ခရမ်းသီးချက်

ခရမ်းသီးချက်

ရှမ်းစတိုင် ခရမ်းသီးချက် ဟင်းလေးပါ။ ခရမ်းသီး နဲ့ ငါးခြောက်သေးကို ရောချက်ထားတာမို့ ခရမ်းသီးဟင်းထဲမှာ ငါးခြောက်အရသာစိမ့်ဝင်နေပါတယ်။ ထမင်းနဲ့တွဲစားဖို့ လွယ်ကူစွာ ချက်ပြုတ်နိုင်တဲ့ ဟင်းရံ တစ်မျိုးဖြစ်ပါတယ်။ ခုပဲ တူတူချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ခရမ်းသီး – ၂ခု (၄၀၀ ဂ၇မ်)
  • ငါးခြောက်သေး – ၁၅ ဂရမ် (လက်တဆုပ်စာ) (ခေါင်းမပါ)
  • ကြက်သွန်နီ – ၂လုံး (နှုတ်နှုတ်စဉ်းပါ)

  • ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ နှုတ်နှုတ်စဉ်းပါ)
  • ငရုတ်သီးဆီချက် – စားပွဲတင်ဇွန်း ၂ဇွန်း (ငရုတ်သီး အရောင်မှုန့်ကို ဆီသပ်ပေးပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငါးငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
  • ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
  • နံနံပင် – အနည်းငယ် (အလှဆင်ရန်)

ချက်ပြုတ်နည်းများ

၁။ ငါးခြောက်သေးများကို ရေနွေးဖြင့် စိမ်ထားပါ။

၂။ ဒယ်ထဲ ဆီထည့်ပြီ ဆီပူလာလျှင် ကြက်သွန်နီကို ဆီသပ်ပေးပါ။

၃။ ကြက်သွန်နီနွမ်းသွားမှ ခရမ်းချဉ်သီး ၃မိနစ်ခန့် ဆီပူထိုးပေးပါ။

၎။ ပြီနောက် ခရမ်းသီးထည့်ကာ ၁မိန်စ်ခန့် ရောမွှေပေးပါ။

၅။ ပြီမှ ငါးခြောက်သေး(ရေစစ်ပြီသား)၊ ရေ(၁ခွက်)၊ ဆား၊ ငါးငံပြာရည်၊ ငရုတ်သီးဆီချက် တို့ကို ထည့်ပြီ ၅မိနစ်ခန့် အဖုံးအုပ်ပြီ ခရမ်းသီး နွမ်းသည်အထိ တည်ထားပါ။

၆။ နွမ်းပြီဆိုလျှင် အရသာအပေါ့အငံ့ မြည်းကြည့်ပါ။ မီးပိတ်ပြီ နံနံပင် အနည်းငယ် အုပ်ပေးပြီ အရသာရှိစွာ ခရမ်းသီးချက်ဟင်းကို သုံးဆောင်နိုင်ပါပြီ…

—————————————————————————————————————-

13 comments

  1. Thiri says:

    i like it

  2. Win Mon Thein says:

    thanks a lot sis.. 🙂

    I’ll try it

  3. Aye Aye Mon says:

    ညီမရေ. အစ်မက ခရမ်းသီးနှပ်ပဲ ချက်စားနေကြဆိုတော့ ညီမရဲ့ ချက်နည်း အသစ်လေးကို ချက်စားကြည့်မယ်နော်

    ညီမ ဆီကနည်းအသစ်လေး ရတာ ကျေးဇူးပါ. ပညာ ဆိုတာ သင်လို့ မကုန်တာမို့. သင်ဆရာ မြင်ဆရာ များကို

    အမြဲလေးစား ကျေးဇူး တင်လျက်ပါ

    ညီမလေး လဲ. လူအများ အားလုံးကို စေတနာကောင်းကောင်း ရှင်းပြ သင်ပြပေးတဲ့ အကျိုးကြောင့်

    ဒီဘဝမှာ ဆရာကောင်း သမားကောင်းနဲ့ တွေ့ပြီး. တရားထူး တရားမြတ်များ ရပါစေ လို့ အစ်မ ဆုတောင်းပေးပါတယ်ကွယ်

  4. mo mo says:

    ညီမက ဟင်းအရမ်း ချက်​တတ်​ချင်​တာ အမရဲ့ နည်းလမ်း​တွေ အတိုင်း လိုက်​ချက်​မယ်

  5. chozin says:

    မ၀တ်ရည်ရဲ့ချက်နည်းအတိုင်းစမ်းကြည့်မယ်နော်။ညီမတို့ကငပိနဲ့ပဲချက်ဖူးလို့

  6. THEINT says:

    ဒီနေ့အစ်မပြောတဲ့အတိုင်းလိုက်ချက်ကြည့်တာ.. တော်တော်ထမင်းမြိန်တယ်.. အိမ်ကလူတွေလည်းကြိုက်ကြတယ်.. ခရမ်းသီးနှပ်ပဲချက်စားနေကြဆိုတော့ အရသာသစ်တစ်မျိုးတိုးလာတာပေါ့.. ကျေးဇူးအထူးတင်ပါတယ် အစ်မရေ…

  7. zin says:

    ယူရိုပီယန် food ဆိုတာဘယ်လိုဟာမျိုးလည်းအစ်မ

Leave a Reply

Your email address will not be published. Required fields are marked *