ပုန်းရည်ကြီးသုပ်

ပုန်းရည်ကြီးသုပ်

Pone_Yay_Gyi_Salad3

အညာစတိုင် ပုန်းရည်ကြီးသုပ်ပါ။ ပုန်းရည်ကြီးကို ကြက်သွန်နီ၊ ကြက်သွန်ဖြူ။ ငရုတ်သီးစိမ်း၊ ဆီ တို့ဖြင့် ရောနုယ်သုပ်ထားတာပါ။ ထမင်းမြိန်စေမယ့် ဟင်းအရံတမျိုးပါ…

ပါဝင်ပစ္စည်းများ

  • ပုန်းရည်ကြီး – ၃ထုပ်
  • ကြက်သွန်နီ – ၃လုံး (ပါးပါးလှီပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (ပါးပါးလှီးပါ)

  • ပုဇွန်ခြောက် – လက်တဆုပ်စာ
  • ငရုတ်သီးစိမ်း – ၄တောင့် (ထပ်ခြမ်းခြမ်းပေးပါ)
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ

Pone_Yay_Gyi_Salad1

သုပ်နည်း

၁။ အရင်ဆုံး ဇောက်ပန်းကန် တစ်ခုထဲတွင် (ပုန်းရည်ကြီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပုဇွန်ခြောက်၊ ငရုတ်သီးစိမ်း၊ ဆီ၊ ဆား) တို့ကို သအောင် ရောနုယ်လိုက်ပါ။

Pone_Yay_Gyi_Salad2

၂။ ပြီလျှင် ပုန်းရည်ကြီးသုပ်ကို ဇောက်ပန်းကန်တစ်ခုထဲ ပြောင်းထည့်ပြီ အပေါ်မှ နံနံပင်များဖြင့် အလှဆင်လိုက်ပါ။

၃။ ပုန်းရည်ကြီးသုပ်ကို ဟင်းရံအဖြစ် တွဲဖက်သုံးဆောင်နိုင်ပါပြီ…

Pone_Yay_Gyi_Salad3

2 comments

  1. natehtwe says:

    ငပိကြော်နည်းသိချင်ပါတယ် ကျေးဇူးပါ

  2. sai says:

    We are far from Myanmar.
    ပုန်းရည်ကြီး is my favorite.
    Can anybody share How to make excellent ?
    Sadly, Myanmar ပုန်းရည်ကြီး packs do not last long when stored.

Leave a Reply

Your email address will not be published. Required fields are marked *