အင်ဥ နှင့် ကြက်သားဟင်းလျာ၊ ဂေါ်ဖီသုပ်

အင်ဥ နှင့် ကြက်သားဟင်းလျာ

ခု အင်ဥပေါ်ချိန်မို့ ကြက်သားနဲ့အင်ဥ ရောချက်ထားတာပါ။ အင်ဥဆိုတာ မှိုတစ်မျိုးပါ။ အင်ဥကို ဈေးက ၀ယ်ပြီရင် ရွှံ့သဲတွေစင်အောင် တော်တော်တော့ သန့်စင်ဖို့လိုပါတယ်။ ဒါပေမယ့် အင်ဥနဲ့ကြက်သားဟင်းက အရမ်းစားကောင်းပါတယ်။

ပါဝင်ပစ္စည်းများ

  • ·         ကြက်ပေါင်သား – ၃၀၀ ဂရမ် (အတုံးလတ်များ တုံးပေးပါ)
  • ·         အင်ဥ – ၂၀၀ ဂရမ် (သေချာ သန့်စင်အောင် ဆေးကြောပေးပါ)
  • ·         ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ ပါးပါးလှီးပါ)

  • ·         ငရုတ်သီး(အရောင်တင်မှုန့်) – စားပွဲတင်ဇွန်း တ၀က်
  • ·         ငရုတ်သီးစိမ်း – ၄တောင့် (ထပ်ခြမ်းခြမ်းထားပါ)
  • ·         ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ·         ကြက်သွန်နီ – ၁လုံး (ပါးပါးလှီးပါ)
  • ·         ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ·         ခနော ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ·         နံနံပင် – လက်တဆုပ်စာ (ပါးပါးလှီးပါ)

ချက်ပြုတ်နည်း

၁။ အရင်ဆုံး သန့်စင်ထားသော အင်ဥများကို ထပ်ပိုင်းပိုင်းပေးပါ။

၂။ ပြီနောက် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းများကို ၁မိနစ်ခန့် ဆီသပ်ပေးပါ။

၃။ ပြီလျှင် ငရုတ်သီးမှုန့်၊ ခရမ်းချဉ်သီးထည့်ပြီ ၁မိနစ်ခန့် ထပ်မွှေပေးပါ။

၎။ ထို့နောက် ကြက်သား၊ အင်ဥ၊ ရေ(၂ခွက်)၊ ဆား၊ ကြက်သားမှုန့် တို့ကို ထည့်ပြီ အဖုံးအုပ်ပြီ ဆီပြန်သည်အထိ တည်ထားပါ။

၅။ ဆီပြန်လျှင် အရသာအပေါ့အငံ့မြည်းပြီ အနေတော်လျှင် အပေါ်မှ နံနံပင်များ အုပ်ပေးပြီ မီးပိတ်လိုက်ပါ။

၆။ အရသာရှိသော အင်ဥ နှင့် ကြက်သားဟင်းလျာကို သုံးဆောင်လို့ရပါပြီ…

———————————————————————————————

ဂေါ်ဖီသုပ်

အလွယ်တကူ အိမ်မှာ လုပ်စားနိုင်အောင် ဂေါ်ဖီသုပ်လေးကို တင်ဆက်ထားပါတယ်။ သုပ်ပြီပြီခြင်း မစားသေးပဲ၊ ၁၅မိနစ်လောက် အရသာစိမ့်ဝင်ပြီမှ စားလျှင် ပိုမိုကောင်းမွန်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ·         ဂေါ်ဖီ – ၁စိတ် (ပါးပါးလှီးပြီ ရေစိမ်ထားပါ)
  • ·         မြေပဲ – စားပွဲတင်ဇွန်း ၂ဇွန်းစာ (မညက်တညက်ထောင်းထားပါ)
  • ·         ပုဇွန်ခြောက် – စားပွဲတင်ဇွန်း ၁ဇွန်း (ခပ်ညက်ညက်ထောင်းပါ)
  • ·         ငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ·         ဆား – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ·         မုန့်ညှင်းစေ့ – စားပွဲတင်ဇွန်း တ၀က်
  • ·         ကြက်သွန်ဖြူဆီချက် – စားပွဲတင်ဇွန်း ၂ဇွန်း

သုပ်နည်း

၁။ ဂေါ်ဖီကို ရေစင်အောင် စစ်ပြီမှ ဇလုံထဲတွင် (ဂေါ်ဖီ၊ မြေပဲ၊ ပုဇွန်ခြောက်၊ ငံပြာရည်၊ ဆား၊ မုန့်ညှင်းစေ့၊ ကြက်သွန်ဖြူဆီချက်) တို့ကို ထည့်လိုက်ပါ။

၂။ ပြီလျှင် သမအောင် ရောနုယ်ပေးပါ။

၃။ ထို့နောက် ပန်းကန်ပေါ်တွင် ဂေါ်ဖီသုပ်၊ နံနံပင်တို့ဖြင့် အလှဆင်ကာ သုံးဆောင်နိုင်ပါပြီ…

——————————————————————————————————–

 

18 comments

  1. Hmone gyi says:

    အင်ဥ ta kar ma ma eat buu buu …tal tal sar kaung mae pone bae with chicken… hungry..

    • admin says:

      ကိုယ်မစားဖူးဘူးလား။ ကိုယ်ပြန်လာလို့ အင်ဥပေါ်ချိန်ဆို ငါလုပ်ကျွေးမယ်… 🙂

  2. nini says:

    ဝက်သားနဲ့ဘဲချက်စားဘူးတာ
    ချက်ကြည့်ပါမယ်

  3. Sandar says:

    Thanks a lot!
    I will cook this menu and i like it very much.

  4. ကျွန်မ တော. အင်ဥကို ဒီတိုင်းပဲ ချက်စားဖူးတာ။ မ၀တ်ရည်ချက်သလို ချက်ကြည့်လိုက်ဦးမယ်

    • admin says:

      ဟုတ်ကဲ့ ကြက်သားနဲ့ အင်ဥ ချက်တာ စားလို့ အရမ်းကောင်းပါတယ်..

  5. Lwin May Thet says:

    ကျေးဇူးပါ

  6. Htike Htike says:

    အင်ဥက ဘာတွေနဲ့ မတည့်တာလဲဟင်… သိရင်ပြောပြပေးပါနော်

  7. Htet Yi says:

    အင်ဥကို အင်္ဂလိပ်လို ဘယ်လိုခေါ်သလဲ သိလားမသိဘူး အစ်မရေ။ အင်ဥဆိုတာ ဘာမှန်းမသိတော့ ဘယ်လိုရှာရမလဲ မသိလို့။

Leave a Reply

Your email address will not be published. Required fields are marked *