ဝက်သားလုံး ငုန်းဥ အစာသွပ်

ဝက်သားလုံး ငုန်းဥ အစာသွပ်

ဝက်သားလုံး ငုန်းဥ အစာသွပ် လုပ်နည်းလေးပါ။ ၀က်သားလုံးကို တာကီယာကီဆော့နဲ့ ချက်ထားမို့ အရသာက အရမ်းကောင်းမွန်ပါတယ်။ လုပ်ရတာလည်း လွယ်ပြီ စားလို့ ကောင်းပါတယ်။ ထမင်းနဲ့ တွဲဖက် စားသုံးမယ်ဆိုလည်း အရမ်းလိုက်ဖက်တာမို့ ခုပဲ တူတူ ချက်ကြည့်ရအောင်…

ဝက်သားလုံးတွင် ပါဝင်ပစ္စည်းများ

  • ၀က်သား – ၃၂၀ ဂရမ် (၂၀ကျပ်သား) (နှုတ်နုတ်စဉ်းထား ပါ)
  • ငုန်းဥ – အလုံး ၂၀ (ကျက်အောင်ပြုတ်ပြီ အခွံနွှာထားပေးပါ)
  • ကြက်သွန်မြိတ် – စည်းဝက် (ပါးပါးလှီးပါ)

  • ဆား – လက်ဖက်ရည်ဇွန်း ၃ပုံ၂ပုံ
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်
  • ပါမုန့်ခြောက် – ၅၀ ဂရမ်
  • နွားနို့- စားပွဲတင်ဇွန်း ၂ဇွန်း
  • ကြက်ဥ – ၁လုံး
  • ဂျုံမှုန့် – ၅၀ ဂရမ်
  • ကော်မှုန့် – စားပွဲတင်ဇွန်း တ၀က် (ရေဖြင့် ရောဖျော်ထားပေးပါ)

ဆော့တွင် ပါဝင်ပစ္စည်းများ

  • သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
  • Mirin (ဆန်ဝိုင်အချို) – စားပွဲတင်ဇွန်း ၂ဇွန်း
  • ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
  • ဆာကေး(ဆန်ဝိုင်) – စားပွဲတင်ဇွန်း ၁ဇွန်း

ဆော့ပြုလုပ်နည်း

၁။ ဆော့တွင် ပါဝင်ပစ္စည်းများဖြစ်သော (ဆန်ဝိုင်အချို၊ သကြား၊ ဆန်ဝိုင်၊ ပဲငံပြာရည်) များကို ခွက်တစ်ခုထဲတွင် ရောမွှေထားပါ။

ဝက်သားလုံး ချက်ပြုတ်နည်း

၁။ အရင်ဆုံး ခွက်တစ်ခုထဲတွင် ပါမုန့်ခြောက် နှင့် နွားနို့ကို ရောမွှေလိုက်ပါ။

၂။ ပြီမှ ဇောက်ခွက်ထဲ (၀က်သား၊ ကြက်ဥ၊ ကြက်သွန်မြိတ်၊ ပါမုန့်ခြောက်၊ နွားနို့၊ ဆား၊ ငရုတ်ကောင်းမှုန့်) တို့ကို ထည့်ပြီ သမအောင် ရောနုယ်ပေးပါ။

၃။ ထို့နောက် ရောနုယ်ထားသော ၀က်သား(စားပွဲတင်ဇွန်း ၁ဇွန်း) ငုန်းဥ အစာသွပ်ပြီ အ၀ိုင်းလုံးလေးတွေ ရအောင် လက်ဖြင့် လုံးပေးပါ။ ထိုနည်းအတိုင်း ကျန်ဝက်သားနဲ့ ငုန်းဥများကို အလုံးလုံးပေးပါ။

၎။ ပြီလျှင် ငုန်းဥ အစာသွပ်ထားသော ၀က်သားလုံးများကို ဂျုံအနည်းငယ် ကပ်ပေးပါ။

၅။ ပြီနောက် ဒယ်ထဲ ဆီများများထည့်ပြီ ၀က်သားလုံးများ အညှိရောင်သန်းသည်အထိ မီးအသင့်တင့်ဖြင့် ကြော်ပေးပြီ ဇကာဖြင့် ပြန်ဆယ်ထားပါ။

၆။ ထို့နောက် ဒယ်ထဲ ဆော့ရည်များ ထည့်ပြီ ဆူအောင် တည်ထားပါ။ ဆူလာလျှင် ၀က်သားလုံးများကို ထည့်ပြီ ဆော့ရည်ဖြင့် သမအောင် ရောမွှေပေးပါ။

ရ။ ပြီမှ ကော်ရည်ကို ထည့်ပြီ အပေါ်မှ ကြက်သွန်မြိတ်လေးများ ဖြူးပြီ အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…

9 comments

  1. yinyinsan says:

    reply ပြန်လာဖို့ဘယ်လိုလုပ် ရေးပို့ရမလဲ

  2. moe says:

    ဆော့ရည်ကို တခြားဘာနဲ့လုပ်လို့ရသေးလဲ.?

  3. Zin Zin Moe says:

    စားချင်တယ်…ဒါနဲ့ ဆန်ဝိုင်က ဘယ်လိုဝယ်ရမှာလဲ ….အစ်မ…Ocean မှာ ရှိလားဟင်… အစ်မ အရမ်းကျေးဇူးတင်တယ်… အမြဲတမ်း အားပေး ဖတ်ရှု၊ စမ်းသပ် ချက်ကြည့် နေပါတယ် 🙂

  4. yinminthwe says:

    အရမ်းကြိုက်တယ် လုပ်စားကြည့်မယ်အမ

  5. cheerry says:

    ညီမရေ..recent posts တွေက ချက်ပြုတ်နည်းထဲမှာ မဝင်ဘူးနော် နောက်ပိုင်းပြန်ရှာချင်ရင် ဘယ်မှာရှာရမလဲ..?
    Email Subcription လည်းလုပ်ပေမယ့် အစ်မ mail ထဲဘာမှမဝင်ဘူးဖြစ်နေတယ်ညီမရေ. ဘာလွဲနေလို့လည်းမသိဘူ….အကြံပေးပါအုံးနော်

  6. mawmaw naing says:

    thanks wutyee i like this

  7. seng says:

    အမ… ဆန်ဝိုင်ကို တမျိုးထဲ သုံးလို့မရဘူးလားဟင်…

  8. shunlatt says:

    mama yay korean soondae bookeum lote nee nae pa shuu htamin kyaw nee lay tin pay par naw.
    Mama yae fan par.
    reply pay naw

Leave a Reply

Your email address will not be published. Required fields are marked *