ရွှေတောင်ခေါက်ဆွဲ
ရွှေတောင်ခေါက်ဆွဲ (၅ယောက်စာ)
မနက်စာ၊ အစာပြေ လုပ်စားနိုင်ဖို့ ရွှေတောင်ခေါက်ဆွဲ လုပ်နည်းပါ။ လုပ်ရလွယ်ပြီ အိမ်မှာ အလွယ်တကူ လုပ်စားနိုင်တာမို့ ခုပဲ တူတူချက်ကြည့်ရအောင်…
ရွှေတောင်ခေါက်ဆွဲ ပြင်ဆင်ရန် ပါဝင်ပစ္စည်းများ
  • ဂျုံခေါက်ဆွဲ – ၂၅ကျပ်သား
  • ကြက်သွန်နီ – ၄လုံး (ပါးပါးလှီးပါ)
  • နံနံပင် – ၁စည်း (ပါးပါးလှီးပါ)
  • သံပရာသီး – ၄လုံး (၄စိပ်စိပ်ပါ)
  • အုန်းသီး – ၁လုံး (ခြစ်တံဖြင့်ခြစ်ပြီ အရည်ညှစ်ပေးပါ) (အုန်းဆီနှစ် ချက်ရန်)
  • ပဲအကျက်မှုန့် – ၄၀ ဂရမ်
  • ငရုတ်သီးအကြမ်းမှုန့်ကြော် – စားပွဲတင်ဇွန်း ၃ဇွန်း
ကြက်သားဟင်း ချက်ရန် ပါဝင်ပစ္စည်းများ
  • ကြက်ရင်ဗုံသား – ၂ခု (၂၅၀ ဂရမ်) (အတုံးသေးများ တုံးပါ)
  • ကြက်သွန်နီ – ၄လုံး (ဥသေး(သို့) ဥကြီးထက်ခြမ်းခြမ်းပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စင်းပါ)
  • ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
ပြင်ဆင်နည်း
၁။ အရင်ဆုံး ရွှေတောင်ခေါက်ဆွဲနှင့် တွဲဖက် စားသုံးရန် ဂျုံခေါက်ဆွဲမုန့်ကြွပ် ကြော်ပါမည်။
၂။ ဒယ်ထဲ ဆီများများထည့်ပြီ ဆီတော်တော်ပူလာမှ ဂျုံခေါက်ဆွဲဖတ် လက်တဆုပ်စာကို ၂ခါခွဲပြီ အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။
၃။ ပြီလျှင် ပန်းကန်ထဲ ပြန်ဆယ်ထားပေးပါ။
၎။ ပြီနောက် အုန်းဆီနှစ်ချက် လုပ်ရန် အုန်းသီးညှစ်ရည်များကို ဒယ်ထဲတွင် မီးအသင့်အတင့်ဖြင့် ဆီပြန်သည် အထိ တည်ထားပေးပါ။
၅။ ဆီပြန်လျှင် မီးပိတ်လိုက်ပြီ ပန်းကန်ထဲပြောင်းထည့်ထားပါ။
ချက်နည်း
၁။ အရင်ဆုံး ကြက်သားဟင်းချက်ရန် ဒယ်ထဲ ဆီထည့်ပြီ ဆူပူလာလျှင် ကြက်သွန်ဖြူ ဆီသပ်ပေးပါ။
၂။ ပြီလျှင် ငရုတ်သီးမှုန့်ထည့်၊ ကြက်သားထည့်ပြီ ၁မိနစ်ခန့် ရောမွှေပါ။
၃။ ထို့နောက် ရေ(၃ခွက်)၊ ဆား၊ ကြက်သားမှုန့်၊ ကြက်သွန်နီထည့်ပြီ ၂မိနစ်ခန့် တည်ထားပါ။
၎။ ရေ (၂ခွက်)စာ ကျန်လျှင် အရသာမြည်းပြီ မီးပိတ်လိုက်ပါ။ ကြက်သားဟင်းရည် ရပါပြီ…
၅။ ရွှေတောင်ခေါက်ဆွဲ ပြင်ဆင်ရန် ဇောက်ပန်းကန်ပြားတစ်ခုထဲ ခေါက်ဆွဲ၊ ကြက်သွန်နီ၊ အုန်းဆီချက်၊ ပဲမှုန့်၊ သံပရာသီး၊ ငရုတ်သီးမှုန့်၊ မုန့်ကြွပ် တို့ကို ထည့်ပြီ ပြင်ပေးပါ။
၆။ ထို့နောက် အပေါ်မှ ကြက်သားဟင်းရည်(ယောက်ချို ၂ဇွန်း) လောင်းချလိုက်ပါ။
ရ။ အရသာရှိသော ရွှေတောင်ခေါက်ဆွဲကို သုံးဆောင်လို့ရပါပြီ…
မှတ်ချက်။ ။ ရွှေတောင်ခေါက်ဆွဲနှင့် တွဲဖက်သုံးဆောင်ရန် ကြက်ပြုတ်ရည်အတွက် ကြက်ရိုးများကို ပြုတ်ပြီ ကြက်သွန်ဖြူ၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်မြိတ်များ ဖြူး ပေးပါ။
39 comments
  1. Tin Ohn Myat says:
    Good work! တခြား site တွေထက် ရွှေတောင်ခေါက်ဆွဲ အစစ်နဲ့ တော်တော်လေး တူပါတယ်။ ငရုတ်သီးမှုန့်မသုံးပါဘူး။ ငရတ်သီးဆီချက်ပဲ သုံးပါတယ်။
    အုန်းနို့နဲ့ မတည့်သူများ ဟင်းထဲကို ငါးငံပြာရည် ကောင်းကောင်း ထည့်ပြီး ကြက်သွန်နီ ထည့်ချက်ပြီးတာနဲ့တင် တော်တော်လေး မွှေးပြီး အရသာရှိပါတယ်။ ပဲမှုန့်ကောင်းဖို့လဲ လိုပါတယ်။ ရွှေတောင်ပဲမှုန့်စစ်စစ်မရရင်လဲ ယုဇနပဲမှုန့် ဆိုရင်လဲ ရပါတယ်။ မုန့်ကျွတ်စစ်ဖို့လဲ အရေးကြီးပါတယ်။
  2. ko hla mg says:
    ကျေးဇူးပဲ ၀တ်ရည်ရေ။ အဲဒါလုပ်စားချင်တာကြာပီ၊ ဘယ်လိုလုပ်ရမလဲမသိလို့။ အမြဲတမ်းဆို အုန်းနို့ခေါက်ဆွဲ ပဲလုပ်စားနေကျဆိုတော့။
    • admin says:
      ဟုတ်ကဲ့ လုပ်စားကြည့်ပါနော်။ အရမ်းစားကောင်းတယ်…
  3. Hmone gyi says:
    sar chin lar pe… thank yee yee lay
    • admin says:
      ကိုယ်ရန်ကုန် ပြန်လာရင် လုပ်ကျွေးမယ်
  4. ma nu says:
    like
  5. nate says:
    ကျေးဇူးတင်ပါတယ် ချက်စားကြည့်မယ်နော်
  6. winmar says:
    အားပေး သွား ပါ တယ်။ နောက် မှ ဘဲ ချက် စား ကြည့် ပါ အုံး မယ်။
  7. May Myat Wah says:
    အစ်မ ၀တ်ရည်ရေ… ဒီ Website လေးက ကျွန်မတို့လို ရေးခြားမြေခြားရောက်နေသူတွေအတွက် အရမ်းအထောက်အကူ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာပြည်မှာ အိမ်ကချက်ကျွေးတာ အဆင်သင့်စားခဲ့ပြီး နိုင်ငံခြားရောက်မှ ဘယ်လိုချက်ရမှန်းမသိတဲ့ ကျွန်မတို့လို လူတွေအတွက် ကယ်တင်ရှင်ပါပဲ။ ရွှေတောင်ခေါက်ဆွဲကလည်း ကျွန်မ favorite ပါ။ ဒါပေမယ့် ဒီမှာက အုန်းသီးကိုလွယ်လွယ်ကူကူ ခြစ်ပြီး ညှစ်တာတွေလုပ်လို့မရလို့ အစ်မ။ ဆိုင်မှာ လွယ်လွယ်ကူကူ ၀ယ်လို့ရတဲ့ coconut milk readymade ဗူးလေးတွေနဲ့ လုပ်လို့ ရ၊ မရသိချင်ပါတယ် အစ်မ။ ကျေးဇူးပါ။ 
  8. Aye Thandar says:
    ကျေးဇူးတင်ပါတယ် ၀တ်ရည်…..
    မန်းလေးမှာ စာအုပ်ရှာဝယ်လို့ရသေးဘူး…connection ကကောင်းကောင်းနဲ့တော့တွေ့နေပီ…ဒါပေမယ့် ကျွန်တော် ၀တ်ရည်ရဲ့ website ထဲကိုစိတ်ရှည်ရှည်နဲ့ အချိန်ပေးပြီးဝင်ကြည့်နေတတ်ပါပြီ…:)
    • admin says:
      အချိန်ပေးပြီ ၀င်ကြည့်ပေးလို့ ကျေးဇူးတင်ပါတယ်.. 🙂
  9. သံစဉ် says:
    ကျေးဇူးပဲ မဝတ် ရည် ဘလော့လေး က ညီမအတွက်တော့
    အရမ်းအသုံးဝင် ပါတယ်
  10. nini says:
    ရွှေတောင်ခေါက်ဆွဲအစစ်ပါဘဲ
    ညီမချက်နည်းတွေထဲကအတိုင်းလုပ်စားတာအရမ်းကောင်း
    ပါတယ်
    အားပေးနေမယ်နော်
  11.ု့khine ko ko says:
    ကျေးဇူးပါမ၀တ်ရည် လိုက်ချက်ကြည့်ပြီး အဆင်ပြေရင် အိမ်မှာ အလှူလုပ် ရင် ကျွေးမလို့
  12. April Cho says:
    ဝတ်ရည် …..
    April က Food magazine ဖတ်ရင်းနဲ့ ဝတ်ရည် ကို သိတာ ကြာပါပြီ။
    ဝတ်ရည်ရဲ့ ဟင်းချက်နည်း တွေကို သဘော ကျ လို့ အမြဲ ဖတ်ရှု လေ့လာ နေသူပါ။
    အခု လည်း ရွှေတောင် ခေါက်ဆွဲ ချက်နည်း လေးသိရလို့ အထူး ကျေးဇူး တင် ဝမ်း သာမိပါတယ်။
    April Cho
    • admin says:
  13. April Cho says:
    Thank you so much ပါ ဝတ်ရည်ရယ်…
    April က အခု Facebook က ချက်မယ် ပြုတ်မယ် စားမယ်
    သောက်မယ် ဆိုတဲ့ Group ထဲ member ဝင်ပြီး တတ်သလောက် လေးတွေ post
    ဝင်ရေးပါတယ် ။
    ဝတ်ရည်ရဲ့ webside ကို တောင် group member တွေ သိပြီးလေ့လာ နိုင်အောင် ညွှန်လိုက်
    သေးတယ်။
    အချက်အပြုတ် ဝါသနာ ပါသူများ အဖွဲ့ လေးပေါ့
    ဝတ်ရည် ရဲ့ ချက်နည်းလေးတွေ ကို ဆက်ပြီးအားပေးနေမယ့်
    တောင်ပေါ် မြေမှ
    April Cho
  14. Daw Nu Yin says:
    ရွှေတောင်ခေါက်ဆွဲ စားချင်နေတာ ချက်နည်း နင်ပေးလို့ကျေးဇူးပါ။
  15. swe swe myint says:
    when i made shwe taung noodle it is very delicious
  16. Nandar says:
    မ၀တ်ရည်ရေ ကျေးဇူးပါ… ဒီတစ်ခါ ရွှေတောင်ခေါက်ဆွဲ ဒုတိယအကြိမ်လုပ်စားဖြစ်ခြင်းပါ..အဝေးရောက်နေသူတွေအတွက်အရမ်းကိုအဆင်ပြေပါတယ်…ဟိုတစ်နေ့ကတော့ တစ်ခါမှမလုပ်စားဖူးတဲ့ ပဲပြုတ်နည်းလေး တစ်ခါတည်းနဲ့အောင်မြင်သွားလို့ အိပြီးစားလို့ကောင်းပါတယ်..ကျေးဇူးအများကြီးတင်ပါတယ်..မ၀တ်ရည် ဒီထက်အောင်မြင်ပါစေ။
  17. thandamarlar says:
ွှအမြဲတမ်းအားပေးနေမယ်နော်
  18. moe sandar says:
    ကျေးဇူးအထူးတင်ပါတယ် အမကဟင်းသိပ်မချက်တတ်တော့ ချက်နည်းလေးတွေကြည့်ပြီးချက်ရပါတယ်။
  19. Sandar says:
    ဝတ်ရည်ရေ ရေ ၃ခွက်ကဘယ်လိုခွက်နဲ့ချင်ထည့်ရမလဲ
  20. Martha says:
    Thank you for the recipes. It is so authentic and so delicious I love it
    Wutyee
Leave a Reply
Your email address will not be published. Required fields are marked *