ကြာဇံချက် နှင့် ရှောက်သီးသုပ်
ကြာဇံချက်
ကြာဆံချက် ပူပူလေးနဲ့ ရှောက်သီးသုပ်လေးပါ။ နေ့လည်အစာပြေ အဖြစ်ပဲဖြစ်ဖြစ်၊ ထမင်းနဲ့ တွဲဖက် ဟင်းချိုအဖြစ်လည်း တွဲဖက်သုံးဆောင်နိုင်ပါတယ်။ လုပ်ရလွယ်ပြီ စားလို့လည်း ကောင်းသည်မို့ ခုပဲ ကြာဇံချက် ပူပူလေးနဲ့ ရှောက်သီးသုပ်ကို တူတူ ချက်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
  • ပဲကြာဇံ – ၁၅ကျပ်သား (၂၄၀ ဂရမ်)
  • ကြက်ရိုး – ၃၀ကျပ်သား(၄၈၀ ဂရမ်)
  • ငါးဖယ် – ၁၀ ကျပ်သား (၁၆၀ ဂရမ်) Optional
  • မှိုခြောက် – ၂ကျပ်သား (၃၂ ဂရမ်)
  • ပဲခြောက် – ၂ကျပ်သား (၃၂ ဂရမ်)
  • ပန်းခြောက် – ၂ကျပ်သား (၃၂ ဂရမ်)
  • ငုန်းဥ – ၁၀လုံး (ရေဖြင့် ကျက်အောင် ပြုတ်ပြီ အခွံနွှာထားပေးပါ)
  • ကြက်သွန်နီ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
  • နနွင်းမှုန့် –  လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်သီး အရောင်တင်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆား – စားပွဲတင်ဇွန်း ၁ဇွန်း
  • ငါးငံပြာရည် – စားပွဲတင်ဇွန်း ၄ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆီ – စားပွဲတင်ဇွန်း ၅ဇွန်း
ပြင်ဆင်ရန် ပါဝင်ပစ္စည်းများ
  • ကြက်သွန်နီ – ၅လုံး (ပါးပါးလှီးပါ)
  • နံနံပင် – စည်းဝက် (ပါးပါးလှီးပါ)
  • သံပရာသီး – ၄လုံး (၄စိပ်စိပ်ပါ)
  • ငါးငံပြာရည်
ပြင်ဆင်နည်း
၁။ အရင်ဆုံး ပဲကြာဇံ၊ မှိုခြောက်၊ ပန်းခြောက်၊ ပဲခြောက်တို့ကို ရေဖြင့် စိမ်ထားပေးပါ။
၂။ ဒယ်အိုးထဲ ရေ(၄လီတာ)ထည့်ပြီ ကြက်ရိုးများကို ပြုတ်ထားပါ။
၃။ ရေ၃လီတာလောက်ကျန်လျှင် ကြက်ရိုးပြုတ်အိုးကို မီးပိတ်လိုက်ပြီ ကြက်ရိုးများကို ပြန်ဆယ်ကာ၊ အအေးခံပြီ ကြက်ရိုးမှ အသားများ နွှင်းပေးပါ။
၎။ ငါးဖယ်ကို (ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ငရုတ်သီးမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)) တို့ဖြင့် သမအောင် နုယ်ပြီ ငါးဖယ်ကို အပြားလေးများ လုပ်ပေးကာ ဆီများများဖြင့် ကြောပေးပြီ ပါးပါးလှီးပေးပါ။
၅။ ဒယ်ထဲ ဆီထည့် ဆီပူလာမှ ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ဆီသပ်ပေးပါ။
၅။ ထို့နောက် နနွင်းမှုန့်၊ အရောင်တင်မှုန့်တို့ကို ထည့်ပြီ အသားနွှင်းထားသော ကြက်သားများကို ထည့်ပေးပါ။
၆။ အရသာအတွက် ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ပြီ ဆီပြန်လျှင်မီးပိတ်လိုက်ပါ။
ရ။ ပန်းကန်ပြားတစ်ခုထဲ ပန်းခြောက်၊ မှိုခြောက်၊ ပဲခြောက်၊ ငုန်းဥ၊ ကြက်သားချက်၊ ငါးဖယ် တို့ကို ကြာဇံချက် ချက်ရန် အသင့်ပြင်ထားပါ။
ချက်ပြုတ်နည်း
၁။ ကြက်ပြုတ်ရည်ကို ဆူအောင် ပြန်တည်ထားပါ။
၂။ ဆူလာလျှင် ကြက်သား၊ မှိုခြောက်၊ ပန်းခြောက်၊ ပဲခြောက်၊ ငါးဖယ်၊ ငုန်းဥ တို့ကို ထည့်ပြီ ၅မိန်ခန့် အဖုံးအုပ်ထားပါ။
၃။ အရသာအတွက် ငါးငံပြာရည်၊ ဆား၊ သကြား၊ တို့ကို ထည့်ပြီေ၇ာမွှေလိုက်ပါ။ အရသာ အနေတော်လျှင် မီးပိတ်လိုက်ပါ။
၎။ စောက်ပန်းကန်တစ်ခုထဲ ကြာဇံချက် လောင်းထည့် အပေါ်မှ ကြက်သွန်နီ၊ နံနံပင်၊ သံပရာသီး ညှစ်ထည့်ကာ ကြာဇံချက် ပူပူလေးကို သုံးဆောင်လို့ရပါပြီ…
မှတ်ချက် ။ ။ ကြာဇံချက်ကို ချက်ချင်း မသုံးဆောင်သေးလျှင် ကြာဇံကို ချက်တဲ့အခါ ထည့်မချက်ပဲ သက်သက်အိုးဖြင့် ပြုတ်ပြီ ဆယ်ထားပါ။ စားမှ ပန်းကန်ထဲ ကြာဇံကို ထည့်ပြီ ကြာဇံချက်အရည်ဖြင့် တွဲဖက် သုံးဆောင်ပါ။
ရှောက်သီးသုပ်
  • ရှောက်သီး – ၂လုံး (အခွံနွာ၊ အစေ့ထုတ်ပြီ ရှောက်သီး နွှာယူပါ)
  • မြေပဲ – စားပွဲတင်ဇွန်း ၄ဇွန်း (မညက်တညက်ထောင်းထားပါ)
  • ကြက်သွန်နီ – ၆လုံး (ပါးပါးလှီးပါ)
  • ပုဇွန်ခြောက် – စားပွဲတင်ဇွန်း ၂ဇွန်း (ညက်အောင် ထောင်းထားပါ)
  • ငပိ – စားပွဲတင်ဇွန်း ၂ဇွန်း
  • ငရုတ်သီးစိမ်း – ၈တောင့် (ပါးပါးလှီးပါ)
  • ဆား – စားပွဲတင်ဇွန်း တ၀က်
  • သကြား – စားပွဲတင်ဇွန်း ၃ပုံ၁ပုံ
  • နံနံပင် – အနည်းငယ် (ပါးပါးလှီးပါ)
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ဇလုံထဲတွင် (ရှောက်သီး၊ ကြက်သွန်နီ၊ မြေပဲ၊ ပုဇွန်ခြောက်မှုန့်၊ ငပိ၊ ငရုတ်သီးစိမ်း၊ ဆား၊ သကြား) တို့ကို ထည့်လိုက်ပါ။
၂။ သမအောင် လက်ဖြင့် ခပ်ဖွဖွ ရောနုယ်ပြီ  အပေါ်မှ နံနံပင်အုပ်ကာ ကြာဇံချက်ပူပူလေး နှင့် တွဲဖက်သုံးဆောင်လို့ရပါပြီ…
”ဟင်းတွဲစားချင်သူများအတွက် ချဉ်စပ် ငါးကောင်လုံးကြော်၊ ကြာဇံချက် နှင့် ရှောက်သီးသုပ်ကို တွဲဖက်သုံးဆောင်နိုင်ပါတယ်”
46 comments
  1. ကျေးဇူးပါ…ကြာဇံချက်ချက်စားချင်နေတာကြာပြီ။။။ဘယ်ကနေစချက်ရမှန်းမသိလို့။ဆိုင်မှာဝယ်စားတာတွေက အရသာတော.ကောင်းပါရဲ့။။။။။ပြဲပြဲကြီးတွေဖြစ်နေတယ်…အ၇မ်းနူးလွန်ပြီးတော.လေ..စားရတာအရသာပြည့်ပြည့်၀၀မရှိတော.ဘူး။
  2. Soe Pye says:
    မန္တလေး မှာဆို ရင် ပိတ်ဆွယ်လေးတွေလှီးပြီး ထည့် ချက်ကြတယ်။
  3. Hmone gyi says:
    last night ka bae think nay tar coming weekend kya yin lote sar ma loe…ku top a tal bae pot
    • admin says:
      ဟားဟား။ ကိုယ်ကြိုက်မှာ ကြိမ်းသေတယ်။ လုပ်စားကြည့်..
  4. Daw Than Nu says:
    Kyay zoo tin par deh.
  5. saishwemern says:
    thank u ;so much
    • admin says:
      Welcome!
    • Nwe says:
      ပဲကြာဆန်က အဆင့် 2 မှာ အိးထဲ ကြက်သားတွေ နဲ့ အတူတူ ထည့်ရမှာလား မ ။ thank
      • admin says:
        ဟုတ်ကဲ့ ရေးဖို့ လိုသွားလို့။ ၂မှာ ကြာဆန်ပါထည့်ရမှာပါ.. ကျေးဇူး
  6. zarlay says:
    Thanks! ma wutyee
  7. ကျော်သိင်္ခ says:
    ကျေးဇူးတင်ပါတယ် အန်တီဝတ်ရည် ရေ
  8. Jue Jue says:
    Thank You very much!
  9. Eima says:
    ချက်စားချင်နေတာကြာပြီ ကျေးဇူးပါ
  10. […] ချဉ်စပ် ငါးကောင်လုံးကြော်၊ ကြာဇံချက် နှင့် ရှောက်သီးသုပ်ကို […]
  11. အိသက်မွန် says:
    ညီမလေးကရှောက်သီးသုပ်ကြိုက်တယ်…အိမ်မှာသုပ်စားကြည့်ဦးမယ်
    မမလည်းဆက်ကြိုးစားပါနော် အားပေးနေမယ်
  12. Mya Kyar Phyu says:
    မ၀တ်ရည်
    ပြီးခဲ့တဲ့ တနင်္ဂနွေက ကြာဆံချက်၊ရှောက်သီးသုတ်နဲ့ ငါးကြော်နှပ်လေး လုပ်စားကြပါတယ်။
    ငါးကြော်နှပ်ကိုတော့ အတုံးလေးတွေတုံးပြီးကျွတ်အောင်ကြော်ပြီးမှ ပြန်နှပ်လိုက်တာပါ။
    အဆင်ပြေတဲ့အကြောင်းလေး မ၀တ်ရည်ကို ပြောချင်ပါတယ်။
    ကျေးဇူးတင်လျှက်
    …..
  13. zawzaw says:
    ကဲ …. အခု မှ အဝေးရောက်နေတော့ ကိုယ်တိုင် ချက်စားနေပြီ ချက်ချင်တာလေးရှိရင် လွယ်လွယ် ချက်လို့ရတာလေးတွေ ပို့ ပေးနော် ဟီးးး တီတီ ကို့ ပဲ အားကိုယ်းပါတယ်
  14. war war says:
    ကြာစံချက်စားချင်နေတာကြားပီးချက်မတတ်လို့ ကျေးဇူးတင်ပါတယ်မမကို အခုလိုတင်ပြပေးတဲ့အတွက်
  15. aung soe moe says:
    အမရေ အမဆိုဒ်ထဲက ဟင်းချက်နည်းလေးတွေကို တမျိုးဆီ လိုချင်တဲက့ ဟင်းချက်နည်းလေတွေ shareချင်ပါတယ် ဘယ်လိုလုပ်ရမလဲဟင်
  16. july says:
    ဒီ​နေရာက​နေပဲ အစ်​မကို ​ကျေးဇူး အထူး တင်​ရှိ​ကြောင်း​ပြောချင်​ပါတယ်​ ချက်​နည်း​တွေ အတွက်​​ကြောင့်​​ရော​ပေါ့ အားလဲ အားကျပါတယ်​ အမဝတ်​ရည်​ ​ပျော်​ရွှင်​ပါ​စေ:):):)
    • admin says:
      ဟုတ်ကဲ့ ၀တ်ရည်ကလည်း ကျေးဇူးပါနော်.. ပေးတဲ့ဆုနဲ့ ပြည့်ပါစေ…
  17. ခုအချိုးအစားကလူဘယ်နှစ်ယောက်စာလဲခင်ဗျာ့ ကျေးဇူးပြုပြီးပြောပြပေးပါခင်ဗျာ
  18. ညီမလေးလားးး မမလားတော့ မသိဘူးပေါ့နော်… ဟင်းလက်ရာလေးတွေ အရမ်းသဘောကျတယ်..။
    ဟင်းလက်ရာလေးကလည်း ကောင်းမှကောင်း.. မျက်နှာလေးကလည်း ချစ်စဖွယ်အပြုံးမျက်နှာပိုင်ရှင်လေးပါ။
    မ.. လည်း ချက်တာ ကြော်တာ အကုန်ဝါသနာပါတယ်။။ ဒီဆိုဒ်ကို ခဏခဏလာဖြစ်ပါတယ်.. comment မရေးဖြစ်ခဲ့ဘူး။။ ချက်နည်းလေးတွေကို copy ယူပြီးသိမ်းထားတယ်နော်…။ ကျေးဇူးအထူးပါနော်…
    ချက်ပြုတ်နည်းစာအုပ်လေး ရချင်တယ်..။ အွန်လိုင်းကနေ ဒေါင်းလို့ရမဲ့ လင့်ခ်လေးရှိရင် မျှဝေပါ့အုံးနော်..။
    • admin says:
      • Ngal says:
        စားပွဲတင်ဇွန်းဆိုတာ zebra ဇွန်းကိုပြောတာလာမ
        အချိုးအစားမှားထည့်မိမှာစို့လို့ပါ
  19. ခွန်စိုင်း says:
    ဆောင်းတွင်း အေးအေး နဲကြာဆံချက်စားကြည့်မယ် မ၀တ်ရည် ကျေးဇူးပဲဗျာ …. ကောင်းရာနိုးနိုး အကုန်တင်ပေးအုံးနော် ။။
  20. Lyn says:
    Thank you sis…
  21. Kim Na Na says:
    ကြာဇံချက်​က ရှယ်​ပဲ သ​ရေ​တောင်​ကျတယ်
    ချက်​စားအုံးမှ
  22. မမိုးမိုး says:
    ကျေးဇူးပါဝတ်ရည်ရေ ဒီထက်မကအောင်မြင်မှုတွေရပါစေနော်၊ဒီနေ့ရုံးပိတ်ရက်လေးမှာမိသားစုကို ဝတ်ရည်တင်ပေးထားတဲ့ ကြာဇံချက် ချက်နည်းလေးအတိုင်းချက်ကျွေးလိုက်တယ်။
Leave a Reply
Your email address will not be published. Required fields are marked *