အသားတု နှင့် ဟင်းရွက်စုံကြော်

အသားတု နှင့် ဟင်းရွက်စုံကြော်

တရုတ်စတိုင် အသားတု နှင့် ဟင်းရွက်စုံကြော်ပါ။ အသားတို၊ မှိုခြောက်၊ မှိုနားရွက်၊ ဂေါ်ဖီ၊ ပဲလိပ်၊ ပဲကြာဇံတို့ဖြင့် အရသာ ချိုစိမ့်တဲ့ အသားတု၊ ဟင်းရွက်စုံကြော်ပါ။

ပါဝင်ပစ္စည်းများ

  • အသားတု – အလုံး ၂၀ (ရေစိမ်ထားပါ)
  • ပဲကြာဇံ – ၁၀၀ ဂရမ် (ရေစိမ်ထားပါ)

  • မှိုပွင့်ခြောက် – ၆ခု (ရေနွေးဖြင့်ပြုတ်ပြီ အရှည်ပါးပါးလှီးထားပါ)
  • ပဲလိပ် – ၁ခွက်စာ (ရေစိမ်ထားပါ)
  • မှိုနားရွက် – ခွက်ဝက် (ရေစိမ်ထားပါ)
  • ဂေါ်ဖီ – ၁စိတ် (၁လက်မအရွယ် လှီးထားပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စင်းပါ)
  • ခရုဆီ – စားပွဲတင်ဇွန်း ၃ဇွန်း (သက်သက်လွတ်စားသူများအတွက် Oyster mushroom (သို့) vegetarian oyster ဆော့ကို သုံးပါ)
  • ပဲငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • သကြား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • နှမ်းဆီ – လက်ဖက်ရည်ဇွန်း တ၀က်
  • ကော်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း (ရေဖြင့် ရောဖျော်ထားပါ)
  • တရုတ်ဟင်းခတ်အမွှေးအကြိုင် – လက်ဖက်ရည်ဇွန်း တ၀က် (Chinese Five Spices)

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီ ဆီပူလျှင် ကြက်သွန်ဖြူ ဆီသပ်ပါ။

၂။ ပြီနောက် မှိုများကို ထည့်ကြော်ပေးပါ။

၃။ ထို့နောက် အသားတု၊ ပဲလိပ်၊ ဂေါ်ဖီ၊ ကြာဇံ တို့ကို ထည့်ပြီ ရေ(ခွက်ဝက်)ထည့်ကာ တည်ထားပေးပါ။

၎။ အရသာအတွက် ခရုဆီ၊ ပဲငံပြာရည်၊ သကြား တို့ကို ထည့်ပေးပါ။

၅။ ရေအနည်းငယ်ကျန်လျှင် ကြက်သွန်မြိတ်၊ နှမ်းဆီ၊ တရုတ်ဟင်းခတ် အမွှေးအကြိုင်၊ တို့ကို အပေါ်မှ ဖြူးပေးပါ။

၆။ ပြီနောက် အပေါ်မှ ကော်ရည်လောင်းချလိုက်ပြီ မီးပိတ်လိုက်ပါ။

ရ။ အရသာရှိသော အသားတု နှင့် ဟင်းရွက်စုံကြော်ကို သုံးဆောင်နိုင်ပါပြီ…

———————————————————————————————-

13 comments

  1. Hla Maung says:

    Thanks Wutyee! I m sure that would taste excellent! I’d try myself at home. 🙂

    https://www.facebook.com/SeasunSolar

  2. natehtwe says:

    I like it.thanks a lot

  3. natehtwe says:

    It seems to be delicious!

  4. Seint Seint says:

    ရေခွက်ဝက် က ဘယ်အရွယ်ပါလဲ။ပြီးတော့ခရုဆီကသတ်သတ်လွတ်ပါသလား။

    • admin says:

      Measurement ချိန်တဲ့ခွက်ကို ပြောတာပါ။ ခရုဆီက သက်သက်မလွတ်ဘူး။ Oyster mushroom ဆော့ကို ၀ယ်ပါ။ ရေးဖို့ ကျန်ခဲ့လို့

  5. lwinlwin says:

    လာလည်သွားတယ်နော်.. ချက်နည်းတွေမျှဝေပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။
    အစဉ်ထာဝရအားပေးလျက်ပါနော် 🙂

  6. susan says:

    ကျေးဇူးတင်ပါတယ် ချက်ဖို့ဟင်းတစ်ခွက်တိုးတိုင်း အရမ်းပျော်ပါတယ် 🙂

  7. happy nyein says:

    ကျေးဇူးပါနော် ခုမှ တိုးလာတဲ့ပရိသတ်ပါ
    ဟင်းချက်နည်းလေးတွေ အရမ်းသဘောကျတယ်

Leave a Reply

Your email address will not be published. Required fields are marked *