ဆေးဘဲဥသုပ်

ဆေးဘဲဥသုပ်

Medicine_Egg_Salad1

ထမင်းမြိန်စေမယ့် ဆေးဘဲသုပ်ပါ။ ဆေးဘဲဥကို ဆလတ်ရွက်၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ မြေပဲ၊ ကြက်သွန်ဖြူ ဆီချက်၊ ငရုတ်သီး နှင့် သံပရာသီးတို့ဖြင့် ချဉ်ငံ့စပ် သုပ်ထားတာပါ။ စားလို့ ကောင်းတာမို့ ခုပဲ တူတူ သုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ဆေးဘဲဥ – ၃လုံး (အခွံနွှာပြီ ဆေးဘဲဥ ၈ပိုင်ပိုင်းထားပါ)
  • ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ကာ ပါးပါးလှီးပါ)

  • ဆလတ်ရွက် – စည်းဝက် (ေ၇စဉ်အောင်ဆေးပြီ ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးထားပါ)
  • မြေပဲ – စားပွဲတင်ဇွန်း ၁ဇွန်း (မညက်တညက် ထောင်းထားပါ)
  • ကြက်သွန်ဖြူကြော် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ကြက်သွန်ဖြူ ဆီချက် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ငရုတ်သီးစိမ်း – ၃တောင့် (ပါးပါးလှီးပါ)
  • သံပရာသီး – ၁လုံး (အရည်ညှစ်ရန် လှီးထားပါ)
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်

Medicine_Egg_Salad

သုပ်နည်း

၁။ ဇောက် ပန်းကန်တစ်ခုထဲတွင် (ဆလတ်ရွက်၊ ခရမ်းချဉ်းသီး၊ ကြက်သွန်နီ၊ မြေပဲ၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ ဆီချက်၊ သံပရာရည်၊ ဆား နှင့် ကြက်သားမှုန့်) တို့ကို ထည့်ကာ သမအောင် ရောနုယ်လိုက်ပါ။

၂။ ပြီလျှင် အပေါ်မှ ကြက်သွန်ဖြူကြော် များကို ဖြူးပေးပြီ ဆေးဘဲဥသုပ်ကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…

Medicine_Egg_Salad1

—————————————————————————

5 comments

  1. nate says:

    ခုမှသိလို့ သုပ်စားကြည့်မယ်နော်
    ကျေးဇူးပါပဲ မဝတ်ရည်

  2. chochoaung says:

    သိပ်ကြိုက်ပေါ့ရှင်-

  3. ma Sandar says:

    thanks!!

  4. aye says:

    ကြက်သွန်ဖြူကြော်နဲ့နှမ်းလှော်လေးပါထည့်ရင်ပိုကောင်းတယ်နော်

  5. win khin says:

    အခုမှပိုစားလို့ကောင်းတာ အယင်က ခရမ်းချဉ် နဲ့ကြက်သွန်နီနဲ့ပဲ သုပ်စားခဲ့တာ

Leave a Reply

Your email address will not be published. Required fields are marked *