်လို့ ဘယ်လိုထုပ်ရတာလဲဟင်

  25. kyi phyu says:

    စားချင်​စရာ​လေး။လုပ်​စားကြည့်​အုံးမယ်​။ကျေးဇူးပါ​နော်

  26. Moe Thida Myint says:

    လှလိုက်​တဲ့ Style ​လေး ၊ စားချင်​စရာအရမ်း​ကောင်းတယ်​။

Leave a Reply

Your email address will not be published. Required fields are marked *