ကြက်သား ပဲပိစပ်

ကြက်သား ပဲပိစပ်

တရုတ်စတိုင် ကြက်သား ပဲပိစပ် ဟင်းလျာပါ။ အရသာ ချို၊ငံ့နဲ့ စားလို့ အရမ်းကောင်းပါတယ်။ အချိန်တိုအတွင်းမှာပဲ အလွယ်တကူ ချက်နိုင်မှာပါ။ ခုပဲ တူတူ ချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ဗုံသား – ၃၀၀ ဂရမ် (အစောင်း ပါးပါးလှီးပါ)
  • ပဲပိစပ် – ၁၀၀ ဂရမ်
  • ငရုတ်သီးပွစိမ်း – ၂ခု (အစေ့ထုတ်ပြီ ၈စိပ်စိပ်ပါ)

  • ခရမ်းချဉ်သီး – ၄လုံး ( အစေ့ထုတ်ပြီ ၆စိပ်စိပ်ပါ)
  • ကြက်သွန်နီ – ၂လုံး ( ၈စိပ်စိပ်ပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စင်းပါ)
  • ငရုတ်သီး အရောင်တင်မှုန့် – စားပွဲတင်ဇွန်း တ၀က်
  • ကြက်သွန်မြိတ် – စည်းဝက် (၁လက်မအရွယ် ပိုင်းဖြတ်ပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • သကြား – စားပွဲတင်ဇွန်း ၄ပုံ၃ပုံ
  • ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း
  • ဂျုံမှုန့် – စားပွဲတင်ဇွန်း ၃ဇွန်း

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ကြက်ရင်ဗုံသားကို ဆား၊ ဂျုံမှုန့် တို့ဖြင့် သမအောင် ရောနုယ်ပါ။

၂။ ဒယ်ထဲ ဆီများများ ထည့်ပြီ ကြက်သားများ အညှိရောင်သန်းသည်အထိ ကြော်ပေးပြီ ဇကာဖြင့် ပြန်ဆယ်ထားပါ။

၃။ ပြီလျှင် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း)ထည့်ပြီ ဆီပူလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ များကို ဆီပူထိုးပါ။

၎။ ပြီနောက် ငရုတ်သီးအရောင်တင်မှုန့် ထည့်ပါ။ ပြီမှ ငရုတ်သီးပွစိမ်း၊ ပဲပိစပ်၊ ရေ(ခွက်တ၀က်) တို့ကို ထည့်ပြီ ၁မိနစ်ခန့် တည်ပါ။

၅။ ထို့နောက် ကြက်သား၊ ခရမ်းချဉ်သီး၊ သကြား တို့ကို ထည့်ပြီ အဖုံးအုပ်ပြီ ၁-၂မိနစ်ခန့် တည်ထားပါ။

၆။ နောက်ဆုံးမှ ကြက်သွန်မြိတ် ဖြူးပြီ အရသာရှိစွာ ကြက်သား ပဲပိစပ်ကို သုံးဆောင်နိုင်ပါပြီ…

—————————————————————————————————————

15 comments

  1. Lynn says:

    Thanks ! I’ll try …

  2. Sandar says:

    This evening , i will cook for my family.
    Thank a lot .

    • admin says:

      ချက်စားကြည့်ပါနော်.. အရမ်းစားလို့ ကောင်းပါတယ်..

  3. doris says:

    Thanks Wutyee

  4. naychi says:

    အရမ်းကြိုက်ပါတယ်။ကျေးဇူးတင်ပါတယ်။

  5. susan says:

    ကြက်၇င်ပုံကို အသားလွှာရမှာပေါ့နော် ဂျုံမှုန့်နဲ့နယ်တဲ့အခါမှာရေနဲနဲ ထဲ့ဖို့ လိုသေးလားမသိဘူး ယိုးဒယားမယ်တံဆိပ် အကြော်ခံမှုန့် သုံးရင် ရလားမသိဘူး ကျေးဇူးပါနော်

  6. May Thet Hnin says:

    မ်ရည်ရေ မွေးနေ့ မှာ ဘုန်းကြီးဆွမ်းချိုင့်ပို့ဖို့ဟင်းရှာတာ ဒီဟင်းလေးကို စိတ်ကူးရသွားတယ်။ ဒါပေမယ့် ပဲပိစပ်ဆိုတာကို နားမလည်လို့ပါ။ တရုတ်ပဲငပိနဲ့ အတူတူဘဲလား သိချင်ပါတယ်။

  7. Ei says:

    လုပ်စားတယ် အရမ်းကောင်းပဲ သိလား

Leave a Reply

Your email address will not be published. Required fields are marked *