ကြက်သား ကာလသဟင်း

ကြက်သား ကာလသဟင်း

ပွဲတော်ရက်များမှာ ကာလသား(လူငယ်) များစုပြီ အပျော်အဖြစ် ရွာထဲက ကြက်များကို ခိုးယူကာ ဗူးသီးရော ချက်ပြုတ်တဲ့ ဓလေ့ရှိတာမို့ ကြက်သား ကာလသဟင်းဟု အမည်တွင်ခြင်း ဖြစ်ပါတယ်။ တချို့လည်း ပျော်စေပျက်စေ သဘောနဲ့ ကာလသဟင်းထဲမှာ Marijuana(ဆေးခြောက်) ပါထည့်ချက်တယ်လို့ ဆိုပါတယ်။ ဗဟုသုတ ရအောင် ပြောပြတာပါ။ တကယ်လည်း ထည့်မချက်နဲ့ပေါ့နော်.. 😛 ၀တ်ရည် ချက်နည်းထဲမှာတော့ Marijuana မပါပါဘူး။ ကာလသားတွေ ချက်စားတဲ့ ကြက်သား ကာလသားဟင်း ဘယ်လောက် စားကောင်းလည်း ဆိုတာသိဖို့ ကိုယ်တိုင် ချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကြက်သား – ၄၅၀ ဂရမ် (အတုံးသေးများ တုံးပါ)(ကြက်ပေါင်၊ တောင်ပံ၊ ကြက်ခြေထောက် မိမိကြိုက်နှစ်ရာ ထည့်ချက်နိုင်သည်)
  • ဗူးသီး – တ၀က် (အခွံနွှာပြီ တကိုက်စာ အရွယ်လေးများ တုံးပါ)
  • ကြက်သွန်ဖြူ – ၄မွှာ (နှုတ်နှုတ်စဉ်းပါ)

  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
  • ဂျင်း – လက်တဆစ် (မညက်တညက်ထောင်းပြီ အရည်ညှစ်ပါ)
  • စပါးလင် – ၁ခု (မညက်တညက် ထောင်းကာ ချည်ပါ)
  • ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
  • ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း တ၀က်
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ငါးငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
  • ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း

ချက်ပြုတ်နည်း

၁။ ဒယ်ထဲ ဆီထည့်ပြီ ဆီပူလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း ဆီသပ်ပေးပါ။

၂။ ပြီနောက် ဆနွင်းမှုန့်၊ ငရုတ်သီးမှုန့်၊ စပါးလင် ထည့်ပြီ မိနစ်ဝက်ခန့် မွှေပေးပါ။

၃။ ပြီမှ ကြက်သား၊ ဆား ထည့်က၂မိနစ်ခန့် လုံးချက်ပေးပါ။

၎။ ရေ(၂ခွက်) ထည့်ပေးပြီ ကြက်သားကို ဆူအောင် မီးအသင့်တင့်ဖြင့် ၁၀မိနစ်ခန့် တည်ထားပါ။

၅။ ထို့နောက် ဗူးသီး၊ ငါးငံပြာရည်၊ ရေ(၂ခွက်) ရောပြီ နောက်ထပ်၅မိနစ်ခန့် ဆူအောင် တည်ပါ။

၆။ ဗူးသီး အနည်းငယ် နွမ်းသွားလျှင် အရသာအပေါ့အငံ့မြည်းပြီ မီးပိတ်လိုက်ပါ။

ရ။ အရသာကောင်းမွန်တဲ့ ကြက်သား ကာလသားဟင်းကို အရသာရှိစွာ ထမင်းဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ..

 

24 comments

  1. Lynn says:

    I Like it very much and it is easy to cook.Thank you !

    • admin says:

      ဟုတ်ကဲ့ ချက်ရတယ် အရမ်းလွယ်ပြီ စားလို့ကောင်းပါတယ်…

  2. Hmone gyi says:

    one of my favorite too… love it so much

  3. Aye Swe says:

    In some area in MM, it use to cook without gourd, adding green chili, Pin-sein leaf, lemongrass, ginger, garlic, onion, color chili powder, small amount of oil, etc. I think that method is more common in Myanmar.

  4. Aye Aye Mon says:

    မွန် အရင် တုံးက ကြက်ကာလသား ပာင်းချက်ရင် ငြုပ်သီးစိမ်း တစ်ပြားရိုက်ထည့်ပြီး ပင်စိမ်းလေးအုပ်ချက်ဖြစ်တယ် မဆလာလေးလဲထည့်လိုက်တယ်

    ခုချက်နည်းလေးလဲ အပြောင်းအလဲမို့ ချက်စားလိုက်အုံးမယ်နော် ကျေးဇူးတင်ပါတယ်ရှင့်

  5. yanlynn says:

    How to name this Burmese Traditional style cooking method in English?

  6. nyi nyi says:

    အကြိုက်ဆုံး ဟင်းတစ်ခွက်ပါ့ 
    မကြာမကြာချက်စားတယ် ဒီတစ်ခါ အမ ချက် နည်းလေး နဲ့ ချက်စားမယ်ဗျို့ 

  7. April Hsu Mon says:

    ချက်စားကြည့်မယ်နော်….ခုတောင်ဗိုက်ဆာလာပြီ….xP

  8. Thazin says:

    ကျေးဇူးတင်ပါတယ်

  9. ငါးစီးရှင်မြတ်အောင် says:

    ကိုယ်တိုင်ချက်စားကြည့်မယ်. . . ကျေးဇူးတင်ပါတယ်

  10. nainmon says:

    ကျေးဇူးတင်ပါတယ်

  11. Ko min thu says:

    အရမ်းကောင်းမှာပဲ ဟင်းချက်နည်း အသစ်လေးတွေ ရရင် တင်ပေးပါဦး

  12. ko soe lwin says:

    အားပေးပါတယ်

  13. Aung says:

    ကျေးဇူးပါအမ

Leave a Reply

Your email address will not be published. Required fields are marked *