အမဲသားလိပ်ကြော်
အမဲသားလိပ်ကြော်
ဂျပန်စတိုင် အမဲသားလိပ်ကြော်ပါ။ အမဲသားကို ဂျပန် ဆာကေး၊ ဆန်ဝိုင်တို့နဲ့ နုပ်ထားပြီမှ ကြက်သွန်မြိတ်အစာသွပ်ပြီ လိပ်ကြော်ထားတာပါ။ အသင့်လှီပြီသား အမဲသားကို သုံးလျှင် ပိုမိုလွယ်ကူသည်။ အရမ်းစားကောင်းတာမို့ ခုပဲ လုပ်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
  • အမဲသား – ၄၀၀ ဂရမ် (ဓားဖြင့် ပါးပါးလှီးပေးပါ)
  • ကြက်သွန်မြိတ် – ၂စည်း (၂လက်မခွဲအရွယ်များ ပိုင်းထားပါ)
  • ဆာကေး – ၁၀၀ ဂရမ်
  • ဆန်ဝိုင် – ၁၀၀ ဂရမ်
  • ပဲငံပြာရည်(အကြည်) – ၁၀၀ ဂရမ်
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း
  • နှမ်း – စားပွဲတင်ဇွန်း တ၀က်
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ခွက်တစ်ခုထဲတွင် ဆာကေး၊ ဆန်ဝိုင်၊ ပဲငံပြာရည် တို့ကို ရောထည့်လိုက်ပါ။
၂။ ထိုခွက်ထဲတွင် ကြက်သွန်မြိတ်ကို စိမ်ထားပေးပါ။
၃။ ပြီနောက် အမဲသားပြားထဲ ကြက်သွန်မြိတ်ထည့်ပြီ ပုံတွင် ပါသည့်အတိုင်း လက်ဖြင့် လိပ်ပေးပါ။
၎။ ထို့နည်းအတိုင်း ကျန်အမဲသားနှင့် ကြက်သွန်မြိတ်များကို လိပ်ပေးပါ။ အလိပ်မပြေစေရန် သွားကြာထိုးတံဖြင့် ထိုးပေးပါ။
၅။ ပြီလျှင် အမဲသားလိပ်ပေါ်မှ (ဆာကေး၊ ဆန်ဝိုင်၊ ပဲငံပြာရည်) ဆော့ရည်အားလုံးကို လောင်းချပေးပါ။
၆။ ပြီနောက် ရေခဲသေတ္တာ အောက်ထပ်တွင် အမဲသားလိပ်ကို ၂နာရီ-၃ နာရီခန့် နုပ်ထားပေးပါ။
ရ။ နုပ်ထားပြီလျှင် ဒယ်ထဲ ဆီထည့်ပြီ အမဲသားလိပ်များ အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။
၈။ ကြော်ပြီလျှင် သွားကြားထိုးတံကို ပြန်ဖယ်ပြီ ဓားဖြင့် ထက်ပိုင်းပိုင်းပေးပြီ အပေါ်မှ နှမ်းဖြူးပေးကာ သုံးဆောင်လို့ရပါပြီ…
——————————————————————————————-
22 comments
  1. Thinzar says:
    Do i need to remove the tooth stick when i fry those beefs rolled by tooth stick into the cooking oil??
  2. eiphyu says:
    အမ ကျေးဇူးပါနော် အမဲသားကိုကြော်စားတာနဲ့ချက်စားတာပဲသိတာ အခုလိုနည်းသစ်လေးရလို့ဝမ်းသာတယ် လုပ်စားမယ်နော် က်ြသွန်မြိတ်မကြိုက်ရင်ဘာထည့်လိပ်လို့ရလဲဟင်
  3. aye aye says:
    အမရေ ဆာကေး ၁၀၀ ဂရမ် ကို စားပွဲတင်ဇွန်းနဲ ချိန်လိုရမလား။
    ဘယ်နဇွန်း လောက်ရှိမလဲ သိချင်ပါတယ်။
    အမဲသားကို အရသာ အပေါ့ အငန် နယ်ဖို့မလိုတော့ဘူးလားသိချင်ပါတယ်
    • admin says:
      စားပွဲတင်ဇွန်း ၁ဇွန်း = ၁၅ဂရမ်နဲ့ ညီမျှပါတယ်။ ဒါကြောင့် ၁၀၀ ဂရမ်အတွက် ပြန်မျှ စားပွဲတင်ဇွန်း ၆ဇွန်းခွဲ ထည့်ရပါမယ်။ အမဲသားအပေါ့အငံအတွက် ပဲငံပြာရည် အကြည် (၁၀၀ ဂရမ်) ထည့်ထားပါတယ်..
  4. Innocence says:
    Where can I buy Sake, sis?
    • admin says:
      အင်းယားလမ်းက ဂျပန်၊ ကိုရီးယား ဟင်းချက်ပစ္စည်းတွေ ရောင်းတဲ့ဆိုင်မှာ ရတယ်။ City Mart မှာလည်း တခါတလေ ရတယ်.. 🙂
  5. Ngu says:
    Salmon ငါးကင်နည်းလေးသိပါရစေ။
  6. ထူးထူး says:
    ဆန်ဝိုင် အချို (Mirin) နဲ့ ဆန်ဝိုင် (ဆာကေး) ၂ မျိုးလုံးကို သုံးရမှာလား ?
  7. ထူးထူး says:
    • admin says:
      ဟုတ် ဒါကတော့ ဂျပန်စတိုင်ပေါ့နော်။ အမဲသားကတော့ မကျက်တကျက်စားတာ များတာကိုး။ ၀က်သားကတော့ အထဲက ကျက်အောင်ပါ ကြော်ဖို့ လိုပါလိမ့်မယ်
  8. Kyi Kyi says:
    ဆာကေးဆိုတာ ဘာလဲ။
  9. ဆာကေးဆိုတာဘယ်မှာဝယ်ရမလဲဟင်။သူ့အစားတခြားသုံးလို့ရလားဟင်
    • admin says:
      ဆာကေး အစား dry sherry ကို အစားထိုး အသုံးပြုလို့ရပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *