ရခိုင် ကြက်သား ငပိဟင်း

ရခိုင် ကြက်သား ငပိဟင်း

ရခိုင်ရိုးရာ ဖြစ်တဲ့ ကြက်သားကို ငပိနဲ့ ချက်ထားတဲ့ ဟင်းလျာပါ။ အရသာက ထူးကဲပြီ ဟင်းနှစ်များများနဲ့ စားလို့ အရမ်းကောင်းပါတယ်။ အလွယ်တကူပဲ အိမ်မှာ ချက်စားနိုင်တာမို့ ခုပဲ လုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင် – ၆ခု (အတုံးလတ်များ ပိုင်းပါ)
  • ခရမ်းချဉ်သီး – ၅လုံး (အစေ့ထုတ်ပြီ အရှည်လှီးပါ)
  • ပဒယ်ဂေါ – ၁ခု (ပါးပါး အရှည်လှီးပါ(သို့) မညက်တညက်ထောင်း ချည်ပါ)

  • ဆနွင်း – လက်ဖက်ရည်ဇွန်း ၃ပုံ၂ပုံ
  • ငရုတ်သီးဆီချက် – လက်ဖက်ရည်ဇွန်း ၂ဇွန်း (ဒယ်ထဲ ဆီထည့်ပြီ ငရုတ်သီး အရောင်တင်မှုန့်ကို ဆီသပ်ပေးပါ)
  • ကြက်သွန်နီ – ၃လုံး (နှုတ်နှုတ်စင်းပါ)
  • ငပိ – စားပွဲတင်ဇွန်း ၃ပုံ၂ပုံ
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ရေ – ခွက် တ၀က်
  • နံနံပင် – လက်တဆုပ်စာ (ပါးပါးလှီးပါ)

ချက်ပြုတ်နည်းများ

၁။ ဒယ်ထဲ ဆီထည့်ပြီ ဆီပူလာလျှင် ကြက်သွန်နီ ၂-၃မိနစ်ခန့် ဆီသပ်ပေးပါ။ ပြီမှ ဆနွင်းမှုန့် ထည့်ပါ။

၂။ ထို့နောက် ပဒယ်ဂေါ၊ ခရမ်းချဉ်သီး ထည့်ပြီ နောက်ထပ် ၁မိနစ်ခန့် တည်ထားပါ။

၃။ ပြီမှ ကြက်သားထည့်ကာ ကြက်သား အရောင်ပြောင်းသည်အထိ လုံးချက်ပေးပါ။

၎။ ပြီလျှင် (ငပိ၊ ဆား၊ ငရုတ်သီးဆီချက်၊ ရေ(ခွက်ဝက်)) တို့ကို ထည့်ပေးကာ နောက်ထပ် ၃မိနစ်ခန့် တည်ထားပါ။

၅။ နောက်ဆုံးမှ နံနံပင်အုပ်ကာ အရသာထူးကဲသည့် ရခိုင် ကြက်သား ငပိဟင်းလျာကို သုံးဆောင်လို့ရပါပြီ…

————————————————————————————————————–

27 comments

  1. wai says:

    ချက်နည်းလေးအတွက် ကျေးဇူး ပါ ဝတ်ရည်.. တိုင်းရင်းသားရိုးရာဟင်းလေးတွေဆို အကုန်ကြိုက်ပြီးသားပဲ… ရခိုင်ဟင်းဆို ပိုလို့ ကြိုက်..

  2. ကိုစိုင်း says:

    ချက်နည်းအတွက် thank you very much ပါ , မ၀တ်ရည်

  3. Nwe Yin Win says:

    Thanks Wutyee. It looks really delicious.
    I will try this weekend.

  4. Nancy says:

    Hello Wutyee
    I like to try this dish. What is ◾ပဒယ်ဂေါ (BaDelGor) in English?
    Thank you!
    Nancy

  5. Ni Ni Lwin says:

    lမဝတ်ရည်ရေ ဌက်ပျောသီးဆနွင်းမကင်းလုပ်နည်းလေးသိချင်လို့ပါ။ကျေးဇူးတင်ပါတယ်နော်။

  6. Aye Aye Mon says:

    ရခိုင်ကြက်သား ငပိပာင်းကို ချက်မစားဘူးသေးဘူး

    ချက်နည်းလေးသိရတဲ့အတွက် မနက်ဖန်ချက်စားလိုက်တော့မယ်နော်

    ကျေးဇူးတင်ပါတယ်ရှင့်

  7. thida says:

    My baby အ တွက် ဟင်းကောင်း တစ်ခွက် ရ တဲ့ အ တွက် ကျေးဇူး ပါ။

  8. Nono says:

    Hello အမရေ ချက်နည်းအတွက်အထူးကျေးဇူးတင်ပါတယ်.. ပဒဲကော english လိုဘယ်လိုခေါ်လည်းတော့မသိဘူး.. US chinese supermarket မှာပုံစံတူတွေ့ လို့ ဝယ်ပြီးချက်လိုက်တယ်..အထုတ်ပေါ်မှာတော့ Galangal ဆိုပြီးရေးထားတယ်.. ဟုတ်မဟုတ်တော့မသိဘူး.. မှားရင်လည်းအရသာတမျိုးထွက်မှာပေါ့.. ဟိဟိ ကျေးဇူးအထူးပါ.. 🙂

  9. Cool Lay says:

    အမ ရဲ့ ဟင်းလက်ရာ ၁၀၂ မျိုးစာအုပ်ကို ဘယ်မှာ ၀ယ်လို့ရနိုင်လဲဟင်

  10. kokozin says:

    ကျေးဇူးအရမ်းတင်ပါတယ်။ကျွန်တေါ်တို.က ထိုင်း နိုင်ငံမှာ ယောက်ကျားလေတွေစုနေတာဆိုတော့ တစ်နေ.နေ. ဘာချက်ရမလဲးမသိဖြစ်နေတယ်။ဈေးမှာတင်ပတ်ချာလည်နေကျရပါတယ်။အခုတော့အဆင်ပြေသွားပါပြီ။ရခိုင်လူမျိုးဆိုပေမယ့်ရခိုင်ဟင်မချက်တက်ပါဘူး။

  11. U than tun says:

    ကြိုက်ပါသည်၊
    ချက်စားမည်၊ကျေးဇူးတင်ပါသည်။

  12. Ko min thu says:

    ရခိုင်ဟင်း လေးတွေ အလွန်စားလို့ကောင်းပါတယ် ရခိုင်မှာ ၅ နှစ်လောက် နေခဲ့တော့ အရသာကို သိနေပါတယ် အလွမ်းပြေပေါ့ တခြား ရခိုင်ဟင်း ချက်နည်းလေးတွေ လည်း သင်ပေးပါဦးအစ်မ ။ အစ်မကို ကျေးဇူးအရမ်းတင်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *