ဆမ်ဝေ့ Roll

ဆမ်ဝေ့ Roll (၅ခုစာ)

အစာပြေ လုပ်စားနိုင်ဖို့ ဆမ်ဝေ့ roll လေးပါ။ ဆမ်ဝေ့ထဲမှာ ဟင်းနုနွယ် ချပ်တနီ၊ မုန်လာဥနီ၊ ချိစ် ထည့်လိပ်ထားမို့ အရသာက ဂွတ်ရှယ်ပါပဲ။ ကလေးတွေလည်း ကြိုက်နှစ်သက်မယ့် အစာပြေ တစ်ခုပါ။ လွယ်တာမို့ ခုပဲ တူတူလုပ်ကြည့်ရအောင်…

ဟင်းနုနွယ် ချပ်တနီတွင် ပါဝင်ပစ္စည်းများ

  • ဟင်းနုနွယ် – ၁ခွက်စာ (ရေနွေးဖျော်ပေးပြီမှ နှုတ်နှုတ်ဆင်းပါ)
  • ဇီယာ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကြက်သွန်ဖြူ – ၁မွှာ (နှုတ်နှုတ်ဆင်းပါ)
  • သံပရာရည် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

  • ဆား – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ငရုတ်သီး – ၁တောင့် (ပါးပါးလှီးပါ)
  • သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • မရိုနိစ် – စားပွဲတင်ဇွန်း ၄ဇွန်း

ဆမ်ဝေ့တွင် ပါဝင်ပစ္စည်းများ

  • ဆမ်ဝေ့ ပါမုန့် – ၅ချပ်(ပါမုန့် ဘေးသားများကို လှီးပေးပါ)
  • ချိစ် – ၅ချပ်
  • မုန်လာဥနီကြီး – ၁ဥ (အခွံနွှာပြီ ခြစ်တံဖြင့် ခြစ်ပေးပါ)

ပြုလုပ်နည်း

၁။ အရင်ဆုံး ဟင်းနုနွယ် ချပ်တနီကို အရင်ပြုလုပ်ရန် ပါဝင်ပစ္စည်းများဖြစ်သော (ဟင်းနုနွယ်၊ ကြက်သွန်ဖြူ၊ ဇီယာ၊ ငရုတ်သီး၊ ရေ(စားပွဲတင်ဇွန်း ၂ဇွန်း)) တို့ကို blender ဖြင့်ကြိတ်ပေးပါ။

၂။ ပြီမှ ဟင်းနုနွယ်ချပ်တနီ ထဲကို ဆား၊ သကြား၊ သံပရာရည်ထည့်ပြီ ရောမွှေပါ။

၃။ ပြီနောက် ဟင်းနုနွယ် ချပ်တနီ နှင့် မရိုနိစ်ကို ခွက်တစ်ခုထဲတွင် ရောမွှေထားပါ။

၃။ ပါမုန့်ကို ဒလိမ့်တုံးဖြင့် ပြားအောင် လိမ့်ပေးပါ။ ထိုနည်းအတိုင်း ကျန်ပါမုန့်များကို ဒလိမ့်တုံးဖြင့် လိမ့်ပေးပါ။

၎။ ထို့နောက် ပါမုန့်ကို ဟင်းနုနွယ်ချပ်တနီကို သုပ်ပေးပါ။

၅။ ပြီလျှင် အပေါ်မှ ချိစ်ပြား၊ မုန်လာဥနီ တင်ပေးပါ။

၆။ ပုံတွင်ပါသည့်အတိုင်း လက်နှဖက်ဖြင့် ပါမုန့်ကို အသာလေးလိမ့်သွားပေးပါ။ ကျန်ပါမုန့်များကို ထိုနည်းအတိုင်း ဆက်ပြုလုပ်ပါ။

ရ။ ဆမ်ဝေ့ roll ရပြီဆိုလျှင် ဓားဖြင့် ၄ပိုင်းပိုင်းပြီ အရသာရှိသော ဆမ်ဝေ့ Roll ကို အစာပြေ သုံးဆောင်နိုင်ပါပြီ…

12 comments

  1. မ၀တ်ရည် ရေ စားကောင်းမယ့်ပုံပဲ လုပ်စားကြည့်ဦးမယ်

    • admin says:

      အရမ်းစားလို့ကောင်းပါတယ်။ လုပ်စားကြည့်ပါ

  2. TheeHnit says:

    ရေခဲမုန့်လုပ်နည်းလေးတွေတင်ပေးပါဉီး။

  3. shwewar says:

    ကောင်း မှ ကောင်း

  4. shwewar says:

    ကောင်း မှ ကောင်း အသုပ် ကောင်း များရေးပေး ပါဦး

  5. May Thu says:

    မမ၀တ်ရည်ရှင့်
    Beef steak လုပ်နည်းလေးသိချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *