ဂျပန်စတိုင် တို့ဟူးကြော်

ဂျပန်စတိုင် တို့ဟူးကြော်

ဂျပန်စတိုင် တို့ဟူးကြော်ပါ။ တို့ဟူးကို ဆန်ဝိုင်း၊ ပဲငံပြာရည်၊ နှမ်းဆီ တို့နှင့် နုပ်ထားပြီမှ ကြော်ထားတာပါ။ အဆာပြေ လုပ်စားမယ်ဆိုရင်လည်း အလွယ်တကူ လုပ်စားလို့ရပါတယ်… ခုပဲ ချက်နည်းလေး ကြည့်ရအောင်…

တို့ဟူးကြော်တွင် ပါဝင်ပစ္စည်းများ

  • ၃၀၀ ဂရမ် (ဂျပန်တို့ဟူး အဖြူ)
  • ကြက်သွန်မြိတ် – စည်းဝက် (အစောင်း ပါးပါးလှီးပါ)

နုပ်ထား၇န် ပါဝင်ပစ္စည်းများ

  • ဆာကေး(ဆန်ဝိုင်) – စားပွဲတင်ဇွန်း ၄ဇွန်း
  • ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
  • နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကြက်သွန်ဖြူ – ၁မွှာ ကြက်သွန်ဖြူ – ၁မွှာ (ပါးပါးလှီးပေးပါ)
  • ဂျင်း – လက်တဆစ် (မညက်တညက်ထောင်းပြီ အရည်ညှစ်ပေးပါ)

ဆော့ရည် ပြုလုပ်နည်း

၁။ ခွက်တစ်ခုထဲ (ဆန်ဝိုင်၊ ပဲငံပြာရည်၊ သကြား၊ နှမ်းဆီ၊ ကြက်သွန်ဖြူ၊ ဂျင်း) တို့ကို သမအောင် ရောမွှေပေးပါ။

ချက်ပြုတ်နည်း

၁။ အရင်ဆုံး တို့ဟူးကို အ၀တ်သန့်တစ်ခုဖြင့် အုပ်ပြီ အပေါ်မှ ပန်းကန်ပြားတစ်ချပ် တင်ကာ မိနစ် ၂၀ခန့် ရေစစ်ထားပေးပါ။

၂။ တို့ဟူး ရေစစ်ပြီလျှင် အလယ်မှ ဓားဖြင့် ထက်ခြမ်းခြမ်းပါ။ လက်မ၀က် အထူများ လှီးပေးပါ။

၃။ ထို့နောက် ပန်းကန်တစ်ခုထဲ တို့ဟူးထည့်ပြီ အပေါ်မှ ဆော့၇ည်များ လောင်းချကာ နာရီဝက်ခန့် နုပ်ထားပေးပါ။

၎။ ထို့နောက် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီ တို့ဟူးများ အရောင်ရအောင် လှန်ပြီ ၁မိနစ်ခန့် ကြော်ပေးပါ။

၅။ ပြီမှ ဆော့ရည်ထည့်ပြီ မီးအသင့်တင့်ဖြင့် ၄မိန်ခန့် အရည်ခမ်းသည်အထိ တည်ထားပေးပါ။ ၂မိနစ်ခြားတခါ နောက်တဖက်သို့ ဇွန်းဖြင့် အသာလေး လှန်ပေးပါ။

၅။ တို့ဟူးကြော် ရပြီဆိုလျှင် ပန်းကန်ပေါ်တွင် ခင်းကျင်းပြီ အပေါ်မှ ကြက်သွန်မြိတ်လေးများ အလှဆင်ပေးကာ အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…

—————————————————————————————————————

10 comments

  1. Eicho says:

    အရမ်းကြိုတယ် အမရေ။ လာမယ့် ပိတ်ရက်ကျရင် လုပ်စားကြည့်မယ်။

  2. prettygirl says:

    အဆန်းလေးပဲ။ Thanks!

  3. သဲလေး says:

    Thanks for sharing recipe sis. Plz post more delicious recipes. ^_^

  4. aung myint says:

    ihad benn alreday try.
    really really delicious and
    thank you very much for you’re recipe.

  5. aung myint says:

    I had been already try.
    really really delicious and
    thank you very much for you’re recipe.

  6. Thein Thein Aung says:

    thanks a lot for amazing recipes, always..

  7. Mee Mee says:

    Thanks, i think so yummy

  8. cheerry says:

    ညီမရေ…တိုဖူးကတော့အစ်မတို့ အိမ်မှာဈေးသွားတိုင်း မဝယ်မဖြစ် တဲ့ဟင်းလျာပဲ။ သားနဲ့သမီးကိုလည်း တိုဖူးကို ကြိုက်အောင်လုပ်ပေးထားတယ်။ ဒီနည်းလေးက လုပ်ရလည်းလွယ်ပြီးစားလို့လည်းကောင်းမယ့် ပုံလေးမို့ လုပ်စားကြည့်မယ်ညီမလေးရေ…..

  9. natehtwe says:

    စားချင်စဖွယ်လေး လုပ်စားကြည့်မယ်နော် ကျေးဇူးတင်ပါတယ်

  10. hninlwin says:

    I like wutyeefoodhouse.

Leave a Reply

Your email address will not be published. Required fields are marked *