မုန်လာဥနီသုပ်

မုန်လာဥနီသုပ်

မြန်မာစတိုင် မုန်လာဥနီသုပ် လေးပါ။ လုပ်ရတာလည်း လွယ်ပြီ အချိန်တို အတွင်းမှာပဲ လုပ်စားနိုင်ပါတယ်..

ပါဝင်ပစ္စည်းများ

  • မုန်လာဥနီ – ၃၀၀ ဂရမ် (မုန်လာဥနီကြီးကို အသုံးပြုပါ)
  • သံပရာသီး – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ

  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • ပျားရည် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်
  • နှမ်း – စားပွဲတင်ဇွန်း ၂ဇွန်း
  • ကြက်သွန်မြိတ် – စည်းဝက် (ပါးပါးလှီးပါ)
  • ကြက်သွန်နီကြော် – ၄လုံးစာ (ပါးပါးလှီးပြီ ဆီဖြင့် ကြွပ်ရွအောင် ကြော်ပြီ ဇကာဖြင့် ပြန်ဆယ်ထားပါ)

 

သုပ်နည်း

၁။ အရင်ဆုံး မုန်လာဥနီများကို အခွံနွှာပြီ ခြစ်တံဖြင့် အရှည်ခြစ်ပေးပါ။

၂။ ပြီနောက် ဇောက်ပန်းကန်ထဲ (မုန်လာဥနီ၊ ဆား၊ ပျားရည်၊ သံပရာရည်၊ ဟင်းရွက်ဆီ၊ သံလွင်ဆီ၊ ကြက်သွန်နီကြော်၊ ကြက်သွန်မြိတ်၊ နှမ်း၊ ငရုတ်ကောင်းမှုန့် )တို့ကို ထည့်ပြီ သမအောင် ရောမွှေလိုက်ပါ။

၃။ ပြီလျှင် အပေါ်မှ နှမ်း၊ ကြက်သွန်နီကြော် အနည်းငယ် ဖြူးပြီ ဟင်းရံအဖြစ် အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…

24 comments

  1. eiphyu says:

    မမ ကျေးဇူးတင်ပါတယ် လုပ်စားကြည့်မယ်နော်

  2. mawmaw naing says:

    thanks sis i like this.

  3. nangmaylay says:

    thank u.

  4. Tin Ohn Myat says:

    We usually make such kind of salad. I prefer carrot to be finely grated so that it dissolves easily and my friends love it too.

  5. htetmyat says:

    အစ်မရေ အစ်မရဲ့ဟင်းချက်နည်းတွေကို web မှာ အပြင် post အောက်မှာ pdf ဖိုင်လေးအနေနဲ့ တင်ပေးရင် သိပ်ကို ပြည့်စုံသွားမယ်လို့ ထင်မိပါတယ် အစ်မ ကျွန်တော် အမြင်လေးကို ပြောပြတာပါ

    • admin says:

      ဟုတ်ကဲ့ PDF နဲ့လည်း ကြိုးစား တင်ပေးပါ့မယ်

  6. htetmyat says:

    အစ်မရေ နည်းသစ်တွေ ရှာနိုင်ပြီး အောင်မြင်ပါစေဗျာ အမြဲတမ်း ဝင်ကြည့်ဖြစ်ပါတယ်။ PDF ဖိုင်လေးနဲ့  downlink ပေးထားရင် ပိုကောင်းသွားမယ်လို့  မြင်မိပါတယ် အစ်မ

  7. daw khin thandar lin says:

    Thank you

  8. Thandar Win says:

    ကျေးဇူးပါနော် မ၀တ်ရည် လုပ်စားကြည့်ပါ့မယ်။

  9. shwewar says:

    အသုပ် များ တင် ပေး ပါ ဦး

  10. ကျေးဇူးတင်ပါတယ် သမီးေ၇

  11. pwintthetnwe says:

    အမ ဟင်းရွက်ဆီဆိုတာ ဘာကိုပြောတာလဲ အဒါမရှိရင် ဘာသုံးလိုရမလဲအမ

    • admin says:

      ဟင်းချက်ရင် သုံးတဲ့ ဆီကို ပြောတာပါ။ ဟင်းရွက်ဆီမရှိရင် မြေပဲဆီ၊ သံလွင်ဆီ ထည့်သုပ်လို့ရပါတယ်…

Leave a Reply to admin Cancel reply

Your email address will not be published. Required fields are marked *