ကြက်သောက်ဆမ်း
ကြက်သောက်ဆမ်း (မွန်စတိုင်)
Chicken_Soup (Mon Style3)
ကြက်သောက်ဆမ်း ချက်နည်းလေးပါ။ ကြက်သောက်ဆမ်း ချက်နည်းက မြန်မာစတိုင်ဆိုရင် ကြက်ကာလသဟင်းလို့ ခေါ်ပါတယ်။ ရခိုင်စတိုင် ကြက်သောက်ဆမ်းလည်း ရှိပါသေးတယ်။ ရခိုင်စတိုင် ကြက်သောက်ဆမ်းက ပိုစပ်ပြီ ငပိပါ ထည့်ချက်ပါတယ်။ ခုမွန်စတိုင် ချက်နည်းက ငရုတ်သီး ဓားပြရိုက်ထည့်၊ ပင်စိမ်းအုပ်၊ မဆလာ လေးနဲ့ အရသာက စားလို့အရမ်းကောင်းပါတယ်။ ကြက်သောက်ဆမ်းအရည်ကို ထမင်းပေါ် ဆမ်းလည်း စား၊ ဟင်းချို အနေနဲ့လည်း သောက်လို့ရပါတယ်။ ၀တ်ရည်က ပိုထူးခြားသွားအောင် ကြက်သား အရင်နုပ်ထားပြီမှ ချက်ထားတာပါ။ ခုပဲ ချက်နည်းလေး ကြည့်ရအောင်..
ပါဝင်ပစ္စည်းများ
  • ကြက်သား – ၄၅၀ ဂရမ် (အတုံးသေးများ တုံးပါ)(ကြက်ပေါင်၊ တောင်ပံ၊ ကြက်ခြေထောက် မိမိကြိုက်နှစ်ရာ ထည့်ချက်နိုင်သည်)
  • ကြက်သွန်နီ – တ၀က် (နှုတ်နှုတ်စဉ်းပါ)
  • ငရုတ်သီးစိမ်း – ၄တောင့် (ဓားပြရိုက်(သို့) ထက်ခြမ်းခြမ်းပါ)
  • စပါးလင် – ၁ခု (မညက်တညက်ထောင်းပြီ ချည်ထားပါ)
  • ဆနွင်း – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
  • ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ငါးငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ပင်စိမ်း – လက်တဆုပ်စာ
  • မဆလာ – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
နုပ်ထားရန် ပါဝင်ပစ္စည်းများ
  • ကြက်သွန်ဖြူ – ၄မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
  • ဂျင်း – စားပွဲတင်ဇွန်း ၁ဇွန်း (ခပ်ညက်ညက်ထောင်းပြီ အရည်ညှစ်ပါ)
  • မဆလာ – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်ပြုတ်ရည်(သို့) ရေနွေး – စားပွဲတင်ဇွန်း ၃ဇွန်း
ချက်နည်း
၁။ အရင်ဆုံး နုပ်ထား၇န် ပါဝင်ပစ္စည်းများဖြစ်သော (ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ မဆလာ၊ ကြက်ပြုတ်ရည်) တို့အားလုံးဖြင့် ကြက်သားများကို သမအောင် ရောနုယ်ပြီ ရေခဲသေတ္တာ(အောက်ထပ်)တွင် ၁နာရီခန့် နုပ်ထားပေးပါ။
Chicken_Soup(Mon-Style)
၂။ မချက်ခင် ၁၀မိနစ်ခန့် စော၍ နုပ်ထားသော ကြက်သားများကို ပြန်ထုတ်ထားပါ။
၃။ ပြီနောက် ဒယ်ထဲ ဆီထည့် ဆီပူလာလျှင် ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတို့ကို ၁မိနစ်ခန့် ဆီသပ်ပေးပါ။
Chicken_Soup(Mon-Style)1
၎။ ပြီမှ ဆနွင်းမှုန့်၊ ငရုတ်သီးမှုန့်၊ စပါးလင် တို့ကို ထည့်ပြီ မိနစ်ဝက်ခန့် ရောမွှေပေးပါ။
၅။ ထို့နောက် ကြက်သားထည့်၊ ဆားထည့်ပြီ ၃-၄မိနစ်ခန့် မီးအသင့်တင့်ဖြင့် လုံးချက်ပေးပါ။
၆။ ပြီနောက် ရေ(၃ခွက်၊ ၆၀၀ မီလီလီတာ) ထည့်၊ ငါးငံပြာရည် ထည့်ပြီ အဖုံးအုပ်ကာ မိနစ် ၂၀ခန့် တည်ထားပါ။
ရ။ ကြက်သား နူပြီဆိုလျှင် အရသာ အပေါ့အငံ့ မြည်ကြည့်ပြီ မဆလာ၊ ပင်စိမ်းအုပ်ပြီ မီးပိတ်လိုက်ပါ။
Chicken_Soup(Mon-Style)2
၈။ အနံ့ရော၊ အရသာပါ ကောင်းမွန်တဲ့ ကြက်သောက်ဆမ်းကို ထမင်းပူပူလေးနဲ့ တွဲဖက် သုံးဆောင်လို့ရပါပြီ…
Chicken_Soup (Mon Style3)
မှတ်ချက် ။ ။ မွေးမြူရေးကြက်သားဖြင့် ချက်က ပိုအရသာ ကောင်းမွန်သည်။ သို့သော် မွေးမြူရေး ကြက်သားနှင့် ချက်လျှင် အချိန် နောက်ထပ် ၁၀မိနစ်၊ ရေ၁ခွက် ထပ်ထည့်ပြီ ထပ်ချက်ပေးပါ။
13 comments
  1. phyuhnin says:
  2. july says:
    ကျေးဇူးမမ:-)
  3. seng says:
    တအားစားကောင်းမဲ့ပုံပဲ… ကျေးဇူးပဲနော အမ အိမ်မှာ ချက်စားကြည့်မယ်။
    ဒီလို တိုင်းရင်းသား ရိုးရာဟင်းလက်ယာလေးတွေ ပိုကြိုက်တယ်။ နောက်လဲ တခြားရိုးရာဟင်းတွေ
    ပို့စ်ပေးအုံးနော။ အမြဲအားပေးနေပါတယ်။
  4. tinohn says:
    It’s looks good.I changed my email address.Next time please send me by [email protected] instead of [email protected]
  5. shwe mone says:
    Thank နော် မမ
  6. MAE THAW NAING says:
    ရခိုင်စတိုင် ကြက်သောက်စမ်း ရော တင်ပေးပါအုံး
    Thz
  7. khin lay says:
ှု I like chicken!
  8. sisicho says:
    i like foodhouse.
  9. Moe says:
    ရခိုင်စတိုင်လေးလည်းတင်ပေးပါဦးနော်
  10. phyu says:
    မဝတ်​ရည်​​ရေ အသားဟင်းချက်​ရင်​ အနံ့မငီ​အောင်​ဘယ်​လိုချက်​ရမလဲရှင့်
    ဟင်း​ကောင်း​ကောင်းချက်​တတ်​ချင်​ပါတယ်​ နည်း​လေး​ပြော​ပေးပါ​နော်
  11. nawytabaung says:
    ဒီချက်​နည်း​လေးသိချင်​တာကြာပြီ မျှ​ဝေ​ပေးလို့​ကျေးဇူးအထူးတင်​ပါသည်
    Facebookမှာလည်းfriend ဖြစ်​ချင်​ပါသည်
  12. Nay Chi says:
    ဖတ်မရဘူးဖြစ်နေတယ်
Leave a Reply
Your email address will not be published. Required fields are marked *