ငပျောသီး Crepe

ငပျောသီး Crepe (၁၀ယာက်စာ)

ဂျပန်မှာ လူကြိုက်များတဲ့ ငပျောသီး crepe ပါ။ အရသာလည်း အရမ်းကောင်းမွန်ပြီ လုပ်ရတာလည်း ပျော်ဖို့ ကောင်းပါတယ်။ ငပျောသီး crepeမှာ ငပျောသီး၊ ချောကလက်ရည်၊ Almond၊ whipped cream အပြင် ရေခဲမုန့်ပင် ပါပါသေးတယ်။ တချို့ကလည်း ဒီ crepe ကိုပဲ စတော်ဘယ်ရီနဲ့ လုပ်ကြပါတယ်။ ဂျပန်မှာ ၀ယ်စားရင် တစ်ခုကို ယမ် ရ၀၀ ဆိုတော့ မြန်မာငွေ ရ၀၀၀လောက် ရှိပါတယ်။ အိမ်မှာ ကိုယ်တိုင်လုပ်ရင် တစ်ခုကို ၁၅၀၀လောက်ပဲ ကုန်ကျတာမို့ အရသာလည်း ရှိပြီ စားလို့ ကောင်းတယ့် ငပျောသီး crepe ကို ခုပဲလုပ်စားရအောင်….

ပန်ကိတ် လုပ်ရန် ပါဝင်ပစ္စည်းများ

  • ထောပတ် – ၁၅၀ ဂရမ်(အတုံး သေးများတုံးထားပါ)
  • နွားနို့ – ၆၀၀ ဂရမ်
  • ကြက်ဥ – ၈လုံး

  • ကိတ်ဂျုံမှုန့် – ၂၂၅ ဂရမ်
  • သကြား – ၁၅၀ ဂရမ်

ငပျောသီး Crepe တွင် ပါဝင်ပစ္စည်းများ

  • သီးမွှေး ငပျောသီး – ၁၀လုံး
  • Ready made Whipped cream – ၄၀၀ ဂရမ်(၁ဗူး)
  • ချောကလက် အရည် – ၁ဗူး
  • မက်မွန်စေ့(Almon) – ၁ထုပ် (မညက်တညက်ထောင်းထားပေးပါ)
  • Vanilla ရေခဲမုန့် – ၁ဗူး
  • စက္ကူအထူ(သို့) packing paper – ၁၀ ရွက် (၅”၊ ၁၀” အရှည်အရွယ်များ ပိုင်းဖြတ်ထားပါ)

ပန်ကိတ် ပြုလုပ်နည်း

၁။ ဒယ်ထဲ ထောပတ်များကို ထည့်ပြီ အရည်ပျော်အောင် တည်ထားပါ။ ပြီလျှင် ခွက်တစ်ခုထဲထည့်ပြီ ဖယ်ထားပါ။

၃။ ဇောက်စတီခွက်ထဲ ကြက်ဥ၊ သကြားကို သမအောင် မွှေတံဖြင့် မွှေပေးပါ။

၎။ ပြီလျှင် ဇလုံထဲ ကိတ်ဂျုံမှုန့်များထည့်ပြီ မွှေတံ(Wirewisk) ဖြင့် ခပ်နာနာလေး ဂျုံမှုန့်၊ ကြက်ဥများ ရောသည်အထိ ခလောက်ပေးပါ။

၅။ ပြီနောက် ခပ်နွေးနွေး(နွားနို့)များကို ဇလုံထဲ ဖြည်းဖြည်းခြင်း လောင်းထည့်ပြီ မွှေတံဖြင့် ရောမွှေပါ။

၆။ နောက်ဆုံးမှ ထောပတ်ရည်များကို အသာလေးမွှေပြီ ဇလုံထဲ ရောမွှေလိုက်ပါ။

ရ။ ပြီနောက် ဇကာဖြင့် ပန်ကိတ်အရည်ကို စစ်ပေးပါ။ ပန်ကိတ်အရည် ရပြီဆိုလျှင် အပေါ်မှ ပလတ်စတစ်အကြည်ဖြင့် အုပ်ပြီ အခန်းအပူချိန်ဖြင့် နာရီဝက်ခန့် ထားပေးပါ။

ပန်ကိတ် ပြုလုပ်နည်း

၁။ ပုံတွင်ပါသည့်အတိုင်း ဒယ်ပြားဝိုင်းကို ဆီစုတ်စက္ကူဖြင့် ဆီအနည်းငယ် သုတ်လိုက်ပါ။

၂။ ဒယ်ပူလာလျှင် ဒယ်ကို မလိုက်ပြီ ပန်ကိတ်ရည်(ယောက်ချိုဇွန်း ၁ဇွန်း) စာကို ဒယ်ပြားအလယ်သို့ လောင်းချလိုက်ပါ။

၃။ ဒယ်ကို အနည်းငယ်စောင်းကာ ပန်ကိတ်အရည်များကို ဘေးသို့ အ၀ိုင်းပုံပြန့်အောင်လုပ်ပြီ အ၀ိုင်းပုံ ပန်ကိတ်ရအောင် ပြုလုပ်ပါ။

၎။ ပြီနောက် မီးအသင့်တင့်ဖြင့် ပန်ကိတ် အရောင်သန်းလျှင် ပန်ကိတ်ကို တူဖြင့် တဖက်ကို လှန်ပြီ ပေးပါ။

၅။ ထို့နည်းအတိုင်း အရွယ်တူ ပန်ကိတ် ၁၀ချပ် ပြုလုပ်ပေးပါ။ ပြီလျှင် ခေတ္တ အအေးခံထားပါ။

ငပျောသီး Crepe ပြုလုပ်နည်း

၁။ ပန်ကိတ်ရပြီဆိုလျှင် ပန်းကန်ပြားထဲ ပန်ကိတ် တစ်ချက်တင်ပြီ Whipped cream ကို ပုံတွင် ပါသည့်အတိုင်း Vပုံဖော်ပေးပါ။

၂။ ထို့နောက် ငပျော်သီးတစ်လုံးကို အစောင်းပါးပါးလှီးပြီ Vပုံအတိုင်း တင်လိုက်ပြီ အပေါ်မှ ချောကလက်အရည်များကို လောင်းချလိုက်ပါ။

၃။ ထို့နောက် အပေါ်မှ Almondကို အနည်းငယ် ဖြူးပေးပါ။

၎။ ပန်ကိတ်ကို တဖက်သို့ ခေါက်ပြီ တြိဂံကန်တော့ပုံ လိပ်ပေးသွားပါ။(ပန်းကန်ပြားကို အနည်းငယ်စောင်းပြီ လိပ်လျှင် ပိုမိုလွယ်ကူသည်)

၅။ ထို့နောက် Packing paper ဖြင့် ကန်တော့ပုံ ငပျောသီး crepe ကို ထုပ်ပေးပါ။

၆။ ထို့နောက် ငပျောသီး Crepe ကို ခွက်တစ်ခုထဲ ထည့်ပြီ။ အပေါ်မှ ရေခဲမုန့် တစ်လုံး ထည့်ပေးပါ။

ရ။ ထို့နောက် အစောင်းလှီးထားသော ငပျောသီး၁ခု၊ Whipped cream အနည်းငယ် နှင့် ရေခဲမုန့်ပေါ်မှ ချောကလက်ရည်၊ Almond အနည်းငယ် ဖြူးပေးပါ။ ထို့နည်းအတိုင်း ကျန် ပန်ကိတ်များကို ပြုလုပ်ပေးပါ။

၈။ နောက်ဆုံးမှ Minion အရုပ်လေးနဲ့ အလှဆင်ပေးပါ။ အရသာရှိပြီ အရမ်းစားလို့ကောင်းတဲ့ ငပျောသီး crepe ကို သုံးဆောင်လို့ရပါပြီ…

11 comments

  1. hmone gyi says:

    woww it look so yummmy and so clever my twin 😀

  2. သဲလေး says:

    အစ်မရေ လုပ်စားကြည့်မယ်..

  3. အစားကြိုက်သူ says:

    Almond ကိုဘယ်မှာ ၀ယ်လို့ရမလဲ။ လုပ်စားကြည့်ချင်လို့

  4. Ma Win Thandar says:

    ဒါမျိုး မစားဖူးဘူး။ စားချင်တယ်

  5. Athet says:

    အမ Hershey က ၁၀ ယောက်စာအတွက် တစ်ဗူးလုံးကုန်လားဟင်…. ထောပတ်က အမဘာသုံးလဲဟင်…အမသုံးတဲ့ ထောပတ်သိချင်လို့ပါ.

    • admin says:

      ချောကလက်ရည်က ဗူးတ၀က်လောက်ပဲ ကုန်တယ် sis.. ထောပတ်က President တံဆိပ်ပါ..

  6. Sandi says:

    အမရေ…minions အရုပ်လေးတွေက ဘယ်မှာဝယ်လို့ရလဲ ။ Thanks

Leave a Reply

Your email address will not be published. Required fields are marked *