အမဲသားခပတ်၊ အာလူးဟင်း

အမဲသားခပတ်၊ အာလူးဟင်း

Beef_Kabab_Potato6

အမဲသားခပတ်၊ အာလူးဟင်း ချက်နည်းလေးပါ။ လုပ်ရတာလည်း လွယ်ပြီ စားလို့ အရမ်းကောင်းပါတယ်။ အာလူးကို ကြော်ပြီ အမဲသားခပတ်ဟင်းနဲ့ တွဲရောချက်ထားတာပါ။ ထမင်းပူပူလေးနဲ့ တွဲဖက် သုံးဆောင်နိုင်ပါတယ်။ ခုပဲ တူတူ ချက်ကြည့်ရအောင်…

ပါဝင်သောပစ္စည်းများ

  • အမဲသား – ၃၂၀ဂရမ်(၂၀ကျပ်သား) (နုပ်နုပ်စဉ်းပါ)
  • အာလူး (အလုံးသေး) – ၅လုံး (နူအောင် ပြုတ်ထားပေးပါ)
  • ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီး ၈စိပ်လှီးပါ)
  • ကြက်သွန်ဖြူ – ၄မွှာ (နှုတ်နှုတ်စဉ်းပါ)

  • ကြက်သွန်နီ – ၄လုံး (အ၀ိုင်းလေးများ လှီးပါ)
  • ငရုတ်သီးပွပု ခြောက်အနီ – ၂ခု (ရေနွေးဖြင့် ပြုတ်ပြီး အစေ့ထုတ်ကာ ညက်နေအောင် ထောင်းပါ)
  • ရှာလကာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • နံနံစေ့ – လက်ဖက်ရည်ဇွန်း တ၀က်
  • မဆလာ – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ကလဝေရွက် – ၁ရွက်
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
  • သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ပင်စိမ်းရွက် – ၈ရွက်
  • ဟင်းရွက်ဆီ

Beef_Kabab_Potato

ပြင်ဆင်နည်း

၁။ အမဲသား စဉ်းကောကို (ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့် (အနည်းငယ်)၊ ဗနီဂါ) ဖြင့် သမအောင် ရောနုယ်ထားပါ။

၂။ ပြီးလျှင် ဒယ်ပြားထဲ ထောပတ်(သို့)ဆီ (စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ြုပီး ကြက်သွန်နီဝိုင်းများကို နီညှိရောင်သန်းသည်အထိ ကြော်ပြီး ဇကာဖြင့် ပြန်ဆယ်ထားပါ။

Beef_Kabab_Potato1

၃။ ဒယ်ထဲ ထောပတ်(သို့)ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီး ပြုတ်ထားသော အာလူးများကို နီညှိရောင်သန်းသည်အထိ ကြော်ပေးပြီ ပြန်ဆယ်ထားပါ။

Beef_Kabab_Potato3

ချက်ပြုတ်နည်း

၁။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူများထည့်ဆီသပ်ပါ။

၂။ ပြီးနောက် ထောင်းထားသော ဆနွင်းမှုန့်၊ ငရုတ်သီးအနှစ်များကို ထည့်ရောမွှေပေးပါ။

၃။ ပြီးလျှင် နုယ်ထားသော အမဲသား၊ ကရဝေးရွက်၊ နံနံစေ့မှုန့် တို့ကို ထည့်ပြီး မွှေပေးပါ။

၎။ ထို့နောက် ရေ(၁ခွက်) ထည့်ပြီး အမဲသား နူးသည်အထိ အဖုံးအုပ်ထားပေးပါ။

၅။ အမဲသားကျက်ပြီး အရသာ အနေတော်လျှင် ခရမ်းချဉ်သီး၊ အာလူး နှင့်  ကြက်သွန်နီများကို ထည့်ပြီး ရောမွှေလိုက်ပါ။

၆။ ဆီပြန်လာလျှင် အရသာအတွက် ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ နှင့် အပေါ်မှ ပင်စိမ်းရွက်အုပ် ပေးပါ။

Beef_Kabab_Potato4

၉။ အရသာရှိသော အမဲသားခပတ်၊ အာလူးဟင်းကို သုံးဆောင်လို့ရပါပြီ။

Beef_Kabab_Potato6

5 comments

  1. jasmine says:

    ပုံကြည့်ပြီးစားချင်နေမိပြီ—————–

  2. natehtwe says:

    စားလို့ကောင်းမယ့်ပုံလေး ချက်စားကြည့်မယ်နော်ကျေးဇူးပါပဲမဝတ်ရည်

  3. ချက်စားကြည့်မယ်နော် ကျေးဇူးပါပဲ

  4. Hnin Nu Yee Htwe says:

    အစ်မ၀တ်ရည်တင်ထားတဲ့ချက်နည်းလေးအတိုင်း ချက်စားကြည့်တော့ အရမ်းကိုစားလို့ကောင်းပါတယ်အစ်မ… အစ်မက ဆရာစားမချန်ဘဲ သေချာကိုရှင်းရှင်းလင်းလင်းဖော်ပြပေးထားတဲ့အတွက် အစ်မကိုအရမ်းလေးစားသွားပြီ… ကျေးဇူးလည်းအများကြီးတင်ပါတယ်အစ်မ…

  5. Thet Mon says:

    အမရေ နံနံစေ့က ဘာလဲဟင် ဘယ်မှာဝယ်လို့ ရမလဲ တကယ်မသိလို့ ပါ

Leave a Reply

Your email address will not be published. Required fields are marked *