ကြက်စတူး နှင့် သီးရွက်စုံ
ကြက်စတူး နှင့် သီးရွက်စုံ
တရုတ်စတိုင် ကြက်စတူး နှင့် သီးရွက်စုံ ဟင်းလျာပါ။ ကြက်သားကို မုန်လာဥနီသေး၊ မှိုတို့ဖြင့် ရောပြီ စတူး ချက်ထားတာပါ။ ကြက်သားကလည်း နူညံ့ပြီ မုန်လာဥနီ၊ မှို၊ မုန်လာဥဖြူရဲ့ အရသာကလည်း ချိုစိမ့် အထူး ကောင်းမွန်ပါတယ်။ ထမင်းတကယ်မြိန်မယ့် ဟင်းတခွက်မို့ ခုပဲ ချက်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
  • ကြက်ပေါင် – ၄ခု (ထက်ခြမ်းပိုင်းထားပါ)
  • မှိုပွင့်ခြောက် – ၆ခု (ရေနွေးဖြင့် ၃မိနစ်ခန့် ပြုတ်ပြီ ပါးပါးလှီးပါ)
  • မုန်လာဥနီ – ဥကြီး ၁ဥ (အခွံနွှာပြီ အတုံးရှည်လေးများ တုံးပါ) (သို့) မုန်လာဥနီ – ဥသေး ၁၀ခု (အခွံနွှာပါ)
  • Red Radish (မုန်လာနီ) (သို့) White Radish (မုန်လာဥဖြူ) – ၁ခု (အခွံနွှာပြီ အ၀ိုင်းထူးထူးလှီးပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စင်းပါ)
  • ကြက်သွန်နီ – ၁လုံး (၄စိပ်စိပ်ပါ)
  • ရေ – ၂ခွက် (Measurement ချိန်ခွက် ၂ခွက်)
ကြက်သားကို နုပ်ထားရန် ပါဝင်ပစ္စည်းများ
  • ပဲငံပြာရည် (အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
  • ပဲငံပြာရည် (အနောက်) – စားပွဲတင်ဇွန်း ၁ဇွန်း
  • သကြား – လက်ဖက်ရည်ဇွန်း တ၀က်
  • ခရုဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆန်ဝိုင် – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့်(အဖြူ) – အနည်းငယ်
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ကြက်ပေါင်များကို နုပ်ထားရန် ပါဝင်ပစ္စည်းများဖြစ်သော (ပဲငံပြာရည်(အကြည်)၊ ပဲငံပြာရည်(အနောက်)၊ သကြား၊ ခရုဆီ၊ ဆန်ဝိုင်၊ ဆား၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်) တို့ဖြင့် သမအောင် ရောနုယ်ပေးပြီ နာရီဝက်ခန့် နုပ်ထားပေးပါ။
၂။ ပြီလျှင် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၄ဇွန်း) ထည့်ပြီ ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ဆီပူထိုးပေးပါ။
၃။ ပြီလျှင် နုပ်ထားသော ကြက်သားကို ထည့်ပြီ ကြက်သား အညှိရောင် အနည်းငယ် သန်းသည်အထိ ၂မိနစ်ခန့် ရောမွှေပေးပါ။
၎။ ပြီနောက် မှို၊ မုန်လာဥနီ၊ မုန်လာဥဖြူ တို့ကို ထည့်ပြီ ရောမွှေလိုက်ပါ။
၅။ ပြီမှ ရေ(၂ခွက်)ကို ထည့်ကာ ဆီပြန်သည်အထိ အဖုံးအုပ်ပြီ တည်ထားပေးပါ။
၆။ ဆီပြန်လျှင် မီးပိတ်ပြီ ကြက်စတူးနှင့် သီးရွက်စုံကို အရသာ ရှိစွာ သုံးဆောင်လို့ရပါပြီ…
21 comments
  1. သဲသဲ says:
    Nice!
    I’ll try to cook it.
  2. khin thandar says:
    sis ..Can share recipe for Mutton/Goat Kebab like indian style ?
    Wanna Eat 🙂
    Thanks
  3. nangmaylay says:
    thank u.
  4. Ku Ku says:
    My father likes it. I will do it for him.
  5. nono says:
  6. Htike says:
    အနီလုံးလေးတွေက ဘာလေးတွေလဲဟင် …..
    • admin says:
      မုန်လာနီလေးတွေပါ။ ဈေးမှာ တွေ့လို့ ချက်ထားတာ။ မုန်လာဥဖြူနဲ့လည်း ချက်လို့ရပါတယ်
  7. zawmintun says:
    ချက်ကြည့်မယ်နော်
  8. oaktra says:
    ဆန်ဝိုင် ကို ဘယ်မှာ ဝယ် ရင် ရ နိုင် မလဲ?
  9. Andrea says:
    နိုင်​ငံခြားမှာ ဝယ်ချက်​ရမှာမို့ပါ….
Leave a Reply
Your email address will not be published. Required fields are marked *