ကရင် တာလပေါဟင်းချို
ကရင် တာလပေါဟင်းချို
ပုဇွန် ဟင်းလျာခရမ်းချဉ်သီးသုပ်၊ တာလပေါဟင်းချို ဟင်းတွဲလေး တင်ပေးလိုက်ပါတယ်။ ကရင်လိုတော့ တာ့လ့ဘော့လို့ ခေါ်တဲ့ တာလပေါဟင်းချိုပါ။ တာလပေါဟင်းချိုမှာ ဟင်းရွက်၊ ငါး၊ မျှစ်တို့ကို အဓိက ထည့်ချက်ပါတယ်။ ထို့ပြင် ငါး တစ်မျိုးထဲ မဟုတ်ပဲ ပုဇွန် နဲ့ တခြားပင်လယ်စာတွေလည်း ထည့်ချက်လို့ရပါတယ်။ ဟင်းရွက်ကို တောထဲမှာ ရှာတွေ့တဲ့ အရွက်ကို ထည့်ချက်လေ့ရှိတာမို့ မိမိကြိုက်နှစ်သက်ရာ အရွက်ကို ထည့်ချက်နိုင်ပါတယ်။ ၀တ်ရည် အိမ်သားတွေက ဒညင်းသီးကြိုက်တာမို့ တာလပေါဟင်းချိုထဲမှာ ဒညင်းသီးပါ ထည့်ချက်ထားပါ။ အရသာကောင်းပြီ ထမင်းမြိန်စေမယ့် တာလပေါဟင်းချိုကို ခုပဲ ချက်ရအောင်…
ပါဝင်ပစ္စည်းများ
  • ငါးခူး (သို့) ငါးရံ့ – ၁၅ကျပ်သား
  • ဆန် – ခွက်ဝက်
  • မျှစ် – ၁၀ကျပ်သား (ရေဖြင့်ပြုတ်ပြီ အရှည်လှီးထားပါ)
  • ဒညှင်းသီး – ၁၀လုံး (ပြုတ်ပြီ အရှည်လှီးထားပါ)
  • ငရုတ်သီးစိမ်း – ၄တောင့် (ထောင်းထားပါ)
  • စပါးလင် – ၂ခု (ဓားပြားရိုက်ပြီ တစ်ခုကို ချည်ထားပါ၊ နောက်တစ်ခုကို ပါးပါးလှီးပါ)
  • ငါးပိ – စားပါတင်ဇွန်း ၁ဇွန်း
  • ငါးငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ပင်စိမ်း – ၁၀ရွက် (ပါးပါလှီးပါ)
  • ကြိုက်နှစ်သက်ရာအရွက် (ကင်ပွန်းရွက်(သို့)ဗူးညွှန့်) –  (၁လက်မအရွယ် ပိုင်းဖြတ်ထားပါ)
ပြင်ဆင်နည်း
၁။ အရင်ဆုံး ဆန်ကို ဒယ်ထဲထဲပြီ အနီရောင်သန်းလာသည်အထိ လှော်ပေးပါ။
၂။ ပြီနောက် ဆန်လှော်ကို မညက်တညက် ထောင်းပေးထားပါ။
၃။ ဒယ်အိုးထဲ ရေ(၅ခွက်)ထည့်ပြီ ဆူလာလျှင် ငါးခူ၊ စပါးလင်(ချည်ထားသော) ထည့်ပြီ ကျက်သည်အထိ ပြုတ်ပေးပါ။
၎။ ငါးပြုတ်ရည်ကို သိမ်းထားပေးပါ။ ပြီနောက် ငါးကို အသားနွှင်းပေးထားပါ။
ချက်ပြုတ်နည်း
၁။ ဒယ်အိုးကြီးထဲ ငါးပြုတ်ရည်၊ ရေ(၃ခွက်) ထည့်ပြီ ပွက်ပွက်ဆူအောင် တည်ထားပါ။
၂။ ပွက်ပွက်ဆူလာလျှင် အသားနွှင်းထားသော ငါး၊ မျှစ်၊ ဒညှင်းသီး၊ ငပိတို့ကို ထည့်ပြီ ၁မိနစ်ခန့် ထပ်တည်ထားပါ။
၃။ ပြီမှ ဆန့်လှော်မှုန့်၊ ငရုတ်သီးစိမ်းတို့ကို ထည့်ပေးပါ။
၎။ အရသာအတွက် ဆား၊ ငံပြာရည်တို့ကို ထည့်ပြီ အရသာအနေတော်လျှင် ပင်စိမ်းအုပ်ပေးပါ။
၅။ နောက်ဆုံးမှ မိမိကြိုက်နှစ်သက်ရာ အရွက်ကို ထည့်ပြီ ၁မိစန်ခန့် ထပ်တည်ပြီ မီးပိတ်လိုက်ပါ။
၆။ အရသာကောင်းမွန်သော ကရင်တာလပေါဟင်းချိုကို သုံးဆာင်နိုင်ပါပြီ…
ရ။ ဟင်းအစပ်အဟပ် တွဲလေး ချက်စားချင်ရင်တော့ ပုဇွန်ဟင်းလျာခရမ်းချဉ်သီးသုပ်၊ ကရင် တာလပေါ ဟင်းချို သုံးဆောင်လို့ရပါတယ်…
26 comments
  1. myawatthmonn says:
    How can i thank you for sharing cooking style.
    Thank million
  2. nate says:
    ကရင်တာလပေါဟင်းချို မချက်ဘူးလို့ ချက်နည်းတင်ထားလို့ အရမ်းကျေးဇူးတင်ပါတယ်
  3. daw khin thandar lin says:
    good
  4. Tina says:
    Thanks alot to You for sharing
  5. Lynn says:
    Thanks a lot,
    I like it and finding the way how to cook.
  6. […] ခရမ်းချဉ်သီးသုပ်၊ တာလပေါဟင်းချို ဟင်းတွဲလေး တင်ပေးလိုက်ပါတယ်။ […]
  7. wai says:
ွှစားချင်စရာလေး အဲ့ လို့ တိုင်းရင်းသား အစားအစာလေးတွေကို ကြိုက်တယ်..ကျေးဇူးတင်ပါတယ်နော်..
  8. အမေ့ချစ်သမီ says:
    မျှစ် အ၀ါနဲ ချက်လို.၇မလား။အစိမ်းမ၇ျီလို.ပါ။
  9. ကျွန်မတော့ ခရမ်းသီး နဲ့ငရုတ်ရွက် ထည့်ချက်တယ် မ၀တ်ရည်ရေ
    • admin says:
  10. Nan Chu Chu says:
    တာလ ပေါ့ ကို အရမ်းရမ်းကြိုက်တယ်
  11. Sue Hannie says:
    တာလပေါဟင်းချက်နည်း တင်ပေးထားတာ ကျေးဇူး အရမ်းတင်ပါတယ်။
  12. kkk says:
  13. HninWutYee says:
    ဝတ်ရည် ရုံးပတေသီး ဟင်းချို ဘယ်လိုချက်ရလဲ ပြောပြပါအုန်းနော်
  14. sinthiyar says:
    ကျေးဇူးအများကြီးတင်ပါတယ်..ကရင်ဖြစ်ပြီးမချက်တတ်လို့ရှာနေတာကြာပြီး..တကယ်ကိုကျေးဇူးပါ..
Leave a Reply
Your email address will not be published. Required fields are marked *