ဂဏန်းကင် ဘာဂါ

ဂဏန်းကင် ဘာဂါ

အရသာဆန်းပြီ စားလို့ကောင်းတဲ့ ဂဏန်းကင် ဘာဂါပါ။ ဂဏန်းပျော့ကို ထောပတ်နဲ့ ကင်ထားတာမို့ အနံ့ကလည်း သင်းနေပါတယ်။ စားနေကျဘာဂါတွေနဲ့လည်း မတူပဲ တမူထူးခြားနေတာမို့ ဒီဘာဂါလေးကို တူတူလုပ်စားကြည့်ရအောင်…

ဘာဂါ ပါဝင်ပစ္စည်းများ

  • ဟမ်ဘာဂါ ပါမုန့် – ၃လုံး (ထပ်ပိုင်း ဓားဖြင့် ပိုင်းဖြတ်ထားပါ)
  • ခရမ်းချဉ်သီး – ၂လုံး (အ၀ိုင်းပါးပါးလှီးပါ)
  • ဆလတ်ရွက် – ၁စည်း (ရေစင်အောင် ဆေးပြီ ပါးပါးလှီးထားပါ)

  • ဂဏန်းပျော့ – ၃ကောင် (အရွယ်အစား ကြီး)
  • ထောပတ် – စားပွဲတင်ဇွန်း ၄ဇွန်း
  • ကြက်သွန်ဖြူ – ၁မွှာ (နှုတ်နှုတ်စဉ်းပါ)
  • မရိုနိစ် – ခွက်တ၀က်
  • mustard – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်သီးပွရှည်တောင့် – ၁တောင့် (အစေ့ထုတ်ပြီ နှုတ်နှုတ်စဉ်းထားပါ)
  • သံပရာသီး – တ၀က် (အစေ့ထုတ် အရည်ညှစ်ထားပါ)
  • ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း တ၀က် (ပါးပါးလှီးပါ)
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်

ဂဏန်း ဘာဂါလုပ်နည်း

၁။ အရင်ဆုံး ဂဏန်းပျော့ကို သန့်စင်အောင် ဆေးကြောပေးပါ။

၂။ ပြီနောက် ခွက်တစ်ခုထဲ (မရိုနစ်၊ ငရုတ်သီးပွတောင့်ရှည်၊ သံပရာသီး၊ ကြက်သွန်မြိတ်၊ mustard၊ ငရုတ်ကောင်းမှုန့်) တို့ကို ခွက်တစ်ခုထဲတွင် ရောမွှေပေးပါ။

၃။ ဒယ်ထဲ ထောပတ်များ အရည်ပျော်အောင် တည်ပြီ ကြက်သွန်ဖြူ ဆီသပ်ကာ ခေတ္တ အအေးခံထားပါ။

၎။ ထောပတ်ခွက်ထဲသို့ ဂဏန်းကို စိမ်ပြီ မီးကင်ပြား(သို့) မီးသွေးဖြင့် မကင်ခင် ဆီအနည်းငယ် သုပ်ထားပါ။

၅။ ပြီနောက် တဖက်ကို ၃မိနစ်နှုန်းဖြင့် ၆မိနစ်ခန့်ကင်ပေးပါ။ ကင်နေစဉ်အတွင်း ဂဏန်းကို ထောပတ်ရည်များ သုတ်ပေးပါ။

၆။ ဂဏန်းကင် ရပြီဆိုလျှင် ဘာဂါ စလုပ်ပါမည်။ ဟမ်ဘာဂါ ပါမုန့် ၁လုံးထောပတ်သုပ်ပြီ အနည်းငယ် ပါမုန့်အညှိရောင်သန်းသည်အထိ မီးပြလိုက်ပါ။

ရ။ ပြီနောက် ပါမုန့်ပေါ်သို့ အစဉ်အတိုင်း (ခရမ်းချဉ်သီး၊ ဆလတ်ရွက်၊ မရိုနစ်၊ ဂဏန်းကင်) တို့ကို ထည့်ပေးပါ။

၈။ ထို့နည်းအတိုင်း ကျန်ဘာဂါကို ပြုလုပ်ပါ။

၉။ အရသာရှိပြီ စားလို့ အရမ်းကောင်းသည့် ဂဏန်းကင်ဘာဂါကို သုံးဆောင်လို့ရပါပြီ…

 

8 comments

  1. Nyo Nyo says:

    thanks you sis, i will try to do…

  2. wyutyi says:

    မဝတ်ရည်ကတော့လုပ်လိုက်ရင်အဆန်းကြီးဘဲလုပ်စားကြည့်လိုက်ဦးမယ်ကျေးဇူးဘဲနော်မမ။

    • admin says:

      ဟီးဟီး။ လုပ်စားကြည့် sis.. အရမ်းစားကောင်းတယ်… 😉

  3. Myaing says:

    ဂဏန်းပျော့ကို ကြိုက်တယ် လုပ်စားကြည့်ဦးမယ်နော် ကျေးဇူးပါပဲ
    အန်တီမြိုင်ကတော့ ပဲပုတ်ပြားအဝိုင်းကို မီးကင်ပြီး သတ်သတ်လွတ်ဘာဂါလုပ်စာဘူးတယ်

    • admin says:

      ပဲပုတ်မီးကင်ပြီ ဘာဂါလေး မိုက်မှပဲ။ ကျေးဇူးပါ အန်တီ.. 🙂

  4. Aye Aye Mon says:

    မစားဘူးသေးလို့ လုပ်စားတတ်သွားပြီ နော် ကျေးဇူးပါ ညီမလေး

Leave a Reply

Your email address will not be published. Required fields are marked *