ရှမ်းပဲပုတ် နှင့် ကြက်သား အာလူးဟင်း

ရှမ်းပဲပုတ် နှင့် ကြက်သား အာလူးဟင်း

ရှမ်းရိုးရာ ဟင်းလျာဖြစ်တဲ့ ရှမ်းပဲပုတ် နှင့် ကြက်သား အာလူးဟင်းပါ။ ချိုစိမ့်တဲ့ ကြက်သား၊ အာလူး အရသာကို ရသာကို ရရှိမှာပါ။ ထမင်းမြိန်မယ့် ဟင်းလျာ တခွက်ပါ။ ချက်ရလည်း လွယ်တာမို့ ခုပဲ ချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင် – ၄၀၀ ဂရမ် (အတုံးလတ်များ တုံးပါ)
  • အာလူး – ၄လုံး (လက်မ၀က်အရွယ် အတုံးများ တုံးပါ)
  • ခရမ်းချဉ်သီး – ၃လုံး (အစေ့ထုတ်ပြီ အရှည်ပါးပါးလှီးပါ)
  • ရှမ်းပဲပုတ် – ၂ခု (ငရုတ်ဆုံဖြင့် ညက်နေအောင် ထောင်းထားပါ)

  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စင်းပါ)
  • ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်သီးမှုန့် – လဖက်ရည်ဇွန်း တ၀က်
  • နံနံပင် – လက်တဆုပ်စာ (ပါးပါးလှီးပါ)
  • ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း ၂ဇွန်းစာ (ပါးပါးလှီးပါ)
  • စပါးလင် – ၂ခု (မညက်တညက်ထောင်းပြီ ချည်ထားပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ခနော ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ရေ – ၃ခွက်
  • ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဇလုံထဲတွင် (ကြက်သား၊ ကြက်သွန်နီ၊ ဆား၊ ကြက်သားမှုန့်၊ ဆနွင်း၊ ငရုတ်သီးမှုန့်၊ ခရမ်းချဉ်သီး၊ ပဲပုတ်၊ စပါးလင်) တို့ကို သမအောင် ရောနုယ်လိုက်ပါ။

၂။ ပြီမှ ဒယ်ထဲ ဆီထည့်ပြီ ဆီပူလျှင် ရောနုယ်ထားသော ကြက်သား၊ ခရမ်းချဉ်သီးအားလုံးကို လုံးပြီ ၂မိနစ်မှ ၃မိနစ်ထိ ချက်ပေးပါ။

၃။ ထို့နောက် အာလူး၊ ရေ(၃ခွက်) ထည့်ကာ အဖုံးအုပ်ပြီ ၁၅မိနစ်ခန့် ကြက်သား နှင့် အာလူးနူးသည်အထိ တည်ထားပေးပါ။

၎။ အသားနူလျှင် အရသာအပေါ့အငံ့ မြည်းပြီ နံနံပင်၊ ကြက်သွန်မြိတ်များ ဖြူးကာ မီးပိတ်လိုက်ပါ။

၅။ အရသာ ရှိပြီ အနံ့မွှေးသော ရှမ်းပဲပုတ်နှင့် ကြက်သား အားလူးဟင်းကို သုံးဆောင်နိုင်ပါပြီ…

—————————————————————————————————————

19 comments

  1. အမရေကျေးဇူးနော် ကူးသွားပြီ

  2. nini says:

    ချက်ကြည့်မယ်နော်

  3. Nyein Thida Thwin says:

    ဝတ်ရည်..ရေ…

  4. Nyein Thida Thwin says:

    ဝတ်ရည်..ရေ…
    ညစာ အတွက် ကူးသွားပြီ…နော်….

  5. ကိုစိုင်း says:

    ကီးမားပလာတာလို ရှမ်းခေါပုတ်နဲ့တွဲပြီးစားလိုက်ရရင်တော့ရှယ်ပဲ ၊ ကီးမားခေါပုတ်ပေါ့ ၊ ဟီး….

  6. Ma Ma Aye says:

    အရသာရှိမဲ့ ပုံဘဲ။ ဝတ်ရည်ရ်ရဲ့ ချက်နည်းလေးတွေကို ကြည့်ပြီး မကြာခဏ ချက်စားဖြစ်တယ်။ ကျေးဇူးအထူးတင် ပါတယ်။

    • admin says:

      အရမ်းစားလို့ ကောင်းပါတယ်။ လုပ်စားကြည့်ပါနော်.. ကျေးဇူး

  7. EhEh says:

    စမ်းချက်ကြည်.ပြီးသွားပြီးအစ်မေ၇။ကောင်းမကောင်း။ Thank you so much. Now, i don’t need to get headache anymore ….:)

  8. moeminhein says:

    ကျေးဇူးပါပဲဗျာ…အသိ ဗမာ တစ်ယောက်ဆီက ရှမ်းပဲပုတ် ရထားတာ ဘယ်လိုချက်ရမလဲလို့ အကြံထုတ်နေတာ …အခုမှပဲ အဆင်ပြေသွားတော့တယ်..

  9. Sarah says:

    မ၀တ်ရည်ရေ … တခုလောက် မသိလို့ မေးပါရစေ .. ခရမ်းချဉ်သီးကို ဘာလို့ အစေ့ထုတ်တာလဲ .. ဟင်းတွေ တော်တော်များများမှာ အဲ့လို အစေ့တွေ ထုတ်ထုတ်ခိုင်းနေတော့လေ အကြောင်းများ ရှိမလားလို့ပါ …

    • admin says:

      ခရမ်းချဉ်သီး အစေ့မထုတ်ရင် ဟင်းအရသာ ပျက်စေလို့ပါ။ ဒါကြောင့် ၀တ်ရည် ချက်ရင် တော်တော်များများ အစေ့ထုတ်ပြီမှ ချက်ပါတယ်..

Leave a Reply

Your email address will not be published. Required fields are marked *