စာနှိုက်ကင်

စာနှိုက်ကင်

အမေရိကန် စတိုင် စာနှိုက်ကင်။ အရသာလည်း ရှိပြီ လုပ်ရလည်းလွယ်တဲ့ စာနှိုက်ကင်ပါ။ ခုပဲ တူတူလုပ်ကြည့်၇အောင်…

ပါဝင်ပစ္စည်းများ

  • စာနှိုက် – ၄ကောင်
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
  • သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

  • ငရုတ်သီး အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • နံနံစေ့မှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ဇီယာမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • သစ်ဂျပိုးမှုန့် – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
  • နွားနို့ – ၁ခွက် (၂၀၀ မီလီလီတာ)
  • လီမွန်ရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ပျားရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း

ကင်နည်း

၁။ အရင်ဆုံး ခွက်တစ်ခုထဲတွင် (ဆား၊ သကြား၊ ငရုတ်သီးမှုန့်၊ နံနံစေ့မှုန့်၊ ဇီယာမှုန့်၊ သစ်ဂျပိုးမှုန့်) ကို ရောမွှေလိုက်ပါ။

၂။ စာနှိုက် ရင်ဗုံအလယ်ပိုင်းမှာ ဓားဖြင့် ထက်ခြမ်းခြမ်းထားပေးပါ။

၃။ ၀ါးတုတ်များဖြင့် သီးပေးပြီ ရောမွှေထားသော ငရုတ်သီးမှုန့်များကို စာနှိုက်ပေါ်သို့ဖြူး ပေးပါ။

၎။ ထို့နောက် နွားနို့ခွက်ထဲ စာနှိုက်များကို စိမ်ထားပြီ နာရီဝက်ခန့် ရေခဲသေတ္တာ(အောက်ထပ်)တွင် နုပ်ထားပေးပါ။

၅။ စာနှိုက်ကင် မကင်ခင် ခွက်တစ်ခုထဲ (ပျားရည်၊ လိမ္မော်ရည်၊ သံလွင်ဆီ) ကို ရောမွှေပြီ စနှိုက်ပေါ်သို့ သုပ်ပေးပါ။

၆။ စာနှိုက်ကင် စကင်လို့ရပါပြီ။ မီးကင်ပြား(သို့) Oven ကို အပူပေးထားပါ။ တဖက်ကို ၁၀ မိနစ်နှုန်းဖြင့် မိနစ် ၂၀ခန့် ကင်ပေးပါ။

ရ။ ချိုစိမ့်စိမ့် အရသာရှိပြီ စားလို့ကောင်းတဲ့ စာနှိုက်ကင်ကို ကြိုက်နှစ်သက်ရာ ဆလတ်သုပ်ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…

6 comments

  1. hmone gyi says:

    sar chin like tar…i really like this dish 🙂

  2. Aye Aye Mon says:

    ကျေးဇူးပါ ညီမလေး. ညီမချက်ပုံနဲ့ လုပ်နည်း ကိုရှင်းပြတာ သဘောကြတာနဲ့ Wutyee Food House. ပာင်းလက်ရာ ၁၀၁ မျိုး စာအုပ်ကို ဝယ်ထားတယ် ညီမလေး. နောက်ထပ် စာအုပ်ထွက်သေးလား

    • admin says:

      အားပေးလို့ ကျေးဇူးပါနော် sis။ နိုင်ဝင်ဘာလကုန်ရင် နောက်ထပ် စာအုပ်သစ်ထွက်ဖို့ရှိပါတယ်.. 🙂

  3. khin Ohn Mar says:

    Dear Wut yee,
    စနိုက်အစား ကြက်သားကိုသုံး၇င်ကော၇လား?

    Thanks in advance,
    Ma Ohn Mar

Leave a Reply

Your email address will not be published. Required fields are marked *