ပင်လယ်စာ နှင့် ကန်စွန်းရွက် တန်ပူရာကြော်

ပင်လယ်စာ နှင့် ကန်စွန်းရွက် တန်ပူရာကြော်

ထိုင်းစတိုင် ပင်လယ်စာ နှင့် ကန်စွန်းရွက် တန်ပူရာကြော်ပါ။ ကန်စွန်းရွက်ကို တန်ပူရာနဲ့ ကပ်ပြီ ကြော်ထားတာမို့ ကြွပ်ကြွပ်ရွရွနဲ့ ပင်လယ်စာ ငရုတ်သီးဆော့နဲ့ အရမ်းလိုက်ဖက်ပါတယ်။ ချက်စားရလည်း လွယ်ကူတာမို့ ခုပဲ ချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • တရုတ်ကန်းစွန်းရွက် – ၁စည်း (အရိုးပိုင်းကို ဓားဖြင့် ဖယ်ပြီ ရေစင်အောင် ဆေးထားပါ)
  • ပုဇွန်ကျား – ၁၀၀ ဂရမ် (ခေါင်း၊ အခွံနွှာထားပေးပါ)

  • ကင်ပွန်း – ၁၀၀ ဂရမ်(ခေါင်းဖြုတ်၊ အထဲ ဆေးကြောပြီ လက်မ၀က်အရွယ်လေးများ ပိုင်းဖြတ်ပါ)
  • ၀က်သား – ၅၀ ဂရမ် (နှုတ်နှုတ်စဉ်းထားပါ)
  • တန်ပူရာမှုန့် – ၅၀ ဂရမ်
  • ငရုတ်သီးနီ – ရတောင့် (မညက်တညက် ထောင်းထားပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း ၁ဇွန်းစာ (ပါးပါးလှီးပါ)
  • တရုတ်နံနံပင် – အနည်းငယ် (ပါးပါးလှီးပါ)
  • ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
  • သံပရာသီး – တ၀က် (အရည်ညှစ်ပါ)
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း

ပြင်ဆင်နည်း

၁။ ဒယ်အိုးထဲ ရေ၁ခွက်ခွဲ ထည့်ပြီ ဆူလာလျှင် ပုဇွန် နဲ့ ကင်ပွန်းကို ၁မိနစ်ခန့် ရေနွေး ဖျော်ပေးပြီ ပြန်ဆယ်ထားပါ။

၂။ ၀က်သားကို ဒယ်အိုးထဲ ရေ၁ခွက်ထဲ ပြီ ဆူလာလျှင် ၂မိနစ်ခန့် ရေနွေးဖျော်ပေးပြီ ပြန်ဆယ်ထားပါ။

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ခွက်တစ်ခုထဲတွင် တန်ပူရာမှုန့် နဲ့ ရေအေး(၁ခွက်)ဖြင့် ခပ်ပျစ်ပျစ်လေး မွှေတံဖြင့်  ရောမွှေပေးပါ။

၂။ ထို့နောက် မှုန့်နှစ်ခွက်ထဲ ကန်စွန်းရွက်များ ထည့်စိမ်ပေးပါ။

၃။ ဒယ်ထဲ ဆီများများထည့်ပြီ ဆီပူလာလျှင် နှစ်သုတ်လိုက်ခွဲ၍ ကန်စွန်းရွက် တန်ပူမှား အရောင်သန်းလာသည်အထိ ကြော်ပေးပြီ ဇကာဖြင့် ပြန်ဆယ်ပေးထားပါ။

၎။ ထို့နောက် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ ဆီသပ်ပေးပါ။

၅။ ပြီလျှင် ငရုတ်သီး၊ ပဲငံပြာရည်၊ သကြား၊ သံပရာရည်၊ ၀က်သား၊ ပုဇွန်၊ ကင်ပွန်း ထည့်ပြီ ရောမွှေပေးပါ။

၆။ ပြီနောက် ကြက်သွန်မြိတ်၊ နံနံပင် အုပ်ပြီ မီးပိတ်လိုက်ပါ။

ရ။ ပန်းကန်ထဲ ပင်လယ်စာ ငရုတ်သီးဆော့ထည့်ပြီ ကန်စွန်းရွက် တန်ပူရာကြော် အုပ်ပေးပါ။

၈။ အရသာရှိသော ပင်လယ်စာ နှင့် ကန်စွန်းရွက် တန်ပူရာကြော်ကို သုံးဆောင်လို့ရပါပြီ…

11 comments

  1. hmone gyi says:

    never tried before…wanna eat and seem healthy too

  2. wyutyi says:

    စားချင်လာပြီအမရေ….good good , thanks thanks မဝတ်ရည်:)

  3. Aye Aye Mon says:

    ကျေးဇူးပါညီမလေး

  4. thida says:

    ကြိုက်တယ်။Thanks

  5. myatthinkyaw says:

    အရမ်းစားချင်လာပြီး

Leave a Reply

Your email address will not be published. Required fields are marked *