သာကူ အစာသွပ်
သာကူ အစာသွပ်
ထိုင်းစတိုင် သာကူ အစာသွပ်ပါ။ သာကူထဲကို ၀က်သား(သို့)ကြက်သားနဲ့ မြေပဲကို အစာသွပ်ထားတာပါ။ အစာပြေအဖြစ် သုံးဆောင်မယ်ဆိုရင် အရမ်းကောင်းတဲ့ ချက်နည်းသစ်တမျိုးမို့ ခုပဲ လုပ်စားကြည့်ရအောင်…
သာကူတွင် ပါဝင်ပစ္စည်းများ
  • သာကူ – ၁ခွက်ခွဲ
  • ရေနွေး – ၁ခွက်
  • ကြက်သွန်ဖြူဆီချက်
အစာသွပ်ရန် ပါဝင်ပစ္စည်းများ
  • ၀က်သား(သို့)ကြက်သား – ၂၀ကျပ်သား (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – ၂ဥ (နှုတ်နှုတ်စဉ်းပါ)
  • မြေပဲ – စားပွဲတင်ဇွန်း ၄ဇွန်း (မညက်တညက်ထောင်းပါ)
  • ငါးငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
  • ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
ပြုလုပ်နည်း
၁။ အရင်ဆုံး သာကူကို ရေဖြင့် အနည်းငယ် ဆေးပြီ ဇလုံတစ်ခုထဲတွင် (သာကူစေ့ထည့်၊ ရေ)ထည့်ပြီ လက်ဖြင့် သာကူစေ့များကို အနည်းငယ် ခြေပြီ စေးကပ်အောင် လုပ်ပေးပါ။
၂။ ပြီလျှင် အပေါ်မှ ရေစိုဝတ်ဖြင့် ၁နာရီခန့် အုပ်ထားပေးပါ။
၃။ ထို့နောက် ဒယ်ထဲ ဆီထည့် ဆီပူလာလျှင် ကြက်သွန်နီများကို ဆီသပ်ပေးပါ။
၎။ ပြီမှ ကြက်သားထည့် အရောင်ပြောင်းမှ ငါးငံပြာရည်၊ သကြား ထည့်ပေးပါ။
၅။ ပြီနောက် မြေပဲ ထည့်ကာ လုံးသွားပြီ စေကပ်သွားအောင် ကြော်ပေးပါ။ ပြီမှ မီးပိတ်ပြီ အအေးခံထားပါ။
၆။ ထို့နောက် သာကူကို ပုံတွင် ပါသည့်အတိုင်း ၁လက်ခွဲအရွယ် အ၀ိုင်းပြားလိုပ် ကြက်သားမြေပဲ အစာသွပ်ပေးပါ။
ရ။ အစားသွပ်ပြီ သာကူကို လက်ဖြင့် အလုံးပုံပြန် လုံးပေးပါ။ ထိုနည်းအတိုင်း ကျန်သာကူများကို အစာသွပ်ပေးပါ။
၈။ ဌက်ပျောရွက်ပေါ် သာကူအစာသွပ်လုံးများကို တင်ပြီ ပေါင်းအိုးဖြင့် ၅မိနစ် ပေါင်းပေးပါ။
မှတ်ချက် ။ ။ အချိန်ပိုပြီ မပေါင်းပါနှင့်၊
၉။ ပေါင်းပြီလျှင် သာကူကို ကိုင်လို့ရသည်အထိ ခေတ္တအေးခံပါ။ ပြီလျှင် သာကူများသည် အလွန်စီးကပ်သည်မို့ ပန်းကန် နှင့် လက်တွင် ကြက်သွန်ဖြူဆီချက် ဆီများကို အရင်သုတ်ပါ။
၁၀။ ပြီမှ သာကူအစာသွပ်များကို ပန်းကန်ပေါ်တင်ပြီ အပေါ်မှ ကြက်သွန်ဖြူဆီချက်များကို ဖြူးကာ အရသာရှိစွာ စားသုံးနိုင်ပါပြီ..
59 comments
  1. စားချင်စရာလေး ဝတ်ရည်ရေ…လုပ်နည်းလေးကလည်း လွယ်တယ်နော်။ မုန့်လုပ်နည်းတွေ၊ ဟင်းချက်နည်းတွေ အမြဲတမ်း မျှဝေပေးတဲ့အတွက် ကျေးဇူးပါ။ 🙂
    မြဝတီဇော်
    • admin says:
    • winminlatt says:
      မုန့်တွေကိုအရမ်းကြိုက်တယ် မေမေ၊ညီမလေး၊သူငယ်ချင်းတွေလုပ်ခိုင်းမယ် မုန့်လုပ်နည်းတွေပို့ပေးပါဗျာ ခင်မင်လေးစားစွာဖြင့် ၀င်းမင်းလတ်
      • admin says:
        ဟုတ်ကဲ့။ မုန့်လုပ်နည်းတွေ ပို့ပေးပါ့မယ်.. 🙂
  2. boy lay says:
    ကြည့််ရင်နဲ့ဗိုက်တောင်ဆာလာပြီးး……………..>_<
  3. Khine says:
    ကျေးဇူးတင်ပါတယ် မ…အိမ်မှာလည်းလုပ်စားကြည့်ဦးမယ်…
  4. pusooma says:
    ပူစူးတို့ တောင်ကြီးမှာ တာကူလုံးကိုစားဖူးနေတာကြာပါပီ ဘယ်လိုလုပ်တယ်ဆိုတာ အခုမှပဲသိတော့တယ်
    ကျေးကျေးနော်
    တာကူလုံးကို ကတ်ကြေးကိုက်ပီး မြေပဲမှုန့်ထောင်းနဲ့ ဆလပ်ရွက်နဲ့ သုပ်တာစားလို့ကောင်းတယ် မမ၀တ်မုံ
    ပူစူးလဲ လုပ်စားလိုက်အုံးမယ် ကျေးကျေးနော်
    • admin says:
      တာကူလုံးကို မြေပဲထောင်း၊ ဆလတ်ရွက်နဲ့တော့ မသုပ်စားဖူးဘူး။ စမ်းကြည့်လိုက်အုန်းမယ် sis ရေ။ ကျေးဇူးပါ
  5. Hmone gyi says:
    kha ta kar ma eat buu buu… tal tal kaung mae pone bae 🙂
  6. zar chi says:
    မ အရမ်းပဲကျေးဇူးတင်ပါတယ်…
    မ ထာဝရ ပျော်၇ွှင်အောင်မြင်တဲ့ဘ၀လေးပိုင်ဆိုင်နိုင်ပါစေနော်
  7. dardarlindardar says:
    အစ်မရဲ့ဟင်းချက်နည်းတွေကိုသဘောကျလို့ပါ………..အစ်မ အမြဲထာဝရပျော်ရွှင်ပါစေနော်………..
    • admin says:
      ကျေးဇူးပါ ညီမရေ။ ပေးတဲ့ဆုနဲ့လည်း ပြည့်ရပါစေနော်.. <3
  8. mawmaw naing says:
    thanks sis
  9. Taguu says:
    အမရေ အဲဒီ သာကူစိကို ဘယ်လို ပြောဝယ်ရင် ရလဲဟင် အနော်က မြိတ်ကပါ သာကူစိမဲမဲတွေပဲ မြင်ဖူးလို့ ဘယ်လို မေးဝယ်ရင်ရမလဲ သိချင်လို့ ပြောပေးပါဦး အမ ရေ ကျေးဇူးပါ
    • admin says:
      မြိတ် စတိုးဆိုင်ကြီးတွေမှာတော့ ယိုဒယားကလာတဲ့ သာကူစေ့အဖြူလေးထုပ်လေးတွေ ၀ယ်လို့ရလောက်မယ် ထင်တယ် sis. ၀တ်ရည်က မြိတ်သာ မရောက်ဖူးတာ။ ၀တ်ရည် အဘိုး၊ အဘွားတွေက မြိတ်ကပဲလေ။ 🙂
  10. saishwemern says:
    thanks
  11. zin says:
    ကျေးဇူး ပါ နော်။
  12. mawmaw naing says:
    Thanks sis|
  13. lerbwepaw says:
    အမစာအုပ်မှာ USA မှာမရောင်းဘူးလား..တစ်အုပ်လောက်လိုချင်လိုက်တာ..
  14. tunnyinyihlaing says:
    So good!
    • wah lay lay says:
      ဆရာလုပ်တာတော့မဟုတ်ပါဘူး ညီမက တောင်ကြီးကပါ.. သာကူလုံးက ငါးမိနစ်နဲ့ပေါင်းရင်သိပ်မကျက်ဘူးထင်ပါတယ်… သာကူစေ့လေးတွေမမြင်တဲ့အထိ ထားမယ်ဆို ဆယ့်ငါးမိနစ်လောက်ကြာပါတယ်… မ၀တ်ရည်ရဲ့ ဟင်းချက်နည်းတွေကို food mag: ကနေ လတိုင်းဖတ်ဖြစ်ပါတယ်…ရုံးပိတ်ရက်တွေဆို လုပ်စားဖြစ်ပါတယ်.. အမြဲအားပေးနေပါတယ်…
      • admin says:
        ဟုတ်ကဲ့ sis. သာကူကို မပေါင်းခင် ၀တ်ရည်က ၁နာရီ ရေစိမ်ပြီ အုပ်ထားပါသေးတယ်။ ပြီမှ သာကူစေ့ကို ခြေပြီ အစာသွပ်ပြီမှ ၅မိနစ်ပဲ ပေါင်းရုံနဲ့ကျက်တာပါ။ လုပ်စားကြည့်ပါနော်။ ကျေးဇူး 😀
  15. winminlatt says:
    သင်္ကြန်မုန့် လုပ်နည်းကလည်း ကောင်းပါတယ် မုန့်လုပ်နည်းအသစ်ထွက်တိုင်း ပို့ပေးပါဗျ
  16. mimyint says:
    အစ်မချက်နည်းတွေအကုန်ကြိုက်တယ် တကယ်ပြောတာနော်
    • mimyint says:
      စာအုပ်ကဘယ်မှာဝယ်လိုရလဲဟင် ကျွန်မကမဲဆောက်မှာနေတာလေ ထိုင်းနိုင်ငံထဲမှာ
      • admin says:
        ရန်ကုန်ကနေ လူကြုံနဲ့မှာရင် ပိုအဆင်ပြေမယ်.. sis 🙂
    • admin says:
      ဟီးဟီး။ Thanks a lot! 😀
  17. nangmaylay says:
    THANKS
  18.ု့khin mya aye says:
    ပေါင်းဘို.အတွက်ဘယ်လိုအိုးကိုသုံးသင်.ပါသလဲ
    • admin says:
      ရိုးရိုး စတီပေါင်းအိုးနဲ့ ပေါင်းရင် ရပါပြီ
  19. natehtwe says:
    အရင် က လုပ်ဘူးတယ် အခုနည်းကမှ မှန်တော့ ထပ်လုပ် စား ကြည့်မယ် ကျေးဇူးပါပဲ God Bless u.
  20. Thaehsu Hsusan says:
    စာအုပ်လဲဝယ်ထားပါတယ် အရမ်းအဆင်ပြေတယ် ကုန်ကြမ်းရှာတာကလဲအဆင်ပြေတယ် ညီမ ဟင်းချက်တာစိတ်မဝင်စားပေမဲ့အဲ့မုန့်လုပ်နည်းလေးတွေကြည့်ပြီး လုပ်ကြည့်ရင်းကနေ ဝါသနာပါလာတာ ပျော်လဲပျော်ဖို့ကောင်းတယ် ကိုယ်လုပ်ပေးတဲ့မုန့်ကို ဘိုးဘိုးဘွားဘွားမေမေဖေဖေတို့စားရင် အရမ်းပျော်တာ ပဲနောက်ကိုမုန့်အသစ်လေးတွေလုပ်ရင်ပို့ပေးပါဦး
    • admin says:
      ဟုတ်ကဲပ စာအုပ်အားပေးလို့ ၀တ်ရည်က ကျေးဇူး အများကြီး တင်ပါတယ်။ မုန့်လုပ်နည်းတွေလည်း ကြိုးစားပြီ တင်ပေးပါ့မယ်.. 🙂
  21. Ei says:
    သူများကျွေးတာစားဖူးတယ် မလုပ်တတ်တော့ခက်နေတာ လုပ်စားအုံးမယ်နော် ကျေးဇူးပါ
  22. gigi says:
    ama wutyee…it’s so yummy and pretty…thanks for ur great recipe!! 😀
  23. December says:
    စာအုပ်က မန္တလေး မှာရလား ။ဘယ်မှာ ဝယ် ရမှာလဲ။စာအုပ်နံမည်ဘာလဲ။
    • admin says:
      Wutyee Food House ဟင်းလက်ရာ(၁၀၁)မျိုးပါ။ မန္တလေးမှာလည်း ရောင်းပါတယ်။ အားပေးမယ်ဆိုလို့ ကျေးဇူးပါတယ်.. 🙂
  24. si han says:
    စာချင်စရာလေးကျေးဇူးပါ
  25. ninihan says:
    ပေါင်းချိန် နဲနဲကြာသွားလို့ ပျော့သွားတာကလွဲရင်စားကောင်းတယ်
  26. htoo tint san says:
Leave a Reply to admin Cancel reply
Your email address will not be published. Required fields are marked *