အမဲသား Stroganoff
အမဲသား Stroganoff
Beef_Strongoff4
အနောက်တိုင်း စတိုင် အမဲသား Stroganoff သည် အရသာအလွန်စိမ့်သဖြင့် ထမင်းနှင့် တွဲစားလျှင် အလွန်သင့်လျော်ပါသည်။ Brandy နဲ့ ချက်ထား၍ အမဲသားက နူအိပြီး စားလို့ကောင်းပါသည်။ အားပေးသွားကြပါအုန်း..
ပါဝင်သောပစ္စည်းများ
  • အမဲသား(သို့) ၀က်သား – ၂၀ကျပ်သား (အရှည်လိုက် ပါးပါး လေးများလှီးပါ)
  • ကြက်သွန်နီ – ၃လုံး ( အ၀ိုင်းပါးပါးလှီးပါ)
  • ထောပတ် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • Brandy – စားပွဲတင်ဇွန်း ၃ဇွန်း
  • ငရုတ်သီးမှုန့် (Chilli powder) – စားပွဲတင်ဇွန်း တ၀က်
  • Dijon Mustard (French Mustard) – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • Cream – စားပွဲတင်ဇွန်း ၁ဇွန်း(or) နှို့မှုန့် – စားပွဲတင်ဇွန်း ၄ဇွန်း (ရေနွေးဖြင့် ပျစ်ပျစ်ဖျော်ပေးပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း၂ဇွန်း
Beef_Strongoff1 Beef_Strongoff
ချက်ပြုတ်နည်း
၁။ အမဲသားကို ဆား၊ ကြက်သားမှုန့်၊ ငရုတ်သီးမှုန့် တို့ဖြင့် နယ်ပြီး ပန်းကန်ပြားတစ်ခုထဲ ထည့်ထားပေးပါ။
Beef_Strongoff2
၁။ ဒယ်ထဲ ထောပတ်ထည့်ပြီး ပူလာလျှင် ပါးပါးလှီးထားသော ကြက်သွန်နီများကို ထည့်ပြီး မိနစ်အနည်းငယ် မွှေပေးပါ။
၂။ ထို့နောက် နုယ်ထားသော အမဲသားကို ဒယ်ထဲ ထည့်ပေးပြီး မီးနည်းနည်းဖြင့် ရောမွှေလိုက်ပါ။
၃။ ပြီလျှင် Brandy အရက်ကို ဒယ်ထဲ ထည့်လိုက်ပြီး Mustard ကိုထည့်ပြီး မွှေပြီ အဖုံးအုပ်ကာ မီးနည်းနည်းဖြင့် တည်ထားပါ။
၎။ ပြီနောက် Cream (သို့) ဖျော်ထားတဲ့ နှို့မှုန့်ကို လောင်းထည့်ပြီး မီးနည်းနည်းဖြင့် တည်ထားပေးပါ။
၅။ အပေါ့ အငံ့အတွက် လိုအပ်ပါက ဆား၊ ကြက်သားမှုန့်၊ ငရုတ်သီးမှုန့် ထပ်ထည့်ပေးပါ။
၆။ မပျစ်မကျဲ အနေထားရောက်လျှင် မီးဖိုပေါ်မှ ချလို့ရပါပြီ။
Beef_Strongoff3
ရ။ အရသာကောင်းမွန်သည့် အမဲသား Stroganoff ကို သုံးဆောင်နိုင်ပါပြီ…
Beef_Strongoff4
13 comments
  1. seng says:
    Ma Wut Yee thanks for this post. Look delicious!
    I’ll try to cook it to day.
  2. Sine Hla Thein says:
    Dear Wutyee,
    Happy and Healthy New Year
    Look Yummy and Tasty.Thank you
    so much.I am going to cook this dish.
    With ananda metta,
    Sine Hla Thein
    USA
  3. chaw says:
    အမ‌ရေ ပဲ‌လှော်‌လုပ်‌နည်း‌လေး‌ပြောပြပါ အုန်း ‌ကျေးဇူးပါ
  4. chaw says:
    အမ‌ရေ ပဲ မျိုးဆုံ ‌လှော်‌ နည်း‌လေူ‌ပြောပြ ပါ အုန်း ‌ကျေးဇူး ပါ ‌နော်‌
  5. chaw says:
    ပဲနို့ ကို ‌လေ အိမ်‌မှာ အလွယ်‌ လုပ်‌ချင်‌ လို့ ပါ ပဲပုပ်‌ ကို အရင်‌ အမုန့်‌ ‌တွေ ကြိတ်‌ ထားလိုက်‌ မယ်‌ ပြီးမှ‌ဖျော်‌ ‌သောက်‌ လိုက်‌ မယ်‌ အဲ့ ဒါ ‌ကောင်းပါ့မလား ‌ပြောပြ ပါအုန်းး ‌နော်‌
  6. chaw says:
    ဝဥ အ‌ခြောက်‌ ကို ဘယ်‌ လို လုပ်‌ရမလဲ အမ
    ချက်‌နည်း‌လေး‌ရော‌ပေါ့ ‌မေး တာ‌တွေများ‌နေပြီ အဓိက ‌တော့ ပိန်‌ချင်‌လို့ ပါ :):):)
    • admin says:
      sorry ၀ဥခြောက်တော့ ၀တ်ရည် မချက်ဖူးဘူး.. သိရင် ပြန်ပြောပြပေးပါ့မယ်.. 🙂
  7. မိဘနဲ့ဝေးနေတော့ အမေ့လက်ရာလေးတွေ မစားရတော့ဘူးပေါ့၊ ကိုယ့်ဘာသာမီးဖိုချောင်ဝင်ရပြီဆိုတော့ မချက်တတ်မပြုတ်တတ်နဲ့ မ၀တ်ရည်ဆိုဒ်လေးကိုအားထားနေရတဲ့သူဆိုလည်း မှန်ပါတယ်၊ ကျေးဇူးဗျနော်…
    ဆက်ပြီး ပို့စ်အသစ်လေးတွေတင်းရင်း ပျော်ရွှင်တဲ့ မိသားစုဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ …
  8. Kyaw Thu Ya says:
  9. Maung Maung Oo(Bagan) says:
    Thanks for your wutyee food center.
    I am a food & Beverage Manager.If you are possible you will collect about cooking method .And then publish it.
Leave a Reply
Your email address will not be published. Required fields are marked *