အာလူး၊ ချိစ် ဆမ်ဝေ့ကင်

အာလူး၊ ချိစ် ဆမ်ဝေ့ကင်

Aloo_Sandwich6

ဆမ်ဝေ့ အသစ်အဆန်း စားချင်သူများအတွက် အာလူး၊ ချိစ် ဆမ်ဝေ့ကင်ပါ။ အစာပြေအဖြစ် အနောက်တိုင်း ချက်နည်းနဲ့ အိန္ဒိယချက်နည်း fusion ပေါင်းစပ်ထားပါ။ ပါမုန့်ကင် ကြွပ်ကြွပ်လေးကို ၀ါးလိုက်ရင် အထဲက အာလူး၊ ချိစ် အရသာနဲ့ မဆလာနံ့လေး သင်းပြီ စားလို့ အရမ်းကောင်းပါတယ်။ ခုပဲ လုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • အာလူး – ၄လုံး (အာလူးကို နူအောင် ပြုတ်ထားပြီ အခွံနွှာ၊ ပါးပါးလှီးပါ)
  • ကြက်သွန်နီ – ၂လုံး (အ၀ိုင်းပါးပါးလှီးပါ)
  • ချိစ် – ခွက်တ၀က် (ခြစ်တံဖြင့် ခြစ်ထားပါ)

  • ပါမုန့် – ၈ချက်
  • ထောပတ် (သို့) မရိုနိစ် – စားပွဲတင်ဇွန်း ၄ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • မဆလာ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

Aloo_Sandwich

ဆော့တွင် ပါဝင်ပစ္စည်းများ

  • မရိုနိစ် – စားပွဲတင်ဇွန်း ၃ဇွန်း
  • သံပရာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • သကြား – လက်ဖက်ရည်ဇွန်း တ၀က်
  • နံနံပင် – အနည်းငယ် (ပါးပါးလှီးပါ)

မှတ်ချက် ။ ။ ဆော့တွင် ပါဝင်ပစ္စည်းများကို ခွက်တစ်ခုထဲတွင် ရောမွှေထားပါ။

ဆမ်ဝေ့ ပြုလုပ်နည်း

၁။ အရင်ဆုံး ပါမုန့် ၈ချက် ဘေးသားများကို လှီးထုတ်လိုက်ပါ။

၂။ ပြီလျှင် ပါမုန့်များကို ထောပတ်(သို့)မရိုနိစ် သုတ်ပေးပါ။ ပါမုန့် တချက်ပေါ်သို့ အာလူး၊ ကြက်သွန်နီ တင်လိုက်ပါ။

Aloo_Sandwich1

၃။ ပြီနောက် အပေါ်မှ ချိစ်(၄ပုံ၁ပုံ) ဆား၊ မဆလာ၊ ငရုတ်သီးမှုန့်(အနည်းငယ်စီ) ဖြူးပေးပြီ ပါမုန့် တချက် အုပ်လိုက်ပါ။ ထို့နည်းအတိုင်း ကျန်ဆမ်ဝေ့များကို ပြုလုပ်ပါ။

Aloo_Sandwich2

၎။ ထို့နောက် ဆမ်ဝေ့ maker ထဲ အာလူး၊ချိစ် အစာသွပ်ထားတဲ့ ပါမုန့်များကို ထည့်ပြီ ၂မိနစ်ခန့် ကင်ပေးပါ။

Aloo_Sandwich3

၅။ အရသာရှိသောပြီ ကြွပ်ရွတဲ့ အာလူး၊ချိစ် ဆမ်ဝေ့ကို မရိုနိစ်ဆော့ဖြင့် တွဲဖက် သုံးဆောင်နိုင်ပါပြီ…

Aloo_Sandwich6

———————————————————————————————————————

2 comments

  1. seagame says:

    Can I know the cheese brand name and where can I fidn this cheese using in this receipe? How to toast sandwich unless sandwich maker? thanks wutyyee

  2. U Win Myint Oo says:

    ကျေးဇူးပြု ပြီး sandwiches maker နဲ့ အခြား မုန့် ပြုလုပ်နည်းများ တင်ပေးပါဦး Thank a Lot

Leave a Reply

Your email address will not be published. Required fields are marked *