နှစ်တစ်ရာပဲ နဲ့ Shimeji ဂျပန်မှိုကြော်

နှစ်တစ်ရာပဲ နဲ့ Shimeji ဂျပန်မှိုကြော်

နှစ်တစ်ရာပဲ နဲ့ Shimeji ဂျပန်မှိုနဲ့ ရောကြော်ထားပါ။ သံပရာအနံ့လေးနဲ့ သင်းပြီ အရမ်းစားလို့ကောင်းပါတယ်။ ခုပဲ လုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • နှစ်တစ်ရာပဲ (Ginkgo Nut) – ၁၀ကျပ်သား(သံဈေးတွင် ၀ယ်ယူနိုင်သည်)
  • Shimeji မှို – ၁ ထုပ် (CityMart တွင် ဂျပန်မှိုဝယ်ယူနိုင်သည်)
  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း

  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ခနော ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • သံပရာသီး – ၂ပြား (ပါးပါးလှီးပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (ပါးပါးလှီးပါ)

ပြင်ဆင်နည်း

၁။ အရင်ဆုံး နှစ်တရာပဲကို ငရုတ်ဂျပွေ့ဖြင့် အသာလေး ထုပြီ အထဲမှ နှစ်တစ်ရာစေ့များကို ထုတ်ပေးပါ။

၂။ အခွံများကိုပါ ဖယ်လိုက်ပါ။ ပြီနောက် Shimeji မှိုကို ရေဖြင့် သန့်စင်ပေးထားပါ။

ချက်ပြုတ်နည်း

၁။ ဒယ်ထဲ သံလွင်ဆီထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ ဆီသပ်ပေးပါ။

၂။ ပြီနောက် နှစ်တစ်ရာပဲ၊ shimeji မှို၊ ဆား၊ ကြက်သားမှုန့် တို့ကို ထည့်ပြီ ၂မိနစ်ခန့် ရောမွှေပေးပါ။

၃။ ပြီလျှင် မီးပိတ်လိုက်ပြီ Aluminum Foil သတ္တုပြားထဲသို့ မှိုနှင့်နှစ်တရာပဲကြော်ကို တ၀က်စီခွဲထည့်ပြီ အပေါ်မှ သံပရာသီးပြား တင်လိုက်ပါ။

၎။ ပြီနောက် Aluminum Foilဖြင့် ပြန်အုပ်ပါ။ ပြီမှ Oven အပေါ်မီး၊ အောက်မီး ၁၈၀ဒီဂရီဖြင့် ၁၀မိနစ်ခန့် ဖုတ်ပေးပါ။

၅။ သံပရာ ရနံ့သင်းတဲ့ နှစ်တစ်ရာပဲ၊ မှိုကြော်ကို စိတ်ကြိုက်သုံးဆောင်လို့ရပါပြီ…

——————————————————————————————————–

6 comments

  1. Zin Htoo Wai says:

    I like that !

  2. Myaing says:

    watashi mo suki de

  3. Htet says:

    နှစ်တစ်ရာပဲကို အင်္ဂလိပ်လို ဘယ်လိုခေါ်လဲ သိချင်ပါတယ်

  4. Sandy says:

    နှစ်တစ်ရာပဲနဲ့ပြည်ကြီးငါးရောကြော်နည်းလေးသိချင်လို့ပါရှင့်။ပြန်ဖြေပေးပါနော်

Leave a Reply

Your email address will not be published. Required fields are marked *