ရခိုင် ရေငံ့ ငါးဟင်း
ရခိုင် ရေငံ့ ငါးဟင်း
ရခိုင်စတိုင် ဆီနည်းနည်း ရေကျန် ချက်ထားတဲ့ ရခိုင် ရေငံ့ ငါးဟင်းချက်ပါ။ ပဒယ်ဂေါ၊ ဂျင်းနိုင်နိုင်နဲ့ ချဉ်ငံ့ငံ့စပ်စပ် အရသာကို ရရှိမှာပါ။ ခုပဲ တူတူ ချက်ကြည့်ရအောင်…
ငါးကို နုပ်ထားရန် ပါဝင်ပစ္စည်းများ
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
  • ပဒယ်ဂေါ – လက်တဆစ် (ပါးပါးလှီးပါ)
  • ဂျင်း – လက်တဆစ် (ပါးပါးလှီးပါ)
  • သံပရာသီး – တခြမ်း (အရည်ညှစ်ထားပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဆနွင်း – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
ချက်ရန် ပါဝင်ပစ္စည်းများ
  • ငါးပါးနီ – ၁ကောင် (၄၅၀ ဂရမ်) (ဓားဖြင့် အနည်းငယ် မွှန်းထားပါ)
  • ကြက်သွန်နီ – ၃လုံး (အ၀ိုင်းပါးပါးလှီးပါ)
  • ငရုတ်သီးပွစိမ်း – ၂ခု (အတုံးသေးများ တုံးပါ)
  • ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ် အတုံးသေးများတုံးပါ)
  • ငရုတ်သီးစိမ်း – ၄တောင့် (ထပ်ခြမ်းခြမ်းပါ) (optional)
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • နံနံပင် – စည်းဝက် (ပါးပါးလှီးပါ)
  • ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ငါးပါးနီကို နုပ်ထားရန် ပါဝင်ပစ္စည်းများဖြစ်သော (ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ပဒယ်ဂေါ၊ သံပရာရည်၊ ဆား၊ ဆနွင်း) တို့ကို ကြိတ်စက်ဖြင့် ရောကြိတ်ပြီ ငါးဖြင့် သမအောင် ရောနုယ်ပြီ မိနစ်၂၀ခန့် နုပ်ထားပါ။
၂။ ပြီနောက် ဒယ်ထဲ ဆီထည့် ဆီပူလျှင် ကြက်သွန်နီများ နွမ်းသည်အထိ ဆီသပ်ပေးပါ။
၃။ ပြီမှ ငရုတ်သီးစိမ်း၊ ငရုတ်သီးပွစိမ်း ထည့်ပြီ ၂မိနစ်ခန့် ရောချက်ပေးပါ။
၎။ ထို့နောက် နုပ်ထားသော ငါး၊ ခရမ်းချဉ်သီး၊ နံနံပင်၊ ရေ တစ်ခွက်ထည့်ကာ အဖုံးအုပ်ပြီ ၅မိနစ်ခန့် တည်ထားပါ။
၅။ ငါးကျက်ပြီ ရေနည်းနည်းကျန်လျှင် အပေါ့အငံ့အတွက် ဆား၊ ကြက်သားမှုန့်တို့ကို ထည့်ပေးပါ။
၆။ ထို့နောက် အပေါ်မှ နံနံပင် အနည်းငယ်အုပ်ပြီ မီးပိတ်လိုက်ပါ။
ရ။ အရသာရှိသော ရခိုင် ငါးဟင်းကို သုံးဆောင်နိုင်ပါပြီ…
———————————————————————————————————-
31 comments
  1. daw khin thandar lin says:
    good
  2. july says:
    ချက်​စားဦးမယ်​ အမ​ရေ ​ကျေးဇူးပဲ​နော်​:):):)
  3. moe wathan says:
    မ၀တ်ရည် ဟင်းချက်နည်းတွေတင်ပေးတာ ကျေးဇူးပါ ဟင်းအမယ်အသစ်တွေရတော့ ချက်စားချင်စိတ်တကယ်ဖြစ်မိပါတယ်
  4. Sandar says:
    ရခိုင်ဟင်းကြိုက်လို့ချက်ကြည့်လိုက်အုန်းမယ်။
    ကျေးဇူးအထူးတင်တယ်နော်။
  5. Aye Aye Mon says:
    ကျေးဇူးပါ ညီမရယ်
    သူငယ်ချင်း မြန်မာပြည် လာလည်ရင် ရခိုင်သူမို့ ရခိုင်ရေငံ့. ပာင်းကို ချက်ကျွေးလိုက်မယ်နော်. မွန်လည်း ကြိုက်တယ်
  6. natehtwe says:
    ဟင်းအမယ်တိုင်း ကောင်းတယ် ကြက်ကချင်ဆို အမြဲချက်စားဖြစ်တယ် ကြိုက်လို့လေ ကျေးဇူးပါ မဝတ်ရည်
  7. natehtwe says:
    ကျေးဇူးပါ မဝတ်ရည်
  8. myatmyattun says:
    ညီမရေ
    ဟင်းတွေကတော့ အမ အကြိုက်ရှယ်တွေကြီးဘဲ
    ကျေးဇူးဘဲ
    ချက်စားဖို့ကြိုးစားလိုက်အုံးမယ်
  9. Alan shunka says:
    Good
  10. အမေ့ချစ်သမီ says:
    အမရေ အသီးအရွက် တွေကို ဆန်းဆန်းပြားပြားလေး ချက်တာလေးတွေတင်ပေးပါအုံးနော်။စားချင်လို့ပါ။ကျေးဇူဘဲ။
  11. kkk says:
  12. Seng says:
    ရှယ်ပဲ အမရယ်… တရက်ချက်စားကြည့်အုံးမယ်…
    ကျေးဇူးပဲနော…
  13. Jill Yin-Thu says:
    What is pa-dair-gaw from the recipe?
    Thanks
    • admin says:
      ဂျင်း အမျိုးအစားပါပဲ။ သူက ပူပူစပ်စပ်လေးလည်း ဟင်းအရသာက ပိုမိုထူးခြားစေပါတယ်။ ရခိုင် ဟင်းချက်နည်း တော်တော်များများမှာ သုံးပါတယ်..
  14. Hsi zar says:
    အစ်မ ကျွန်တော်ကြိုက်တယ် ရခိုင်ခရမ်းချဉ်သီးထောင်းပြောပြပါလားဟင်
  15. khaing says:
    ကျနော်တို့ ရခိုင်ဟင်းဆိုတာနဲ့ ဟင်းချက်ရာတွင် မပါမဖြစ်တာက ရခိုင်ငပိပါ- ငပိမပါရင် ဟင်းမဖြစ်ပါ- ကြက်သားမှုန့်ကတော့ ကျနော်တို့ ရခိုင်မျာ ဘယ်ကရမလဲဗျာ- အခုဟင်းက ရခိုင်ဟင်းအတုဖြစ်မယ်ထင်ပါတယ်- (နိုင်ငံခြားစတိုင် ရခိုင်ဟင်းဆိုရင်တော့ ဖြစ်နိုင်ပါတယ်)
  16. Sandar says:
    မမရေ
    ဟင်းချက်နည်းတွေသိရတာ အရမ်းကျေးဇူးတင်ပါတယ်
    တနေ့တမျိုး ချက်စားပါ့မယ်
Leave a Reply to moe wathan Cancel reply
Your email address will not be published. Required fields are marked *