Crepe Cake (အထပ်နှစ်ဆယ်ကိတ်)
Crepe Cake (အထပ်နှစ်ဆယ်ကိတ်)
Oven မလိုပဲ လွယ်လင့်တကူ လုပ်စားနိုင်မယ့် အထပ်နှစ်ဆယ် Crepe Cake လေးပါ။ ဘန်ကောက်မှာ လူကြိုက်များတဲ့ ကိတ်လုပ်နည်းပါ။ ပန်ကိတ် အချပ် ၂၀ဖြင့် ပြုလုပ်ထားတဲ့Crepe Cake အရသာကလည်း ချိုစိမ့်ပြီ အရမ်းစားလို့ ကောင်းပါတယ်။ ခုပဲ တူတူလုပ်စားကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
  • ထောပတ် – ၁၅၀ ဂရမ်(အတုံး သေးများတုံးထားပါ)
  • နွားနို့ – ၆၀၀ ဂရမ်
  • ကြက်ဥ – ၈လုံး
  • ကိတ်ဂျုံမှုန့် – ၂၂၅ ဂရမ်
  • သကြား – ၁၅၀ ဂရမ်
  • Whipped cream – ၄၀၀ ဂရမ် (၂ဗူး)
ပန်ကိတ်ရည် ပြုလုပ်နည်း
၁။ ဒယ်ထဲ ထောပတ်များကို ထည့်ပြီ အရည်ပျော်အောင် တည်ထားပါ။ ပြီလျှင် ခွက်တစ်ခုထဲထည့်ပြီ ဖယ်ထားပါ။
၂။ ထို့နောက် ဒယ်အိုးထဲ နွားနို့များကို ပူလာအောင်တည်ပြီ မီးပိတ်လိုက်ပါ။ ပြီလျှင် အနွေးအနည်းငယ် ကျန်ရုံ ခေတ္တ အအေးခံထားပါ။
၃။ ဇောက်စတီခွက်ထဲ ကြက်ဥ၊ သကြားကို သမအောင် မွှေတံဖြင့် မွှေပေးပါ။
၎။ ပြီလျှင် ဇလုံထဲ ကိတ်ဂျုံမှုန့်များထည့်ပြီ မွှေတံ(Wirewisk) ဖြင့် ခပ်နာနာလေး ဂျုံမှုန့်၊ ကြက်ဥများ ရောသည်အထိ ခလောက်ပေးပါ။
၅။ ပြီနောက် ခပ်နွေးနွေး(နွားနို့)များကို ဇလုံထဲ ဖြည်းဖြည်းခြင်း လောင်းထည့်ပြီ မွှေတံဖြင့် ရောမွှေပါ။
၆။ နောက်ဆုံးမှ ထောပတ်ရည်များကို အသာလေးမွှေပြီ ဇလုံထဲ ရောမွှေလိုက်ပါ။ ပန်ကိတ်အရည် ရပြီဆိုလျှင် ရေခဲသေတ္တာ အောက်ထပ်တွင် ၁နာရီခန့်ထည့်ထားပေးပါ။
ကိတ် ပြုလုပ်နည်း
၁။ ပုံတွင်ပါသည့်အတိုင်း တိုရှည်လုပ်တဲ့ဒယ်ပြားကို ထောပတ်အနည်းငယ် သုတ်လိုက်ပါ။
၂။ ပြီလျှင် ပန်ကိတ်ရည်(ယောက်ချိုဇွန်း ၁ဇွန်း) စာကို ဒယ်ပြားအလယ်သို့ လောင်းချလိုက်ပြီ ဒယ်ကို အနည်းငယ်စောင်းကာ ပန်ကိတ်အရည်များကို ဘေးသို့ အ၀ိုင်းပုံပြန့်အောင်လုပ်ပြီ အ၀ိုင်းပုံ ပန်ကိတ်ရအောင် ပြုလုပ်ပါ။
၃။ ထို့နည်းအတိုင်း အရွယ်တူ ပန်ကိတ် အချပ် ၂၀ ပြုလုပ်ပေးပါ။ ပြီလျှင် ခေတ္တ အအေးခံထားပါ။
၎။ ထို့နောက် ခွက်တစ်ခုထဲ Whipped Cream များကို ထည့်လိုက်ပါ။
၅။ ပြီနောက် ပန်ကန်ပြားဝိုင်း(သို့)စက္ကူပြားဝိုင်းတွင် သတ္တုပြား(Aluminum Foil) အုပ်ပါ။ အပေါ်မှ ပန်ကိတ် ၁ချပ်ကို တင်လိုက်ပြီ Whipped cream သုပ်ပေးပါ။
၆။ ပြီလျှင် အပေါ်မှ ပန်ကိတ်၁ချပ်တင်၊ whipped cream သုပ်။ ထို့နည်းအတိုင်း ကျန် ပန်ကိတ် အထပ် ၂၀ကို တဆင့်ခြင်းစီ whipped cream သုပ်ပေးသွားပါ။
ရ။ အထပ် နှစ်ဆယ် Crepe Cake ကို ရရှိပြီဆိုလျှင် ဓားသွားပါသော ဓားဖြင့် ၈ပိုင်း လှီးပေးပါ။
၈။ ထို့နောက် Crepe cake ပေါ်မှ whipped cream ဖြူး၊ စတော်ဘယ်ရီယိုဖြင့် တွဲဖက်ကာ အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…
39 comments
  1. yuyu says:
    <3 it 🙂
  2. Babymaylwinoo says:
    I like it .I want to do it.
  3. Aye Aye Htoon says:
    Thanks, I will try it.
  4. snow says:
    စားချင်စရာလေး 🙂
  5. hmone says:
    ta kar ma ko ma eat buu buu… tal like tae my twin lay…sar chin sa yar gyi
    • admin says:
      heee. ကိုယ်ဆို ကြိုက်မှာ သေချာတယ်။ အရမ်းစားကောင်းတယ်။ ကိုယ်လုပ်စားကြည့်ပါ့လား လွယ်လွယ်လေးရယ်.. 🙂
  6. ni ni says:
    can i get whipped cream at city mart?
  7. ni ni says:
    ပျော်အောင်တည်ထားတဲ့ထောပတ်တွေကို ဘယ်နေရာမှာ ပြန်သုံးတာလဲ
    ပြီးတော့ အဲဒိ ဒယ်ပြားမျိုးဘယ်မှာဝယ်လို့ရလဲ ။
    • admin says:
      ထောပတ်ရည်ကို ပန်ကိတ်ထည့်တာပါ။ ဒယ်ပြားမျိုးကို စကော့ဈေး(ဂုံးကျော်တံတား)နားက အိန္ဒိယမီးဖိုချောင် ပစ္စည်းဆိုင်မှာ ရောင်းပါတယ်။ အဲဒီဆိုင်မှာ မုန့်လင်မယားဗန်း အစုံရှိပါတယ်။ ဒါကတော့ တိုရှည်လုပ်စားရင် သုံးတဲ့ ဗန်းပါ
  8. Aye thandar says:
    အဲဒီလို ဒန်ပြား ဘယ်မှာဝယ်လို့ ရသလဲ မဝတ်ရည်။ နောက်ပြီးတော့ ရေခဲမုန့်လုပ်နည်းလေး သိရင် ပြောပြ ပေးပါလား။ မုန့်လေးက စားချင် စရာလေး လုပ်စားကြည့်လိုက်အုံးမယ်နော်။
    • admin says:
      စကော့ဈေး တံတားနားက အိန္ဒိယ မီးဖိုချောင်ပစ္စည်းရောင်းဆိုင်မှာ တိုရည်လုပ်တဲ့ non-stick ဗန်းလို့ မေးဝယ်လိုပရပါတယ်။ ဟုတ်ကဲ့ လုပ်စားကြည့်ပ်ါနော်။ 🙂
  9. saishwemern says:
    thanks a lot
  10. mawmaw naing says:
    Thanks sis
  11. chit moh says:
    လုပ်စားကြည်အုံးမယ်မ၀တ်ရည်‌ရေ ‌ကျေးဇူးပါ
  12. wintmoelwin says:
    ညီမလေးရေကျေးဇူးအများကြီးတင်ပါတယ်။
    မုန့်လုပ်နည်းတွေလဲတင်ပေးအုံးနော်။
    • wintmoelwin says:
      ပန်ကိတ်ကိုဒယ်ပြားထဲကဆယ်ရင်ဘယ်လိုဇွန်းမျိုးနဲ့ဆယ်ရမလဲ
      ညီမလေးရေပြောပြပေးပါအုံးနော်။
      • admin says:
    • admin says:
      ဟုတ်ကဲ့ တင်ပေးပါ့မယ်.. 🙂
  13. wintmoelwin says:
    ပန်ကိတ်ကိုအထက်အောက်လှန်ရသေးလားပြောပြပါဦး။
    oven မပါဘဲလုပ်စားလို့ရတဲ့မုန့်လုပ်နည်းလေးတွေကိုအဆင်ပြေ
    မဲ့အချိန်တစ်မျိုးလောက်အရင်တင်ပေးပါလားညီမလေး။ကျေးဇူး
    အများကြီးတင်ပါတယ်။အမြဲတမ်းအားပေးနေမှာနော်။
    • admin says:
      အထက်အောက် လှန်ဖို့ မလိုပါဘူး။ ပန်ကိတ်အလွှာက ပါးတာမို့ ကျက်ပါတယ်။ ဟုတ်ကဲ့ တင်ပေးပါ့မယ်။ ကျေးဇူးပါ
  14. Ei says:
    thanks i will try
  15. maylayy670 says:
    စားချင်​စရာကြီး
  16. Aung Ko says:
    အမြဲအား​ပေး​နေပါတယ်​….အိမ်​မှာ အလွယ်​လုပ်​စားလို့ရမဲ့ ကိတ်​မုန့်​ လုပ်​နည်း​လေး တင်​​ပေးပါလား….
  17. thant zaw oo says:
    ကိုယ်တိုင်ပြုလုပ်တာဝါသနာပါတယ် thank you firends
  18. Pinky says:
    Whipped Cream က ဘာတံဆိပ် သုံးရမလဲဟင် City Mark မှာအလွယ်တကူ ၀ယ်လို့ရမယ့် တံဆိပ်လေး ပြောပေးပါနော်
Leave a Reply
Your email address will not be published. Required fields are marked *