ရွှေဖရုံသီး ဟင်းချို

ရွှေဖရုံသီး ဟင်းချို

Pumpkin_Soup4

အရသာက ချိုစိမ့်ပြီ သောက်လို့ကောင်းတဲ့ ရွှေဖရုံသီး ဟင်းချိုပါ။ လုပ်ရတာလည်း လွယ်တာမို့ ခုပဲ တူတူချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ရွှေဖရုံသီး – ၁စိတ်(၁၀၀၀ ဂရမ်) (ပေါင်းအိုးပြီ မိနစ် ၂၀ ပေါင်းပေးထားပါ)
  • အာလူး – ၁လုံး (ပြဲအောင် ပြုထားပေးပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)

  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • ကလဝေရွက် – ၁ရွက်
  • နွားနို့ – ၁ခွက်
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ရေ – ခွက်၃ပုံ၂ပုံ

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ပေါင်းအိုးဖြင့် ပေါင်းထားသော ရွှေဖရုံသီး အသားများကို ဇွန်းဖြင့် ပန်းကန်တစ်ခုထဲ ဖယ်ထားပါ။

၂။ ပြီနောက် ကြိတ်စက် ဖြင့် ရွှေဖရုံသီး၊ အာလူး(ခြေထည့်)၊ ရေ တို့ကို ထည့်ပြီ blender ဖြင့် ကြေညက်အောင် ကြိတ်ပေးပါ။

Pumpkin_Soup1

Pumpkin_Soup2

၃။ ထို့နောက် ဒယ်ထဲ ဆီထည့်ပြီ ဆီပူလျှင် ကြက်သွန်ဖြူ၊ ကလဝေရွက်ထည့်ကာ ဆီသပ်ပေးပါ။

၎။ ပြီနောက် နွားနို့ထည့် နွားနို့ ဆူလာလျှင် ရွှေဖရုံသီးများကို ထည့်ပြီ ရောမွှေလိုက်ပါ။

၅။ အရသာအတွက် ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်(နည်းနည်း) ထည့်ပေးပါ။

Pumpkin_Soup3

၆။ အရသာ အနေတော်လျှင် မီးပိတ်လိုက်ပါ။

ရ။ ရွှေဖရုံသီး ဟင်းချိုကို ဇောက်ခွက်တစ်ခုထဲ ထည့်ပြီ အပေါ်က နွားနို့အနည်းငယ်ဖြူးကာ၊ oregano အရွက်အလှဆင်ပြီ အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…

Pumpkin_Soup4

6 comments

  1. Sydney Su says:

    Yes,I love it.

  2. Ko Htwe says:

    Dear Ma Wut Yee
    Good , Very good your soup .But I would to know some one ,It that western style ? Suitable or not using chicken powder if that western style soup ?

    Thank

  3. april moe says:

    မမကို မိုးကျေဇူးအများကြီးတင်ပါတယ် နောက်လဲ အနောက်တိုင်းအစားအသောက်တွေ တင်ပေးအုံးနော်
    မမအောင်မြင်ကျော်ကြားပြီး အမြဲတမ်းပျော်ရွင်တဲ. မိသားစုဘ၀ကို ပိုင်ဆိုင်ပါစေနော်
    thank you so much dear sis

  4. ko yaw lay says:

    Yes that is a little different. In Europe use Butter, Carrots,Cream,Parsley, and when you like with a little ginger.

  5. San Thida Myint says:

    Thank you.
    Share for every update curry.

  6. Zwe Maung says:

    ကျွန်တော်အများကြီးကျေးဇူးတင်ပါတယ နောက်ထပ် နောက်ထပ်လည်းတင်ပေးပါလို့တောင်းဆိုပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *