ဝက်သားနီချက်
ဝက်သားနီချက်
Pork_Red_Curry4
မြန်မာဟင်းလက်ရာ ၀က်သားနီးချက်ပါ။ ၀က်သားနီချက်မှာ သကြားကို ဆီသပ်တာက အဓိက ကြပါတယ်။ သကြားနီညှိရောင်သန်းသွားမှ ၀က်သားထည့်ကာ ၀က်သားနီသည်အထိ လုံးချက်ရတာမို့ ၀က်သားနီချက်လို့ ခေါ်ကြတာပါ။ အရသာ ချိုချဉ် အရသာလေးနဲ့ တကယ်ကို ထမင်းမြိန်စေမယ့် ဟင်းတခွက်ဖြစ်တာမို့ ခုပဲ တူတူ ချက်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
  • ၀က်အဆီနဲ့အသား (သို့) ၀က်သားသုံးထပ်သား – ၅၆၀ ဂရမ် (၃၅ကျပ်သား) (အတုံးကြီးများ တုံးထားပေးပါ)
  • ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)
  • ငရုတ်သီးပွပု အနီ – ၂ခု (ပြုတ်ပြီ အစေ့ထုတ်ကာ ညက်အောင် ထောင်းပါ)
  • သကြား – စားပွဲတင်ဇွန်း ၂ဇွန်း အမောက်
  • ငပိ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • မကျဉ်းရည်အနှစ် – စားပွဲတင်ဇွန်း ၂ဇွန်း
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
နုပ်ထားရန် ပါဝင်ပစ္စည်းများ
  • ကြက်သွန်ဖြူ – ၃မွှာ (မညက်တညက် ထောင်းပါ)
  • ကြက်သွန်နီ – ၂လုံး (မညက်တညက် ထောင်းပါ)
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ၀က်သားများကို နုပ်ထားရန်ပါဝင်ပစ္စည်းများ ဖြစ်သော (ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆား၊ ကြက်သားမှုန့်၊ ဆနွင်းမှုန့်) တို့ကို သမအောင် ရောနုယ်ပြီ ၁၅မိနစ်ခန့် နုပ်ထားပေးပါ။
Pork_Red_Curry1
၂။ ပြီလျှင် ဒယ်ထဲ ဆီထည့် ဆီပူလာလျှင် သကြားများထည့်ကာ သကြားနီညှိရောင်သန်း လာသည်အထိ ကြော်ပေးပါ။
၃။ သကြား နီညှိရောင်သန်းလာလျှင် နုပ်ထားသော ၀က်သားများကို ထည့်ကာ ၂-၃မိနစ်ခန့် လုံးချက်ပေးပါ။
Pork_Red_Curry2
၎။ ပြီနောက် ငရုတ်သီးအနှစ်၊ ငပိ၊ ကြက်သွန်နီ(ပါးပါးလှီး) တို့ကို ထည့်ပြီ ၁မိနစ်ခန့် ရောမွှေပေးပါ။
၅။ ထို့နောက် ဒယ်ထဲ ရေ(၁ခွက်)ထည့်ကာ ၀က်သား ဆီပြန်သည်အထိ အဖုံးအုပ်ကာ ချက်ပေးပါ။
၆။ ပြီလျှင် ၀က်သားမနူးမခြင်း ရေ(၁ခွက်) ခြင်းစီ ထပ်ခါထပ်ခါ ထည့်ချက်ပေးပါ။
မှတ်ချက်။ ။ ၀က်သားချက်ရာတွင် တခါတည်း ရေအများကြီး မထည့်ပါနှင့်..
ရ။ ၀က်သားနူးအိပြီ ဆီပြန်ပြီဆိုလျှင် မကျည်းရည်ထည့်ကာ ရောမွှေပြီ မီးပိတ်လိုက်ပါ။
Pork_Red_Curry3
၈။ အရသာရှိပြီ ထမင်းမြိန်စေမယ့် ၀က်သားနီချက်ဟင်းကို ထမင်းပူပူလေးဖြင့် တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ…
Pork_Red_Curry4
17 comments
  1. Sine Hla Thein says:
    Dear Wutyee,
    You said to put Ngapi half tea spoon means which kind of Ngapi?
    Fish Ngapi or Myin Ngapi (Ngapi made by shrimp)please let me know.
    Thanking you,
    With ananda metta,
    Sine Hla Thein
  2. Someone says:
    အဲလိုလေးချက် ချင်နေတာကြာပြီအမ အခုမှနည်းသိရတယ်ကျေးဇူးတင်ပါတယ်ဗျ ချက်စားကြည့်လိုက်ဦးမယ်
  3. Phyumoepyae says:
    ဝတ်ရည်ရဲ့ ဝက်သားနီချက်နည်းအတိုင်း ချက်စားပြီးနောက်
    အရမ်းကိုဘဲစားလို့ ကောင်းလွန်းလို့ recommend လုပ်လိုက်ပါတယ် ..
    ကျန်းမာပျော်ရွင်ပါစေ။
  4. tulsi says:
    i like ur page ama… but cant read as i dont have myanmar font
    i m using window 7…… if u have any link or solution pls share me..
    thanking you
  5. MYATNOEPWINTWAI says:
    THANKS A LOT SIS.
  6. San San Aye says:
    The best pork curry I ever taste. I’m making it almost every week.
  7. Su lay says:
    Thx for sharing sis… I did it.. Dont know how to upload pic here!
  8. KO THANT says:
    ကျေးဇူးပဲ အစ်မရေ……..ကျနော်အခု ချက်နေပြီ….
    အစ်မကို ကျေးဇူးအရမ်းတင်တယ်…..ကျနော်တို့လို မိဝေး ဖဝေး နိုင်ငံခြားမှာ အလုပ်လုပ် ချက်ကျွေးမယ့်သူမရှိတော့….တစ်နေ့တစ်နေ့ ဘာဟင်းချက်စားရင်ကောင်းမလဲဆိုပြီး…..အစ်မ page ကို ခဏခဏ ၀င်ကြည့်ဖြစ်တယ်…..အခုလည်း ၀က်သားနီ ချက်နေတာ စားကောင်းမယ့်ပုံပဲ အနံလေးက မွှေးနေတာ…..အစ်မ ဒီထက်ပိုပြီးဘ၀ အဆက်ဆက်တိုင်းလည်း အောင်မြင်ပါစေ…
    အစ်မကို အားပေးနေမယ်……..
    မြန်မာပြည်ပြန်ရောက်ရင်လည်း အစ်မ ထုတ်ထားတဲ့ စာအုပ်တွေ ၀ယ်မယ်…
  9. may zin says:
    • admin says:
      ရေအများကြီး တခါတည်း ထည့်ချက်ရင် ဟင်းက ပြုတ်လိုက်သလို ဖြစ်ပြီ စားလို့မကောင်းပါဘူး.. 🙂
  10. Thin Thin Myat says:
    It seem to be very delicious.
    I will make it for my husband.
    Thanks.
  11. Kyi Aung says:
    Thanks alot for your cooking website. Pls let me know where can I buy your cooking books.
  12. အရမ်းစားကောင်းတယ် အမရေ အခုဘဲချက်စားလိုက်တာ
  13. Soe myint says:
    Haven’t try yet but it seem to be good hehe
  14. အမဝတ်ရည်ငပိဆိုတာဘယ်ငပိကိုကြောတာလဲအမဝတ်ရည်ညီမမရှင်းလို့တစ်ချက်လောက်ရှင်းပြပါ
  15. အမဝတ်ရည်ငပိဆိုတာငပိရည်ကျိုတဲ့အရည်လားဒါမှမဟုတ်ငပိစိမ်းစားကိုဖျော်တဲ့အရည်လားအဲ့ဒါမရှင်းလို့ရွေးပေးပါအုံး
Leave a Reply
Your email address will not be published. Required fields are marked *