စီချွမ့်စတိုင် ၀က်သား တို့ဟူးအစပ်ဟင်း
စီချွမ့်စတိုင် ၀က်သား တို့ဟူးအစပ်ဟင်း
စီချွမ့်ပြည်နယ်ရဲ့ နံမည်ကြီး ဟင်းလျာတစ်ခုဖြစ်တဲ့ Mapo Tofu ပါ။ စီချွမ့်စတိုင် ၀က်သားနဲ့ တို့ဟူးကို စီချွမ့်ငရုတ်ကောင်း၊ Chinese black bean paste၊ chili bean paste၊ နှမ်းဆီ တို့ဖြင့် ချက်ထားတာမို့ အရသာရော၊ အနံ့ပါ အရမ်းကောင်းမွန်ပါတယ်။ စပ်တယ်ဆိုပေမယ့် ရှရှဲဖြစ်သည်အထိ မစပ်ပါဘူး၊ ထမင်းနဲ့ တွဲစားမယ်ဆိုရင် စပ်တယ်ဆိုတာတောင် မေ့ကောင်းမေ့သွားပါလိမ့်မယ်။ ခုပဲ ချက်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
  • ၀က်သား – ၂၀၀ ဂရမ် (၁၅ကျပ်သား) (နှုတ်နှုတ်စဉ်းထားပါ)
  • တို့ဟူး – ၃၀၀ ဂရမ် (ဂျပန်တို့ဟူး အဖြူ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ဂျင်း – လက်ဖက်ရည်ဇွန်း တ၀က် (နှုတ်နှုတ်စဉ်းပါ)
  • ကော်မှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း (ရေအနည်းငယ်ဖြင့် ရောဖျော်ထားပေးပါ)
  • ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်း
  • သကြား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • အချိုမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
  • နှမ်းဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ပဲအမဲအနှစ်[Chinese black bean paste] – စားပွဲတင်ဇွန်း ၁ဇွန်း
  • စီချွမ့် ငရုတ်ကောင်း[Hua Jioa] – လက်ဖက်ရည်ဇွန်း ၁ဇွန်း (မညက်တညက် ထောင်းပါ)
  • ပဲငရုတ်သီး အနှစ်[Chilli bean paste] – စားပွဲတင်ဇွန်း ၂ဇွန်း
မှတ်ချက် ။ ။ ပဲအမဲအနှစ်[Chinese black bean paste], စီချွမ့် ငရုတ်ကောင်း[Hua Jioa],ငရုတ်သီး ပဲအနှစ်[Chilli bean paste] ၃မျိုးကို City Mart နှင့် Ocean တွင် ၀ယ်ယူနိုင်ပါသည်။
ပြင်ဆင်နည်း
၁။ အရင်ဆုံး တို့ဟူးကို အ၀တ်သန့်တစ်ခုဖြင့် အုပ်ပြီ အပေါ်မှ ပန်းကန်ပြားတစ်ချပ် တင်ကာ မိနစ် ၂၀ခန့် ရေစစ်ထားပေးပါ။
၂။ တို့ဟူး ရေစစ်ပြီလျှင် အလယ်မှ ဓားဖြင့် ထက်ခြမ်းခြမ်းပါ။ ပြီမှ အရှည်လိုက် ၄ပိုင်းပိုင်းပြီ အလျားလိုက် ၄ပိုင်ပိုင်းကာ အတုံးလေးများ တုံးပေးပါ။
ချက်ပြုတ်နည်း
၁။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ဂျင်း ဆီသပ်ပေးပါ။
၂။ ပြီမှ black beans နှင့် စီချွမ့်ငရုတ်ကောင်း တို့ကို ထည့်ရောမွှေလိုက်ပါ။
၃။ ထို့နောက် နှုတ်နှုတ်စဉ်းထားသော ၀က်သား၊ ကြက်ပြုတ်ရည်(သို့)ရေ(ခွက် ၄ပုံ၃ပုံ) ထည့်ပြီ ၂မိနစ်ခန့် တည်ထားပါ။
၎။ ပြီလျှင် chilli bean paste၊ ပဲငံပြာရည်၊ တို့ဟူး၊ သကြား၊ အချိုမှုန့် တို့ကိုထည့်ကာ ပွက်ပွက်ဆူဆူအောင် မီးပြင်းပြင်းနဲ့ တည်ထားပါ။
၅။ ပွက်ပွက်ဆူလာလျှင် မီးအသင့်တင့်ပြန်ထားပြီ အပေါ်မှ နှမ်းဆီ၊ ကြက်သွန်မြိတ်များဖြူးပေးပါ။
၆။ ပြီမှ အပေါ်မှ ကော်ရည်များကို ထည့်ပြီ ဇွန်းဖြင့် တို့ဟူးများကို မပဲ့သွားအောင် ဖြည်းဖြည်း ရောမွှေပြီ မီးပိတ်လိုက်ပါ။
ရ။ အရသာရှိသော စီချွမ့်စတိုင် ၀က်သား တို့ဟူးအစပ်ဟင်းလေးကို ထမင်းပူပူလေးနှင့် သုံးဆောင်နိုင်ပါပြီ…
28 comments
  1. Aye Aye Mon says:
    ကျေးဇူးတင်ပါတယ်ရှင့်
    သားလေးအကြိုက်မို့ချက်ကျွေးလိုက်မယ်နော်
    ညီမ လေးရဲ့ လက်တွေ့ချက်ပြပုံပါ အသေးစိတ်မြင်ရတော့ သိတ်သဘောကြမိတယ်
    အစ်မက အသားငါး ဈေးမှာဝယ်တာများတော့ ဂရမ် ရဲ့ ဘေးမှာ. ဖြစ်နိုင်ရင် ကျပ်သားကို ဖော်ပြပေးစေချင်ပါတယ်
    ဂရမ်ကို ကျပ်သား မပြောင်းတတ်သူတွေ အတွက် ပိုအဆင်ပြေတာပေါ့နော်
    မြန်မာနိုင်ငံ နေသူတွေ အတွက်ကတော့ ကျပ်သားဆို ပိုအဆင်ပြေမလား လို့ အကြံပြုတာပါ ညီမရယ်
    ညီမ ပို့ပေးတဲ့ ပာင်းတွေ မုန့်တွေ အတွက် အမြဲ ကျေးဇူး တင်လျက်ပါနော်
    • admin says:
      ဟုတ်ကဲ့၊ ၀တ်ရည်ကြိုးစားပြီ နောက်ပိုင်း ဂရမ် ရော၊ ကျပ်သားပါ တွဲပြီ ဖော်ပြပေးပါ့မယ်။ ဒီဟင်းကို သားသားကြိုက်မှာ သေချာတယ် 😀
  2. Nyo Nyo says:
    Thanks you sis, I am not eating pork, so i will try with chicken.. it is good????
  3. Daw Myint Myint May says:
    မန် တုံ ဖက်ထုပ် လုပ်စားတာ အရမ်းအရသာရှိ
    လို့ အန်တီ့ သမီးတွေ ကပါ ဝတ် ရည် ကို
    ကျေး ဇူးတင်နေကြပါတယ်
  4. shwesinmyinthlaing says:
    I like your page 🙂
  5. မ၀တ်ရည်ရဲ့ postတွေကို ညဘက် မဖတ်ရဲဘူး ဗိုက်အရမ်းဆာလာလွန်းလို့:D
  6. ZARNI OO says:
    မရေ ငရုတ်ကောင်းက သူ့အတိုင်းထည့်တာလား ပြန်လှော်ထောင်းသေးလားဟင် အမြဲအားပေးနေတယ်နော်
    • admin says:
      နည်းနည်း ပြန်လှော်ပြီ ထည့်ရင် အနံ့ပါ ပိုသင်းပါတယ်.. ကျေးဇူးပါနော်..
  7. zawthan says:
    Thanka.sister.i want more chinese cusine.
  8. Yu Yu Lwin says:
    ညီမရေ တစ်နေ့တစ်နေ့ ဘာချက်ရမလဲ စဉ်းစားစရာ မလိုတော့ဘဲ ညီမရဲ့ ဟင်းချက်နည်းတွေနဲ့ အဆင်ပြေနေတယ်လေ …ဒီနေ့ ဒီဟင်းကို ချက်ကျွေးတော့ အစ်မ အမျိုးသားနဲ့ သမီးလေး အရမ်းကြိုက်ကြတယ်….ဟင်းချက်နည်းတွေသိရလို့ အရမ်းကျေးဇူးတင်ပါတယ်…. ဒီရုံးပိတ်ရက်မှာလည်း ညီမရဲ့ နည်းအတိုင်း ရှမ်းခေါက်ဆွဲ လုပ်စားကြည့်အုံးမယ်….. ညီမတို့မိသားစု ထာဝရ ပျော်ရွင်ချမ်းမြေ့ပါစေ…..
    • admin says:
      ပေးတဲ့ဆုနဲ့ ပြည့်ရပါစေ အစ်မရေ။ ၀တ်ရည်ကလည်း ကျေးဇူးပါနော်…
  9. nyi nyi says:
    Really So good….
  10. သီတာ says:
    အမရဲ့ချက်နည်းလေးတွေနဲ့အဆင်ပြေနေပါတယ်ရှင်…..
  11. shwesinmyinthlaing says:
    Thanks
  12. shwesinmyinthlaing says:
    ကျေးဇူးတင်ပါတယ် နောက်ထပ်ဟင်းအသစ်တွေလည်းထပ်ဖော်ပြပေးပါဦနော်
  13. Thanda says:
    ချက်မစားချင်တော့ဘူးအဲ့လိုလေးမျိုးစုံချက်ကြွေးတာထိုင်စားချင်တယ်
  14. yeeyeekhin says:
    very very thankyou wutyee.
  15. khin hnin ei says:
    ချက်စားကြည့်ပြီးပါပြီ။ ကြက်သားနဲ့ကော၊ ၀က်သားနဲ့ပါချက်ပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *