Tortilla ချိစ်၊ ခရမ်းချဉ်သီးကင်

Tortilla ချိစ်၊ ခရမ်းချဉ်သီးကင် (၆ခုစာ)

မက်ဆီကန်စတိုင် Tortilla ချိစ်၊ ခရမ်းချဉ်သီး ကင်လေးပါ။ Tortilla ဂျုံပြားထဲ ချိစ်၊ ခရမ်းချဉ်သီး၊ ငရုတ်သီး ထည့်ပြီ ရောကင်ထားပါ။ ကင်တဲ့အခါ မီးသွေးနဲ့ ကင်နိုင်သလို၊ Oven နဲ့လည်း ကင်လို့ရပါတယ်။ ကင်လိုက်တဲ့အခါ အထဲကချိစ်က အရည်ပျော်သွားပြီ၊ Tortilla ကြွပ်ကြွပ်ရွရွနဲ့လေး အရမ်းကို စားလို့ကောင်းပါတယ်။ အရသာကတော့ ငရုတ်သီးပါတာမို့ ခပ်စပ်စပ်အရသာပါ ရရှိမှာပါ။ Tortilla ပြားလုပ်နည်းလေးပါ ထည့်သွင်းပေးတာမို့ အလွယ်တကူ လုပ်စားနိုင်မှာပါ။ အစာပြေပဲဖြစ်ဖြစ်၊ လုပ်စားနိုင်တာမို့ ခုပဲ လုပ်စားကြည့်ရအောင်…

ကင်ရန် ပါဝင်ပစ္စည်းများ

  • Tortilla ပြား – ၆ချပ်
  • ချိစ်ပြား – ၉ချပ်
  • ခရမ်းချဉ်သီး – ၃လုံး (အ၀ိုင်းပါးပါးလှီးပါ)

  • ငရုတ်သီးတောင့်ရှည်နီ – ၁တောင့် (ပါးပါးလှီးပါ)
  • ငရုတ်သီးတောင့်ရှည်စိမ်း – ၁တောင့် (ပါးပါးလှီးပါ)
  • နံနံပင် – စည်းဝက် (ပါးပါးလှီးထားပါ)
  • ငရုတ်ကောင်းမှုန့် – အနည်းငယ် (အပေါ်မှဖြူးရန်)
  • ဆား – အနည်းငယ် (အပေါ်မှ ဖြူးရန်)
  • ထောပတ် – စားပွဲတင်ဇွန်း ၃ဇွန်း (အရည်ပျော်အောင် ပြုလုပ်ထားပါ)

Tortilla ပြားအတွက် ပါဝင်ပစ္စည်များ

  • ဂျုံမှုန့် – ၂ခွက်စာ
  • baking powder – လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ
  • ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ရေ – ခွက်တ၀က် (warm water)
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်

Tortilla ပြား ပြုလုပ်နည်း

၁။ အရင်ဆုံး ဇလုံတစ်ခုထဲတွင် (ဂျုံမှုန့်၊ baking powder) တို့ကို သမအောင်ရောနုယ်လိုက်ပါ။

၂။ ပြီမှ ခွက်တစ်ခုထဲတွင် ရေ(ခွက် တ၀က်)ထည့် ဆားထည့်ပြီ ဆားပျော်ဝင်သည်အထိ မွှေပေးပါ။

၃။ ပြီနောက် ရေကို ဂျုံခွက်ထဲသို့ ဖြည်းဖြည်းခြင်း လောင်းထည့်ပြီ သမအောင်ရောနုယ်ပေးပါ။

၎။ ဂျုံဒိုးသား နူညံ့သည်အထိ ခပ်နာနာလေး နုယ်ပေးပါ။ ပြီမှ ဆီ(စားပွဲတင်ဇွန် ၁ဇွန်း) ထည့်ကာ ထည့်နုယ်ပေးပါ။

၅။ ဂျုံဒိုးနူညံ့ပြီဆိုလျှင် ဂျုံဒိုးလုံးကို အပေါ်မှ အ၀တ်ဖြင့်အုပ်ကာ မိနစ်၂၀ခန့် ခေတ္တထားထားပေးပါ။

၆။ ပြီမှ ဂျုံဒိုးလုံးကို ၆ပိုင်းပိုင်းပြီ လက်တွင် ဆီအနည်းငယ်သုတ်ပြီ အလုံးသေးများ လုံးပေးပါ။

ရ။ စားပွဲပေါ် ဂျုံမှုန့် အနည်းငယ်ဖြူးကာ အလုံးများကို ဒလိမ့်တုံးဖြင့် အ၀ိုင်းပြား ဖြစ်အောင် ပါးနိုင်သမျှ ပါးအောင် လိမ့်ပေးပါ။ အ၀ိုင်းပုံရအောင် ဘေးသားများကို ဓား (သို့) Pizza cutter ဖြင့် ဖြတ်ပေးပါ။

၈။ ထို့နည်းအတိုင်း ကျန် ဂျုံလုံးများကို ပြုလုပ်ပေးပါ။

၉။ ဒယ်ပြားကို မီးတင့်တင့်ဖြင့် ဒယ်ပြားပူလာလျှင် Tortilla ဒိုးပြားကို တဖက် ၁၅စက္ကန့်နှုန်းဖြင့် လှန်ပေးပါ။

၁၀။ Tortilla ပြားများရပြီဆိုလျှင် ကင်ဖို့ ပြင်ပါတော့မည်။

ကင်နည်း

၁။ အရင်ဆုံး Tortilla ပြားပေါ် ချိစ်ပြား(၁ချပ်ခွဲ) အပိုင်းလေးများ ခင်းပေးပြီ အပေါ်မှ ခရမ်းချဉ်သီး တင်ပေးပါ။

၂။ ထို့နောက် အပေါ်မှ နံနံပင်၊ ငရုတ်တောင့်ရှည် အနီ၊ အစိမ်း ၂ခုစီ တင်ပေးပြီ ငရုတ်ကောင်းမှုန့်၊ ဆား အနည်းငယ် ဖြူးပေးကာ Tortilla ပြားကို ထက်ပိုင်းခြောက်လိုက်ပါ။

၃။ ထို့နည်းအတိုင်း ကျန် Tortilla များကို ပြုလုပ်ပေးပါ။ ကင်ရန်အတွက် မီးကင်ပြားကို ဆီအနည်းငယ် သုပ်ထားပေးပါ။

၎။ ပြီလျှင် Tortilla ကင်နေစဉ် ထောပတ်ရည်များကို အပေါ်မှ သုပ်ပေးပြီ တဖက်ကို ၁မိနစ်ခန့်ဖြင့် ၂မိနစ်ကင်ပေးပါ။

၅။ Tortilla အညှိရောင်အနည်းငယ်သန်းလာပြီ ချိစ်အရည်ပျော်ပြီဆိုလျှင် ရပါပြီ။

၆။ အရသာရှိသော Tortilla ကင်ကို အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…

—————————————————————————————————

 

 

 

 

10 comments

  1. Zar says:

    I do love it. Going to try. Thank you Wut Yee.

  2. yinyinsan says:

    များ များပို့လာ ပါ

  3. Balkyaw says:

    အရမ်းကျေးဇူးတင်တယ်

  4. cheerry says:

    အဟာရရော အရသာပါ ပြည့်စုံမဲ့ပုံပဲနော် …… . .ကျေးဇူး ညီမရေ..ကလေးတွေကိုလုပ်ကျွေးလိုက်အုံးမယ်

  5. […] Tortilla ချိစ် နှင့် ခရမ်းချဉ်သီးကင် […]

  6. Mahawgani says:

    Thank You! so much for sharing all delicious recipe with us.
    You are as lovely as your food.
    Thumb Up!!!

Leave a Reply

Your email address will not be published. Required fields are marked *