ကြက်သား၊ ဟင်းသီးဟင်းရွက် ဆာဆာ ဘာဂါ

ကြက်သား၊ ဟင်းသီးဟင်းရွက် ဆာဆာ ဘာဂါ

နွေရာသီ ကျောင်းပိတ်ရက်မှာ အစာပြေလုပ်စားဖို့အတွက် ဘာဂါ လုပ်နည်းသစ်လေးပါ။ ခရမ်းချဉ်သီး၊ သခွာသီး၊ ငရုတ်သီးပွစိမ်း တို့ဖြင့် ပြုလုပ်ထားတဲ့ ဆာဆာ နှင့် တွဲဖက်စားသုံးရတဲ့ ဘာဂါလေးပါ။ ဒါလေးက စပ်ရှိန်ရှိန်လေးနဲ့ စားလို့လည်း ကောင်းပါတယ်။ အသားပြားကတော့ မိမိကြိုက်နှစ်သက်သလို ကြက်သား၊ ၀က်သားဖြင့် ပြုလုပ်နိုင်ပါတယ်။ ခုပဲ တူတူလုပ်စားကြည့်ရအောင်…

ဟင်းသီးဟင်းရွက် ဆာဆာတွင် ပါဝင်ပစ္စည်းများ

  • ခရမ်းချဉ်သီး – ၁လုံး (အစေ့ထုတ်ပြီ အတုံးသေးများ တုံးပါ)
  • ငရုတ်သီးပွစိမ်း – ၁ခု (အစေ့ထုတ်ပြီ အတုံးသေးများ တုံးပေးပါ)
  • သခွာသီး – တစိတ် (အတုံးသေးများ တုံးပေးပါ)

  • ကြက်သွန်နီ – ၁လုံး (အတုံးသေးများ တုံးထားပါ)
  • သံပရာသီး – ၁လုံး

ဆာဆာ ပြုလုပ်နည်း

၁။ ဇောက်ခွက်တစ်ခုထဲတွင် ခရမ်းချဉ်သီး ၊ ငရုတ်သီးပွစိမ်း၊ သခွာသီး၊ ကြက်သွန်နီ တို့ကို သံပရာရည် ညှစ်ပြီ ရောနုယ်ထားလိုက်ပါ။

 

ဘာဂါတွင် ပါဝင်ပစ္စည်းများ

  • ဘာဂါ ပါမုန့် – ၂လုံး
  • ကြက်သား (သို့) ၀က်သား – ၄၀၀ဂရမ် (နှုတ်နှုတ်စဉ်းပါ)
  • Thyme – လက်ဖက်ရည်ဇွန်း တ၀က် (အနောက်တိုင်း ဟင်းခတ် အမွှေးအကြိုင်)
  • သစ်ဂျပိုးမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ဇာဒီပ္ဖိုလ်သီး – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ (ခြစ်တံဖြင့် ခြစ်ပေးပါ)
  • ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
  • ပင်စိမ်း (သို့) နံနံပင် – စားပွဲတင်ဇွန်း၂ဇွန်းစာ (နှုတ်နှုတ်စဉ်းပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ခနော ကြက်သားမှုန့် –  လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်
  • ဆလက်ရွက် – ၁စည်း (ရေစင်အောင် ဆေးထားပါ)
  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း

ဘာဂါလုပ်နည်း

၁။ ဇလုံတစ်ခုထဲတွင် (ကြက်သား၊ thyme၊ သစ်ဂျပိုး၊ ဇာဒီပ္ဖိုလ်သီး၊ ငရုတ်သီးမှုန့်၊ သကြား၊ ပင်စိမ်း၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်) တို့ကို သမအောင် ရောနုယ်လိုက်ပါ။

၂။ ထို့နောက် ကြက်သားများကို ၂လက်မအရွယ် အ၀ိုင်းပြားများ လုပ်ပေးပါ။

၃။ ဒယ်ထဲ ဆီထည့်ပြီ ကြက်သားဝိုင်းများ အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။

၎။ ကြက်သားပြားရပြီဆိုလျှင် ဘာဂါလုပ်ပါမည်။

၅။ ဘာဂါ ပါမုန့်တစ်လုံးကို ဓားဖြင့် ထက်ခြမ်းခြမ်းလိုက်ပါ။

၆။ ထို့နောက် ပါမုန့်ပေါ်သို့ ကြက်သားပြား၊ ဆလတ်ရွက်၊ ဟင်းသီးဟင်းရွက် ဆာဆာတို့ကို အစဉ်အတိုင်း တင်လိုက်ပါ။

ရ။ အရသာရှိသော ဘာဂါကို သုံးဆောင်လို့ရပါပြီ…

———————————————————————————————————————

10 comments

  1. kithookada says:

    ကြည့်ရင်းနဲ့..အရမ်းစားချင်သွားပီ။
    လုပ်ရမှာတော့ပျင်းနေတယ်…ဟီး~~~~
    စီးတီးမတ်ပြေးပြီးပဲ..ခဏစိတ်ဖြေပါရစေတော့…မ’၀တ်ရည်ရေ့။ ။

  2. tunnyinyihlaing says:

    ဘာကာဆို ကြိုက်ပြီးသား 🙂

    • admin says:

      လုပ်စားကြည့်ပါနော်.. စားလို့ အရမ်းကောင်းပါတယ်

  3. Kaung Myat Moe says:

    မ၀တ်ရည် ဆာဆာဘာဂါက ဘာအစားအစာလဲ။

    • admin says:

      vegetable salsa လို့ ခေါ်တဲ့ ဟင်းသီးဟင်းရွက် အတုံးလေးတွေ တုံးပြီ သံရာရည်နဲ့ ဟင်းရွက်ဆာဆာလုပ်ပြီမှ ဘာဂါနဲ့ တွဲစားတာကို ပြောတာပါ

  4. Kaung Myat Moe says:

    မ၀တ်ရည် သင်္ကြန်မှာ ဘာအစားအစာတွေလုပ်စားရင် ကောင်းမလဲ။ အလှူလုပ်ရင်ရော ဘာတွေလုပ်ကျွေးရင် ကောင်းမလဲ။

    • admin says:

      ဆော်ရီး သင်္ကြန်ပြီမှ စာပြန်ရလို့ပါ။ သင်္ကြန်မှာ လုပ်စားနိုင်ဖို့ မုန့်လုပ်နည်း ၁၅မျိုး တင်ပေးထားပါတယ်.. http://www.wutyeefoodhouse.com/?p=5300

  5. Ko Phyo says:

    ကြက်သားကို နုတ်နုတ်ဆင်းရမှာလား

Leave a Reply

Your email address will not be published. Required fields are marked *