မီဆိုအနှစ် နဲ့ သက်သက်လွတ် ထမင်းပေါင်း

မီဆိုအနှစ် နဲ့ သက်သက်လွတ် ထမင်းပေါင်း

ဝါတွင်းနီလာပြီမို့ သက်သက်လွတ် ဟင်းချက်နည်းတွေ တင်ပေးသွားပါ့မယ်။ ဒါကတော့ တရုတ်စတိုင်  မီဆိုအနှစ် နဲ့ သက်သက်လွတ် ထမင်းပေါင်းပါ။ တို့ဟူး၊ မှို၊ ငရုတ်သီးပွ၊ ဘိုစားပဲ တို့ကို မီဆိုအနှစ်နဲ့ ရောချက်ထားတာပါ။

ပါဝင်ပစ္စည်းများ

  • ဂျပန် တို့ဟူး – ၂၀၀ ဂရမ် (အတုံးလတ်များ တုံးပါ)
  • မှိုပွင့်ခြောက် – ၅ခု (ရေနွေးဖြင့် ပြုတ်ပြီ အညှာဖြတ်ကာ ပါးပါးလှီးထားပါ)
  • ဘိုစားပဲ – ၆ခု (အတုံးသေးများ တုံးပါ)
  • ငရုတ်သီးပွနီ – ၁ခု (အစေ့ထုတ်ပြီ ပါးပါးလှီးပါ)

  • ငရုတ်သီးပွစိမ်း – ၁ခု (အစေ့ထုတ်ပြီ ပါးပါးလှီးပါ)
  • တရုတ်နံနံပင် – အနည်းငယ် (ပါးပါးလှီးပါ)
  • ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း ၂ဇွန်းစာ (ပါးပါးလှီးပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (ပါးပါးလှီးပါ)
  • မီဆိုအနှစ် – စားပွဲတင်ဇွန်း ၁ဇွန်း (City Mart တွင် ၀ယ်ယူနိုင်သည်)
  • ပဲငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • သကြား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
  • နှမ်းဆီ – လက်ဖက်ရည်ဇွန်း တ၀က်
  • ကော်မှုန့် – စားပွဲတင်ဇွန်း ၂ဇွန်း (ရေဖြင့် ဖျော်ထားပါ)
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း

 

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဒယ်ထဲ ဆီထည့်ပြီ ဆီပူလာလျှင် ဘိုစားပဲ၊ ငရုတ်သီးပွနီ၊ ငရုတ်သီးပွစိမ်း တို့ကို ထည့်ပြီ အရောင်လှအောင် ၁မိနစ်ခန့် ရောမွှေပေးပါ။

၂။ ထို့နောက် ဘိုစားပဲ၊ ငရုတ်သီးပွနီ၊ ငရုတ်သီးပွစိမ်း တို့ကို ပန်းကန်ထဲ ပြန်ဆယ်ထားပါ။

၃။ ဒယ်ထဲ ဆီထပ်ထည့် ဆီပူလျှင် ကြက်သွန်ဖြူ ဆီသပ်ပေးပါ။

၎။ ပြီလျှင် ရေ(၁ခွက်)၊ မီဆိုအနှစ်၊ ပဲငံပြာရည်၊ သကြား၊ ဆား တို့ကို ထည့်ပေးပါ။

၅။ ပွက်ပွက်ဆူလာမှ တို့ဟူး၊ ဘိုစားပဲ၊ ငရုတ်သီးပွနီ၊ ငရုတ်သီးပွစိမ်း၊ မှို တို့ကို ထည့်ပြီ အသာလေး ၁မိနစ်ခန့် ရောမွှေပေးပါ။ (အရမ်းမမွှေပါနှင့် တို့ဟူးများ ပြဲသွားလိမ့်မည်)

၆။ ထို့နောက် ကြက်သွန်မြိတ်၊ နံနံပင်၊ ငရုတ်ကောင်းမှုန့် ဖြူးပြီ ကော်ရည်ကို လောင်းချကာ ရောမွှေပြီ မီးပိတ်လိုက်ပါ။

ရ။ ထမင်းထည့်ထားသော ပန်းကန်ပေါ်သို့ တို့ဟူး၊ ဟင်းရွက် ကော်ရည်များကို ဆမ်းလိုက်ပါ။

၈။ အရသာရှိသော မီဆိုအနှစ်နှင့် သက်သက်လွတ် ထမင်းပေါင်းကို အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…

——————————————————————————————-

10 comments

  1. nilar says:

    thanks a lot.

  2. sanmayaung says:

    like this

  3. ko sai says:

    လက်စွမ်းပြဖို့ဟင်းလျာရပြီ၊ ဒုတိယပုံမှာပါတဲ့ အထုပ်ဟာ မီဆိုလား။

  4. thu may linn says:

    I like that.

  5. thantzin says:

    မီဆို အနှစ်​ ဘယ်​မှာဝယ်​လို့ရနိုင်​သလဲ အမ ​ကျေးဇူး​နော်

  6. Thae says:

    sis I think miso soup is not suitable for vegetarian.Miso soup is made of dried,fermented bonito or skipjack tuna fish.

Leave a Reply

Your email address will not be published. Required fields are marked *