ကီးမား ပလာတာ
ကီးမား ပလာတာ (၆ခုစာ)
မလေးရှားမှာ Street Food Murtabak လို့ ခေါ်တဲ့ ကီးမားပလာတာ လုပ်နည်းပါ။ ဒီကီးမားပလာတာ လုပ်နည်း ရန်ကုန်မှာ စားနေကျ ကီးမားပလာတာ လုပ်နည်းနဲ့လည်း တော်တော်ဆင်ပါတယ်။ စားလို့ အရမ်းကောင်းတာမို့ ကီးမားပလာတာ လုပ်နည်းကို ပြန်လည် မျှဝေပေးလိုက်ပါတယ်..
ပလာတာတွင် ပါဝင်ပစ္စည်းများ
  • ဂျုံ – ၄၅၀ ဂရမ်
  • ဆီ – ခွက် ၃ပုံ၁ပုံ
  • ရေ – ၁ခွက်
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ပလာတာ ပြင်ဆင်နည်း
၁။ အရင်ဆုံး ဇောက်ခွက်တစ်ခုထဲတွင် (ဂျုံ၊ ဆီ၊ ရေ၊ ဆား) တို့ကို သမအောင် ရောနုယ်ပေးပါ။
၂။ ဂျုံသား နူညံ့သည်အထိ နုယ်ပေးပါ။ မာနေလျှင် ရေအနည်းငယ် ထည့်ပေးပါ။
၃။ ဂျုံသား နူညံ့သွားလျှင် လက်နှစ်ဖက်ကို ဆီသုတ်ပေးပြီ ဂျုံဒိုးကို ၆ပိုင်းပိုင်းပေးကာ အလုံးလုံးပေးပါ။
၎။ အပေါ်မှ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) ဖြူးပေးပြီ အ၀တ်သန့်ဖြင့် အပေါ်က အုပ်ပြီ ၃နာရီခန့် နုပ်ထားပေးပါ။
ကီးမားပလာတာ အစာသွပ်ရန် ပါဝင်ပစ္စည်းများ
  • ကြက်ရင်ဗုံသား (သို့) ဆိတ်သား – ၄၅၀ ဂရမ် (နှုတ်နှုတ်စင်းပါ)
  • ကြက်သွန်နီ – ၂လုံး (နှုတ်နှုတ်စင်းပါ)
  • ငရုတ်သီးစိမ်း – ၄-၅ တောင့် (ပါးပါးလှီးပါ)
  • ခရမ်းချဉ်သီး – ၁လုံး (အစေ့ထုတ်ပြီ အတုံးသေးများ တုံးပါ)
  • ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
  • ဇီယာမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • နံနံစေ့မှုန့် – စားပွဲတင်ဇွန်း တ၀က်
  • မဆလာ – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • နံနံပင် – စားပွဲတင်ဇွန်း ၂ဇွန်းစာ (နှုတ်နှုတ်စင်းပါ)
  • ကြက်သွန်နီ – ၃လုံး (ပါးပါးလှီးထားပါ) (အပေါ်က ဖြူးရန် အတွက်ဖြစ်သည်)
  • ကြက်ဥ – ၂လုံး (ခလောက်ထားပါ) (အပေါ်က ဖြူးရန် အတွက်ဖြစ်သည်)
ကီးမားချက်နည်း
၁။ ကီးမားချက်ရန် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ပြီ ကြက်သွန်နီ ဆီသပ်ပေးပါ။
၂။ ပြီလျှင် ခရမ်းချဉ်သီး၊ ဆနွင်းမှုန့်၊ ငရုတ်သီးမှုန့်၊ ဆား ထည့်ပြီ ၁မိနစ်ခန့် ရောမွှေပါ။
၃။ ထို့နောက် ကြက်သား(သို့)ဆိတ်သား၊ ငရုတ်သီးစိမ်း၊ ဇီယာ၊ နံနံစေ့မှုန့်၊ တို့ကို ထည့်ပြီ ၂မိနစ်ခန့် ရောကြော်ပေးပါ။
၎။ နောက်ဆုံးမှ မဆလာ၊ နံနံပင် အုပ်ပေးပြီ ပန်းကန်တစ်ခုထဲ တွင် ပြန်ဆယ်ကာ ခေတ္တအအေးခံထားပါ။
ကီးမား ပလာတာ လုပ်နည်း
၁။ ပလာတာဒိုးရိုက်ရန် စားပွဲကို ဆီသုပ်၊ လက်ကို ဆီသုပ်ပြီမှ ဂျုံဒိုး တစ်ခုကို လက်ဖြင့် အပြားဝိုင်း ပြုလုပ်ပါ။
၂။ ပြီနောက် လက်နှစ်ဖက်ကို သုံးပြီ ပုံတွင်ပါသည့်အတိုင်း ဂျုံပြား ပါးလွှားသည်အထိ ရိုက်ပေးပါ။
၃။ ဂျုံပြား ပါးလွှားသည့်အနေထားရလျှင် အလယ်ကို ကြက်ဥသုပ်၊ ကြက်သွန်နီ ပါးပါးလှီး အနည်းငယ် ဖြူးပေးပါ။
၎။ ထို့နောက် ကြက်သား(သို့)ဆိတ်သား ကီးမားကို အလယ်တွင် ထည့်ပေးပါ။
၅။ ပြီလျှင် ပလာတာဒိုးကို စတုဂံပုံ လေးခေါက်ခေါက်လိုက်ပါ။
၆။ ပြီနောက် ဆီသုတ်ထားသော ဒယ်ပြားပေါ်သို့ တင်ပြီ အညှိရောင်သန်းအထိ တဖက်စီလှန်ပြီ ကြော်ပေးပါ။ ကြော်ပေးစဉ် ဆီ(သို့) ထောပတ် စားပွဲတင်ဇွန်း ၁ဇွန်း ထည့်ပေးပါ။
ရ။ ကီးမားပလာတာ ရပြီဆိုလျှင် ဓားဖြင့် ၄ပိုင်းပိုင်းပြီ သံပရာသီး၊ ကြက်သွန်နီ တို့ဖြင့် အရသာရှိစွာ တွဲဖက်သုံးဆောင်နိုင်ပါပြီ…
မှတ်ချက် ။ ။ ထို့နည်းအတိုင်း ကျန် ကီးမားပလာတာ များကို ပြုလုပ်ပါ။ ပလာတာ ရိုက်တဲ့ အခါ ၁ကြိမ်၊ ၂ကြိမ် လုပ်ရခက်ပါလိမ့်မယ်။ လုပ်သားကျရင် အဆင်ပြေသွားပါလိမ့်မယ်..
27 comments
  1. dr. nwet says:
    သိပ်ကိုကောင်းတဲ့စားစရာလေးပေါ့။ စားချင်နေတာကြာပြီ အခုတော့လုပ်စားတော့မယ်ကျေးဇူးပါ
  2. si han says:
    ကျေးဇူးတင်ပါသည်တရုပ်ဟင်းချက်နည်းလည်းတင်ပေးပါအုံးနော်
  3. Mee Mee says:
    yummy
  4. Thant Zin Oo says:
    အရန်းကိးကြိုက်တဲ့အစားမို့ကျေးဇူးတင်ပါတယ်
  5. Thiri says:
    ကျေးဇူးပါ
  6. Sandar says:
    Thank a lot.
    My father like Indian food very much .
    I will cook for my father.
  7. U Tin Lin says:
    When I saw your keema parata recipe, I want to know the meaning of it and searched from the web. The meaning is: Keema, Kheema, or Qeema (Sindhi: قيمو,Hindi: क़ीमा, Urdu: قیمہ‎, pronounced [ˈqiːmaː]; Punjabi: ਕ਼ੀਮਾ) is a traditional South Asian meat dish. Originally this word meant minced meat.[1] It is typically minced mutton curry with peas or potatoes. Keema can be made from almost any meat, can be cooked by stewing or frying, and can be formed into kababs. Keema is also sometimes used as a filling for samosas or naan.
    A parantha/paratha/parauntha is a flatbread that originated in South Asia. It is still quite prevalent throughout the area. Parantha is an amalgamation of the words parat and atta which literally means layers of cooked dough.[1] In Burma, it is known as palata (ပလာတာ; pronounced: [pəlàtà]), while it is known as farata in Mauritius and the Maldives. However, in areas of the Punjabi region, it is referred to as prontha or parontay.
  8. ကျေးဇူးပါ မ၀တ်ရည်။ အစ်မ သုံးတဲ့ အိုြးါပားလေး ဘယ်မှာ ၀ယ်ရမလဲ ပြောပြပါလား။
    • admin says:
      အိန္ဒိယ မီးဖိုချောင်ပစ္စည်းရောင်းတဲ့ဆိုင်မှာ ၀ယ်လို့ရတယ်။ တိုရှည်လုပ်တဲ့ဗန်းလို့ မေးဝယ်ရမှာ။ သံဈေးမှာလည်း ရကောင်း ရနိုင်တယ်..
  9. khin Thandar says:
    Hi sis .. After cooking my Mutton (Kema), I still got meat smell from the dish esp when I ate. I used all spices which u mentioned above. What should I add to cover that meat smell?
    Thanks
    • admin says:
      ကီးမားချက်တဲ့အခါ အနံ့ပျောက်အောက် ဂျင်းလေးပါ ထည့်ချက်ပေးပါ.. 🙂
  10. zin min thu says:
    ဆီလဲ sis
    • admin says:
      ရေ တစ်ခွက်က Measurement ချိန်တဲ့ခွက်နဲ့ ပြောတာပါ။ ၂၀၀ မီလီလီတာနဲ့ ညီမျှပါတယ်.. 🙂
  11. Seng says:
    မ၀တ်ရည်… အစားအသောက်တွေ အလှဆင်တဲ့နည်း ခရမ်းချဉ်သီးနှင်းဆီပန်းပုံထက် တခြား
    အသီးအနှံတွေနဲ့ အလှဆင်တဲ့ နည်းတွေလဲ တင်ပေးပါအုံးနော။
    ကျေးဇူးတင်လျက်…
  12. thandamarlar says:
    thank
  13. Eric Moe says:
    အမရေ … စကားမစပ် ကြက်သားမျှင်မုန့်လိပ်မှာ ကြက်သားမျှင် ဘယ်လိုလုပ်လဲသိချင်လို့ပါ။
    ကျေးဇူးပြုပြီးပြောပြပေးပါ
  14. 
    من این پیام را خواندم و می توانم این
    نبا را به سایرین حزن پیشنهاد کنم
  15. 
    این پیام مشاوره و پیشنهاد مناسب درخصوص کسانی است که می خواهند
    گرداگرد محتویات ماننده به
    این مطلب مطالعه بیشتری داشته
    باشند
  16. 
    من این پیام را خواندم و می توانم این پیغام را به
    اشخاص دیگر غصه پیشنهاد کنم
Leave a Reply to admin Cancel reply
Your email address will not be published. Required fields are marked *