ပုဇွန်အစိမ်းသုပ်

ပုဇွန်အစိမ်းသုပ်

ချဉ်ငံ့စပ် ပုဇွန် အစိမ်းသုပ်ပါ။ ပုဇွန်က အစိမ်းသုပ်ဖို့ လတ်ဆတ်တဲ့ ပုဇွန် ဖြစ်ဖို့တော့ လိုပါတယ်။ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နံနံပင် တို့ဖြင့် ရောသုပ်ထားတာပါ။ ခုပဲ သုပ်စားရအောင်…

ပါဝင်ပစ္စည်းများ

  • ပုဇွန်ကျား – ၂၀၀ ဂရမ် (အမှီချန်ပြီ အခွံနွှာပေးပါ)
  • ကြက်သွန်ဖြူ – စားပွဲတင်ဇွန်း ၂ဇွန်းစာ (နှုတ်နှုတ်စဉ်းပါ)
  • ငရုတ်သီးနီ – ၄-၆ခု (ပါးပါးလှီးပါ)

  • နံနံပင် – စားပွဲတင်ဇွန်း ၂ဇွန်းစာ (နှုတ်နှုတ်စဉ်းပါ)
  • ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၃ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • ဗီနီကာ – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ

ဆော့ရည် ပြုလုပ်နည်း

၁။ ဆော့ရည်ပြုလုပ်ရန် ခွက်တစ်ခုထဲ သကြားကို ရေနွေး(စားပွဲတင်ဇွန်း ၂ဇွန်း)ဖြင့် သကြား အရည်ပျော်အောင် မွှေလိုက်ပါ။

၂။ ပြီနောက် ခွက်ထဲ ကြက်သွန်ဖြူ၊ ငရုတ်သီးနီ၊ နံနံပင်၊ ပဲငံပြာရည်၊ ဗီနီကာ၊ သကြားရည်တို့ဖြင့် သမအောင် ရောမွှေလိုက်ပါ။

သုပ်နည်း

၁။ အရင်ဆုံး ပုဇွန်ကျားကို ဓားဖြင့် ကျောခွဲပြီ ချေးထုတ်ပေးပါ။

၂။ ပြီနောက် ပုဇွန်ကျားများကို ပန်းကန်ပေါ်သို့ တင်ပြီ အပေါ်မှ ဆော့ရည်များကို ဆမ်းလိုက်ပါ။

၃။ ပြီလျှင် အပေါ်မှ သံပရာရည်များ ညှစ်ကာ ပုဇွန်အစိမ်းသုပ်ကို အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…

———————————————————————————————————–

25 comments

  1. အိမ့်ဖူးချို says:

    ကျေးဇူးတင် ပါတယ် ခုလို ချက်ပြုတ်နည်းလေးတွေကို တင်ပေးလို့ နောက်လည်းများများတင်နိုင် ပါစေ အမြဲအားပေးပါ့မယ် ပုဇွန်အစိမ်းသုပ်နည်းကို သိချင်နေတာကြာပြီ မလုပ်တက်လို့ခုမှပဲတွေ့တယ် တကယ်ကျေးဇူးတင် ပါတယ်

  2. Aniston says:

    I love it,,, so delicious … thank you.

  3. Yadanar Wint Maung says:

    Thanks, I like that food recipe and I was looking for it.

  4. Aye Aye Mon says:

    ကျေးဇူးတင်ပါတယ်ရှင့်. ချက်နည်းလေးတွေသိ့ရလို့. ဝမ်းသာပါတယ်ရှင့် နောက်လည်းတင်ပေးပါအုံးနော်

  5. natehtwe says:

    စားလို့ကောင်းမယ့်ပုံပဲ ။

  6. min min hla says:

    အခုလို ဟင်းချက်ပြုတ်နည်းတွေ တင်ပေးထားတော့ မင်းမင်းတို့အတွက် အရမ်းကိုအဆင်ပြေပါတယ် ကျေှးဇူးပြုပြီး ကဏန်းချက်နည်းတွေလည်း တင်ပေးအုံးနော်။

  7. Shine says:

    အမရေ အားပေးသွားပါတယ်.. အိမ်မှာ လုပ်စားကြည့်ပါဦးမယ်။
    ရန်ကုန်ပြန်တုန်းက သူငယ်ချင်းတွေ လိုက်ကျွေးလို့ စားဖူး ကတည်းက ကြိုက်သွားတာ အခုလို လုပ်ပုံလုပ်နည်းလေးနဲ့ တင်ပေးထားတော့ အဆင်သင့်သွားတယ်။ ကျေးဇူးတင်ပါတယ်။
    နောက်တခုက ပုဇွန်ကို ရေနွေးဖျော သေးလား မသိဘူးနော်

    • admin says:

      ရေနွေးဖျော်ဖို့ မလိုပါဘူး.. လုပ်စားကြည့်ပါနော်… 🙂

  8. shwezin says:

    လုပ်စားအုံးမယ် စားချင်းစရားကောင်းတယ်

  9. yinminthwe says:

    thank par sis

  10. kyawswar says:

    thank par ma ma

  11. Thu Ta Aung says:

    အရမ်းပဲ သ​ဘောကျပါသည်

  12. Ko min thu says:

    စားခြင်လာပြီဗျာ ကျေဇူးတင်ပါတယ် အစ်မ

Leave a Reply

Your email address will not be published. Required fields are marked *