ရောင်စုံ ဂျယ်လီ နဲ့ Whipped ခရင်မ်

ရောင်စုံ ဂျယ်လီ နဲ့ Whipped ခရင်မ်

သားသား၊ မီးမီးတို့ အကြိုက် ရောင်စုံ ဂျယ်လီ နဲ့ Whipped cream ပါ။ အရသာက ဂျယ်လီ အိအိလေးနဲ့ Whipped ခရင်မ် ချိုစိမ့်လေးကြောင့် အရမ်းစားလို့ကောင်းပါတယ်။ အချိုပွဲ ဆန်းဆန်းလေးနဲ့ လှလှလေး စားချင်သူတွေအတွက် ရည်ရွယ်ပါတယ်။ ခုပဲ တူတူလုပ်ကြည့်ရအောင်…

အနီရောင်ဂျယ်လီ အတွက် ပါဝင်ပစ္စည်းများ

  • Agar ဂျယ်လီချောင်း – ၃ပုံ၁ပုံ
  • ရေနွေး – ၁ခွက်
  • သကြား – ၁၂၀ ဂရမ်
  • ချယ်ရီ(သို့)စတော်ဘယ်ရီ ဆိုးဆေးရည် – လက်ဖက်ရည်ဇွန်း တ၀က်

အစိမ်းရောင်ဂျယ်လီ အတွက် ပါဝင်ပစ္စည်းများ

  • Agar ဂျယ်လီချောင်း – ၃ပုံ၁ပုံ
  • ရေနွေး – ၁ခွက်
  • သကြား – ၁၂၀ ဂရမ်
  • Padan (သို့) ပန်းသီး အစိမ်းရောင် ဆိုဆေးရည် – လက်ဖက်ရည်ဇွန်း တ၀က်

Whipped cream တွင် ပါဝင်ပစ္စည်းများ

  • Whipped cream – ၁ခွက်
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဗီနီကာ အရည် – လက်ဖက်ရည်ဇွန်း တ၀က်

မှတ်ချက် ။ ။ Ready Made Whipped cream ဗူးကို သုံးလျှင်လည်း ရပါသည်။

ဂျယ်လီ ပြုလုပ်နည်း

၁။ အရင်ဆုံး ဂျယ်လီချောင်းကို ၂ပိုင်းပိုင်း လိုက်ပါ။

၂။ ဂျယ်လီချောင်း တ၀က်စီကို ခွက်တစ်ခုစီထည့်ပြီ မိနစ် ၃၀ခန့် ရေစိမ်ထားပေးပါ။

၃။ ပြီမှ ရေပြန်သွန်ပြီ ဂျယ်လီချောင်းကို မွှေတံဖြင့် ခြေပေးပြီ ရေနွေး ၁ခွက်စီ ထည့်လိုက်ပါ။ ဂျယ်လီချောင်း ပျော်သည်အထိ မွှေတံဖြင့် မွှေပေးပါ။

၎။ ထို့နောက် ဂျယ်လီပျော်သွားလျှင် သကြား(၁၂၀ ဂရမ်) စီ တစ်ခွက်ချင်းစီ ထည့်ပြီ သကြားပျော်အောင် မွှေပါ။

၅။ ပြီမှ တခွက်ကို အနီရောင် ဆိုးဆေးထည့်ပြီ ရောမွှေလိုက်ပါ။

၆။ နောက်တစ်ခွက်ကို အစိမ်းရောင်ဆိုးဆေးထည့်ပြီ ရောမွှေပါ။

၆။ ရောင်စုံ ဂျယ်လီပြုလုပ်မည့် ခွက်အတွင်း အရင်ဆုံး အနီရောင်ဂျယ်လီများကို ခွက် ၅ပုံ၁ပုံ ထည့်ပြီ ရေခဲသေတ္တာထဲတွင် ၁၅မိနစ်ခန့် အအေးခံထားပါ။

ရ။ အအေးခံပြီလျှင် အနီရောင်ဂျယ်လီပေါ်မှ Whipped creamကို ပုံတွင် ပါသည့်အတိုင်း ထည့်ပေးပါ။

၈။ ထို့နောက် Whipped cream ပေါ်မှ အစိမ်းရောင်ဂျယ်လီထည့်ကာ နောက်ထပ် ၁၅မိနစ် ရေခဲသေတ္တာ အောက်ထပ်တွင် အအေးခံပါ။

၉။ ထို့နည်းအတိုင်း ရောင်စုံဂျယ်လီ တစ်ထပ်၊ Whipped cream တထပ် အဆင့်ဆင့် ပြုလုပ်ပေးပါ။

၁၀။ အပေါ်ဆုံးမှ Whipped cream ဖြူးပေးပြီ ရောင်စုံဂျယ်လီ နဲ့ Whipped cream ကို အရသာရှိစွာသုံးဆောင်နိုင်ပါပြီ…

——————————————————————————————————-

Whipped Cream ကို အိမ်မှာ ကိုယ်တိုင်လုပ်ချင်သူများအတွက်

၁။ Whipped cream စက္ကူဗူးကို ရေခဲသေတ္တာ အပေါ်ထပ်မှ မလုပ်မှီ ၁နာရီ အခန်းအပူချိန်နဲ့ ထားထားပေးပါ။

၂။ ပြီနောက် ဇောက်ခွက်တစ်ခုထဲ Whipped cream ၁ခွက်ကို လောင်းထည့်လိုက်ပါ။

၃။ ပြီလျှင် Electric mixer ကို High ဖြင့် ၁မိနစ် ရောမွှေပေးပါ။

၎။ ထို့နောက် သကြား(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ဗီနီကာ(လက်ဖက်ရည်ဇွန်း တ၀က်) တို့ကို ထည့်ကာ medium ဖြင့် ၃မိနစ်ဖြင့် whipped cream မုန့်သားပျစ်လာသည်အထိ မွှေပေးပါ။

၅။ Whipped cream လုပ်ပြီလျှင် ရေခဲသေတ္တာအောက်ထပ်မှာ ထည့်သိမ်းထားပါ။

29 comments

  1. U Htay nyut says:

    ကျေး ဇူး ပါ

  2. Hmone gyi says:

    wow mike tal…ko ka top buy tar lay ko use nay pe…kha ka top tay char ma use ya tay buu…look yummy and delicious so clever my twin

    • admin says:

      ကိုယ်ဆို ကြိုက်မှာ သေချာတယ်… ကိုယ်အမွှာအကြောင်း သိသားနဲ့၊ ပစ္စည်းဝယ်ပြီရင် သုံးဖို့ နေရာရှာနေတာ.. ဟီးဟီး.. 😀

  3. Ei says:

    i try this one also for my som. 10Q

  4. Ei says:

    i try this one also for my son. 10Q

  5. linnliinn says:

    thank

  6. Kishinev says:

    စားလိုက်ပြီဝတ်၇ည်ေ၇… ကျေးဇူးနော်…

  7. doris says:

    thanks

  8. mya nandar myint says:

    အရမ်းကောင်းပါတယ် european food လေးတွေတင်ပေးပါဦး။

  9. chit moh says:

    Thanks

  10. Shwe Tamitaw says:

    တကယ် ကျေးဇူးပါ မမ

  11. မြတ် says:

    ညီမလေးရေ
    ဂျယ်လီကအချောင်းနဲ့မဟုတ်ပဲ ကျောက်ကျောမှုန့်နဲ့လုပ်ရင်ရောရနိုင်လားဟင် အထပ်နှစ်ဆယ်ကိတ်တော့လုပ်စားကြည့်တာအရမ်းကောင်းတယ်ညီမလေး စိတ်ထဲကတကယ်ကျေးဇူးတင်နေတယ်နှော်

    • admin says:

      ဂျယ်လီ အချောင်းမရှိလည်း အမှုန့်ထုပ်နဲ့ လုပ်စားလို့ရတယ်။ ရေနွေးနဲ့ ဖျော်ရုံပဲ.. ၀တ်ရည်ကလည်း ကျေးဇူးပါနော်.. 🙂

  12. thinnshuee says:

    ဂျယ်လီ အမှုန့် ထဲမှာဆိုရင် ဘယ်ပစ္စည်းက အကောင်းဆုံးလဲ တခြားဂျယ်လီမှုန့် အနည်ရှိတယ် ဒါမှမဟုတ် အနည်မရှိအောင် ဘယ်လိုပြုလုပ်ရမလဲ သိတဲ့သူများရှိရင် အကြံပေးကြပါဦး ကျေးဇူးတင်ပါတယ်

  13. Khaing Khaing says:

    ညီမလေးရေ

    အဲဒီ ဂျယ်လီကို လုပ်စားကြည့်တော့ အနီရောင် တစ်ထပ်ထည့်ပြီး 15 မိနစ် အအေးခံထားတုန်း အပြင်က ကျန်တာတွေက အားလုံးခဲသွားတယ်။ ပြီးတော့ အမက city mart က ready made whipping cream ဆိုတဲ့ ဗူးကို ၀ယ်သုံးတာ။ ဒါပေမယ့် ညီမလေး ပုံလိုမျိုး ပျစ်ပျစ် မထွက်ဘဲ နို့စိမ်းအရည်ဗူးလိုမျိုး ဖြစ်နေတယ်။ အဲဒီတော့ အစိမ်းလည်း ထည့်လိုက်ရော တစ်လွှာစီ မဖြစ်ဘဲ ရောသွားတယ်။ အကြံဥာဏ်လေး ပေးပါဦးနော်။

    • admin says:

      Ready made whipped cream က မသုံးခင် ရေခဲသေတ္တာမှာ ထည့်ထားဖို့ လိုပါတယ်။ မဟုတ်ရင် ခဏလေးနဲ့ အရည်ပျော်လွယ်တယ်။ ဂျယ်လီတွေက အေးရင် ခဲသွားတတ်တယ်၊ ဒါကြောင့် ဂျယ်လီအရည် တ၀က်အရင် ဖျော်တာပဲဖြစ်ဖြစ်၊ လိုမှ နောက်တ၀က်ကို ဖျော်ထားရင် ရပါတယ်။ သို့မဟုတ်လည်း မခဲသွားအောင် ဖျော်ထားတာကို မွှေပေးနေရင်တော့ မခဲပါဘူး။ 😀

Leave a Reply

Your email address will not be published. Required fields are marked *