တို့ဟူး ပုဇွန်ကြော်

တို့ဟူး ပုဇွန်ကြော်

အစာပြေလုပ်စားနိုင်ဖို့ ဂျပန် တို့ဟူးကြော်ပါ။ ခုပဲ တူတူလုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ဂျပန်တို့ဟူး(အဖြူ) – ၃၀၀ ဂရမ်
  • ပုဇွန် – ၁၂၀ ဂရမ် (နှုတ်နှုတ်စင်းပါ)
  • ကြက်ဥ – ၂လုံး (ခလောက်ထားပေးပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ကော်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း ၁ဇွန်း (ပါးပါးလှီးပါ)
  • မုန်လာဥနီ – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စင်းပါ)
  • ငရုတ်သီးနီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း (ပါးပါးလှီးပါ)
  • ကော်မှုန့်- ကပ်ရန်

ချက်ပြုတ်နည်း

၁။ အရင်ဆုံး တို့ဟူးကို အ၀တ်သန့်တစ်ခုဖြင့် အုပ်ပြီ အပေါ်မှ လေးလံသော ပစ္စည်းတစ်ခုခု တင်ကာ မိနစ် ၂၀ခန့် ရေစစ်ထားပေးပါ။

၂။ ပြီလျှင် ရေစစ်ထားသော တို့ဟူးကို ခရင်းဖြင့် ခြေလိုက်ပါ။

၃။ ပြီမှ ဇလုံထဲ (တို့ဟူး၊ ပုဇွန်၊ ကြက်ဥ၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်မြိတ်၊ မုန်လာဥနီ၊ ငရုတ်သီးနီ) တို့ကို ထည့်ပြီ သမအောင် ရောမွှေပြီ ၁၀မိနစ်ခန့် ဘေးဖယ်ထားပါ။

၃။ ထို့နောက် နုယ်ထားသော တို့ဟူးကို ဓားကို အသုံးပြုပြီ လေးထောင့်ပုံ ပြုလုပ်လိုက်ပါ။

၎။ ပြီလျှင် ပေါင်းအိုးထဲ ထည့်ပြီ ၁၀မိနစ်ခန့် ပေါင်းပေးပါ။

၅။ တို့ဟူးကို ပေါင်းပြီလျှင် ခေတ္တမျှ အအေးခံပြီ ၂လက်မအရွယ် အရှည် အတုံးလေးများ တုံးပေးပြီ တို့ဟူးကို ကော်မှုန့်များ ကပ်ပေးပါ။

၆။ ပြီနောက် ဒယ်ထဲ ဆီများများထည့်ပြီ တို့ဟူးများ အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။

ရ။ ဂျပန်စတိုင် တို့ဟူးကြော်ကို ပဲငံပြာရည် ဆော့ရည်ဖြင့် တွဲဖက်သုံးဆောင်လို့ရပါပြီ…

31 comments

  1. Hmone gyi says:

    a mike sar lay bae… heathy lae pyit mae pone bae…wanna eat

  2. dream says:

    Thanks for your web.

  3. nay chi says:

    အရမ်းကြိုက်ပါသည်။ တင်သမျှ စားစရာများ အမြဲလက်တည့်စမ်းပီးချက်စားပါသည်။ အစဉ်အမြဲ အားပေးနေပါသည်

    • admin says:

      အားပေးလို့ ၀တ်ရည်ကလည်း ကျေးဇူးပါနော်…

  4. thet su han says:

    sis if can i want to know icecream ..receipe…thank

  5. nate says:

    စားလို့ကောင်းမယ့်ပုံပဲ ချက်သားကြည့်မယ်နော်

  6. A Mon says:

    မိုက်တယ်… လုပ်စားကြည့်လိုက်အုံးမယ်နော် ၀တ်ရည် .. အသစ်အဆန်းလေးတွေ တင်ပေးလို့ ကျေးဇူးပါ ။

  7. Eima says:

    ချက်စားကြည့်မယ်နော် ပုံမြင်ရတာနဲ့ ကိုစားချင်လာတယ်

  8. khine Mar Han says:

    i like all ur cooking. i have already bought ur cooking book.

  9. Thitlwin says:

    အစ်မ၀တ်ရည်မီးဖိုချောင်ရဲ့ facebook မှာ ပါချက်နည်းတွေတင်ပေးလို့ရပါလား အစ်မ ကျေးဇူးတင်ပါတယ်နော်

    • admin says:

      ဖေ့ဘုတ်ပေါ်မှာ ချက်နည်းတွေပါ တင်ရင် ပုံနဲ့အဆင့်ဆင့် ဖော်ပြလို့ မရလို့ပါ.. ကျေးဇူးပါနော်

  10. zar zar says:

    ဂျပန် တို့ဟူး ဆိုတာကို သေချာ မသိဘူးဖြစ်နေတယ်. ဓါတ်ပုံရှိရင် တင်ပေးပါ့လား။ အဲဒီနည်းလေး အတိုင်း
    လုပ်စားချင်လို့ပါနော်.ကျေးဇူးတင်ပါတယ်နော်.

  11. N&N says:

    Cold tofu လုပ်နည်းလေး သိချင်လို့ပါ အစ်မ 🙂
    Thanks…….

  12. Sarah says:

    ဂျပန် တို့ဟူး နဲ့ ပဲပြားနဲ့ တူလားဟင် …

    • admin says:

      ပဲပြားထက် ပိုပြီ နူညံ့တယ်။ ပုံက ပဲပြားလိုပဲ အဖြူတုံးပဲ။ City Mart မှာ ၀ယ်လို့ရပါတယ်…

  13. Nyo says:

    I tried it yesterday . Very nice! Thanks a lot.

  14. seng says:

    Thank u Sis..
    လုပ်ရလွယ်ပြီး…စားကောင်းမဲ့ပုံပဲ… လုပ်စားကြည့်အုံးမှ။

Leave a Reply

Your email address will not be published. Required fields are marked *