ချာပတီ နှင့် ပဲဟင်းအချိုချက်

ချာပတီ နှင့် ပဲဟင်းအချိုချက်

မြှောက်ပိုင်းအိန္ဒိယစတိုင် ပဲဟင်းအချိုချက် နှင့် ချာပတီ လုပ်နည်းပါ။ ချာပတီကို ဇီယာ၊ နံနံစေ့ပါ ထည့်ထားတာမို့ ရိုးရိုး ချာပတီနဲ့ မတူပဲ အရမ်းစားလို့ ကောင်းပါတယ်။ အိန္ဒိယစတိုင် ပဲဟင်းနဲ့ ချာပတီနဲ့လည်း လိုက်ဖက်တာမို့ ခုပဲ လုပ်ကြည့်ရအောင်…

ပဲဟင်းတွင် ပါဝင်ပစ္စည်များ

  • ကုလားပဲ – ၁၅၀ ဂရမ် (မပြုတ်မှီ ရေစိမ်ထားပြီ နူအောင် ပြုတ်ပေးပါ)
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စင်းပါ)
  • ခရမ်းချဉ်သီး – ၁လုံး (အစေ့ထုတ် အရှည်လှီးပါ)

  • နံနံစေ့မှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဆနွင်း – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • မဆလာမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်သီးခြောက် – ၂ခု
  • ဇီယာ – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ပျဉ်တော်သိမ်းရွက် – ၅ရွက်
  • ဂီ (သို့) ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း

ပဲဟင်း အချိုချက် ချက်နည်း

၁။ အရင်ဆုံး ပြုတ်ထားသော ပဲများကို လက်ဖြင့် အသာလေး ခြေပေးပါ။

၂။ ပြီလျှင် ဒယ်ထဲ ဂီ(သို့)ဆီ (စားပွဲတင်ဇွန်း၂ဇွန်း) ထည့်ပြီ ငရုတ်သီးမှုန့်၊ ငရုတ်နီခြောက်၊ ပျဉ်တော်သိမ်းရွက်၊ ဇီယာ တို့ကို ဆီသပ်ပေးပြီ ပန်းကန်တစ်ခုထဲ ပြန်ဖယ်ထားပါ။

၃။ ထို့နောက် ဒယ်ထဲ ဂီ(သို့)ဆီ (စားပွဲတင်ဇွန်း ၂ဇွန်း) ထည့် ဆီပူလာလျှင် ကြက်သွန်ဖြူ ဆီသပ်ပါ။

၎။ ပြီလျှင် ခရမ်းချဉ်သီး၊ နံနံစေ့မှုန့်၊ ဆနွင်းကို ထည့်ပြီ ခရမ်းချဉ်သီးနူအောင် ရေအနည်းငယ် ထည့်ပြီ ၃မိနစ်ခန့် တည်ထားပါ။

၅။ ပြီနောက် ပဲ၊ ဆား၊ ကြက်သားမှုန့်၊ ရေ(တခွက်) ထည့်ကာ မီးတင့်သင့်ဖြင့် ၁၀မိနစ်ခန့် တည်ထားပေးပါ။

၆။ ဆီပြန်လာလျှင် အရသာ မြည်းပြီ မီးပိတ်လိုက်ပါ။

ရ။ ပဲဟင်းပေါ်သို့ ပန်းကန်ဖြင့် ဖယ်ထားသော ငရုတ်သီးဆီသပ်များကို ဖြူးလိုက်ပါ။

၈။ ပဲဟင်းအချိုချက်ရပြီဆိုလျှင် ချာပတီ လုပ်ပါမည်။

ချာပတီ ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် – ၁ခွက် (၁၄၀ ဂရမ်)
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ဇီယာ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • နံနံစေ့မှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ရေ – ခွက် ၃ပုံ၁ပုံ
  • ဆီ – လက်ဖက်ရည်ဇွန်း ၂ဇွန်း

ချာပတီ ပြုလုပ်နည်း

၁။ ဇောက်ခွက်တစ်ခုထဲ (ဂျုံ၊ ဆား၊ ဇီယာ၊ နံနံစေ့မှုန့်) တို့ကို ရောနုယ်လိုက်ပါ။

၂။ ထို့နောက် ရေထည့်ပြီ ဂျုံဒိုးသား နူးညံ့သည်အထိ (၂-၃) မိနစ်ထိ နုယ်ပေးပါ။

၃။ ပြီနောက် လက်တွင် ဆီသုတ်ပြီ အရွယ်ညီ ဂျုံဒိုးလုံး (၈လုံး) လုံးပေးပါ။

၎။ ထို့နောက် ဂျုံလုံးလေးများကို ထလိမ့်တုံးဖြစ် အပြားဖြစ်အောင် လုပ်ပေးပါ။ တလိမ့်တုံးတွင် ဂျုံများမကပ်အောင် လိမ့်လျှင် ဂျုံပြားပေါ် ဂျုံမှုန့်များ ဖြူးပေးပါ။

၅။ ဒယ်ပြားကို ဆီအနည်းသုပ်ပြီ မီးတင့်တင့်ဖြင့် ဒယ်ပြားပူလာလျှင် ဂျုံပြားကို တဖက် မိနစ်ဝက်နှုန်းဖြင့် လှန်ပေးပါ။

၆။ ချာပတီရပြီဆိုမှ ပဲဟင်းဖြင့် အရသာရှိစွာ တွဲဖက်သုံးဆောင်လို့ရပါပြီ…

—————————————————————————————————–

19 comments

  1. Nwe Yin Win says:

    Thanks Wutyee, I’ll try this weekend.

  2. Hmone gyi says:

    ko a kone lote tat tar bae good …tal like tae my twin lay 🙂

    • admin says:

      hee.. ကိုယ်အမွှာပဲ ကိုယ်မြှောက်ပြော.. Thanks my lovely twin 😀

  3. Mee Mee says:

    ချာပါတီ က ပွဆေး မလိုဘူးနော် ။တစ်ခါတစ်လေ မပွလို့ ဝတ်ရည်ရေ

  4. Aye Swe says:

    Today, I found your book of 101 dishes, then could buy it.
    Thank you very much.

  5. ayeyumaw says:

    မမ ရေအရမ်းစားလို့ ကောင်းပါတယ်။ဒီထက်မကအောင်မြင်ပါစေနော်။

  6. Nan Myat Mya Khet says:

    Thanks a lot

  7. THINN says:

    HI,

    Pls advise how to make plan naan.

    Thanks

    • admin says:

      ဇီယာ နဲ့ နံနံစေ့မှုန့် မထည့်ရင် ရိုးရိုး ချာပတီ ရါပတယ်..

  8. THINN says:

    HI,

    Pls advise how to make plain naan.

    Thanks
    thinn

  9. zarni says:

    နနွင်းမကင်းလုပ်နည်းလေးတင်ပေးပါအုံး

  10. Natehtwe says:

    ရိုတီလုပ်နည်းတင်ပေးပါနော်
    ကျေးဇူးပါ မဝတ်ရည်

  11. Natehtwe says:

    ရိုတီလုပ်နည်းတင်ပေးပါနော်thanks

Leave a Reply

Your email address will not be published. Required fields are marked *