ကညွတ်၊ ဟမ်ကြော် (Ham and Asparagus Roll)

ကညွတ်၊ ဟမ်ကြော် (Ham and Asparagus Roll)

ဟမ်ပြားထဲကို ကညွှတ်၊ မုန်လာဥနီ ထည့်လိပ်ပြီ ခရုဆီနဲ့ ကြော်ထားတာပါ။ ဒါ့အပြင် ဟမ်ပြားထဲ ကညွှတ်လိပ်ပြီ ကင်တဲ့ နည်းလည်း ရှိပါတယ်။ လုပ်ရလည်း လွယ်ပြီ စားလို့ ကောင်းတာမို့ ခုပဲ တူတူလုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ဟမ် – ၄ပြား (Sliced Ham)
  • ကညွှတ် – စည်းဝက်(၂၀၀ ဂရမ်) (ရင့်တဲ့အပိုင်းကို ဖယ်ပြီ ၂လက်မအရွယ် ပိုင်းဖြတ်ပါ)
  • မုန်လာဥနီ – ၁ခု (၂လက်မရွယ် အရှည် လှီးထားပြီ ရေနွေးဖြင့် ၁မိနစ်ပြုတ်ပြီ ပြန်ဆယ်ထားပါ)
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း

  • ကြက်သွန်မြိတ် – ၁စည်း (ချည်ရန်)

ဆော့ရည်တွင် ပါဝင်ပစ္စည်းများ

  • ပဲငံပြာရည် – စားပွဲတင်ဇွန်း၂ဇွန်း
  • ခရုဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
  • သကြား – စားပွဲတင်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်

ဆော့ရည် လုပ်နည်း

၁။ ခွက်တစ်ခုထဲ (ခရုဆီ၊ ပဲငံပြာရည်၊ သကြား၊ ငရုတ်ကောင်းမှုန့်) တို့ကို ခွက်တစ်ခုထဲတွင် ရောမွှေထားပါ။

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဒယ်အိုးထဲ ရေထည့်ပြီ ရေပွက်ပွက်ဆူလာလျှင် ကညွှတ်၊ ဆား(လက်ဖက်ရည်ဇွန်း တ၀က်) ထည့်ပြီ ၃မိနစ်ခန့် တည်ထားပါ။

၂။ ပြီလျှင် ကညွှတ်များကို ပြန်ဆယ်ပြီ ရေအေးပြန်စိမ်ထားပါ။

၃။ ထို့နောက် ဟမ်ပြားထဲကို ကညွှတ်၊ မုန်လာဥနီများ ထည့်လိပ်ပေးပြီ ကြက်သွန်မြိတ်ဖြင့် ချည်ပေးပါ။ ထို့နည်းအတိုင်း ကျန်ဟမ်ပြားများကို လိပ်ပေးပါ။

၎။ ပြီလျှင် ဒယ် ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီ ကညွှတ်ထည့်ထားသော ဟမ်လိပ်များကို ၁မိနစ်ခန့် ကြော်ပေးပါ။

၅။ ပြီနောက် အပေါ်မှ ဆော့ရည်များ လောင်းချပြီ မီးပိတ်လိုက်ပါ။

၆။ အရသာရှိသော ကညွတ်၊ ဟမ်ကြော် (Ham and Asparagus Roll)ကို သုံးဆောင်လို့ရပါပြီ…

12 comments

  1. Hmone gyi says:

    a htoo a san lay par lar… good and will surely try…look so delicious

    • admin says:

      ကိုယ်လုပ်ကြည့်ပါ့လား။ အရမ်းကောင်းတာ.. 🙂

  2. မ၀တ်ရည် ရေ..food magazine စထုတ်ကတည်းက အစ်မရေးတာလေးတွေ စိတ်ဝင်တစား ဖတ်ဖြစ်ပါတယ် လုပ်ပုံလုပ်နည်းလေးတွေ မှန်လဲမှန် စနစ်လဲကျ စေတနာနဲ့ရေးထားတာဖြစ်လို့ အမြဲအားပေးနေတယ်နော် ။ ဟင်းလက်ရာ ၁၀၁ မျိုး စာအုပ်လဲ ၀ယ်ပြီးပြီ။ ရှေ့ဆက်ပြီး အသစ်အဆန်းလေးတွေ တင်ပေးပါဦးနော်။

    • admin says:

      ခုလို အားပေးလို့ ၀တ်ရည်က အထူးကျေးဇူးတင်လျှက်ပါ။ ဟုတ်ကဲ့၊ ကြိုးစားပြီ ဟင်းသစ်ဆန်းလေးတွေ တင်ပေးပါ့မယ်.. 🙂

  3. wah lay lay says:

    စားချင်စရာလေး လုပ်စားကြည့်ဦးမယ် 🙂

    • admin says:

      လုပ်စားကြည့်ပါ။ လုပ်ရလည်း လွယ်ပြီ စားလို့ အရမ်းကောင်ါးပတယ်..

  4. Myaing says:

    တို့လည်း အားပေးပါတယ်နော်

  5. May Thet says:

    ဟင်းချက်နည်းစနစ်ကျတင်ပေးတဲ့အတွက်ကျေးဇူးပါအစ်မ

  6. Ni Ni says:

    အရမ်းကောင်းမယ့်ပုံဘဲ

Leave a Reply

Your email address will not be published. Required fields are marked *