ရဲယိုရွက် ငါးပေါင်းထုပ်

ရဲယိုရွက် ငါးပေါင်းထုပ် (၁၀ထုပ်စာ)

Steam_Fish8

ထမင်းမြိန်စေမယ့် ရဲယိုရွက် ငါးပေါင်းထုပ်ပါ။ တချို့လည်း ငါးပေါင်းထုပ်ထဲ ဗူးသီး ပါးပါးလှီးပြီ ထည့်ပေါင်းပါတယ်။ ရဲယိုရွက်က ဆေးဖက်ဝင်တာမို့ ကြိုက်နှစ်သက်ရင် ငါးပေါင်းထုပ်နဲ့ ရဲယိုရွက်ပါ တွဲစားလို့ရပါတယ်။ ခုပဲ တူတူလုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ငါးကြင်း(သို့)ငါးခူ(သို့)ငါးရံ့ – ၄၀ကျပ်သား
  • ရဲယိုရွက် – ရွက် ၃၀ (ရေစင်အောင် ဆေးထားပါ)
  • ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)

  • ကြက်သွန်ဖြူ – ၃မွှာ (မညက်တညက် ထောင်းပါ)
  • ဂျင်း – လက်တဆစ် (ညက်အောင်ထောင်းပြီ အရည်ညှစ်ပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်သီးမှုန့်(သို့)ငရုတ်သီးနှစ် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ဆန်လှော်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း (ဆန်ကိုလှော် ရေစိမ်ထားပြီ ဆုံထောင်းထဲ ထောင်းပေးပါ)
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း

Steam_Fish2

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ငါးကြင်းကို အရိုးထုတ်ဓားကွေး(သို့)ရိုးရိုးဓားဖြင့် ငါးအသားများကို နွှာပေးပါ။ အရေခံပါ ဖယ်ပေးပါ။

Steam_Fish

Steam_Fish1

၂။ ငါးအသားနွှာပြီလျှင် အနေတော် အတုံးများ တုံးပေးပါ။

၃။ ပြီလျှင် ငါးကြင်းအသားများကို (ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်သီးမှုန့်၊ ဆန်လှော်မှုန့်၊ ဆနွင်းမှုန့်၊ ဆီ) တို့ဖြင့် သမအောင် ရောနုယ်လိုက်ပါ။

Steam_Fish3

၎။ ပြီနောက် ရဲယိုရွက်ပေါ်သို့ နုယ်ထားသော ငါးကြင်းသားများကို တင်ကာ အထုပ်လေးများ ထုပ်ပေးပါ။ လုံအောင် သွားကြာထိုးတံဖြင့် ပြန်ပိတ်ပေးပါ။

Steam_Fish4

မှတ်ချက် ။ ။ ရဲယိုရွက်အရွက် ကြီးလျှင် ၂ရွက်ဖြင့် ထုပ်ပေးပါ။ အရွက်သေးလျှင် ၃ရွက်ဖြင့် ထုပ်ပါ။

Steam_Fish5

၅။ ထို့နောက် ရဲယိုရွက် ငါးပေါင်းထုပ်များကို ပေါင်းအိုးဖြင့် ၄၅မိနစ်ခန့် ပေါင်းပေးပါ။

Steam_Fish6

၆။ ရဲယိုရွက် ငါးပေါင်းထုပ်ရပြီဆိုလျှင် အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…

Steam_Fish8

14 comments

  1. khine says:

    ဝတ်ရည်မုန့် အသစ်တင်တိုင်းတို့ စီရောက်အောင်ဘယ်လိုလုပ်ရမလဲ

  2. khine says:

    ရေခဲမုန့် လုပ်နည်းလေးများရှိရင်သင်ပေးပါလား

  3. pyone pyone says:

    ဟင်းချက်နည်းဆန်းဆန်းလေးတွေပြောပြပါလား

  4. ehshee says:

    Thank you so much for cooking receipt. Also willing for new receipts. Thanks again 🙂

  5. Su Wai says:

    ရဲယိုရွက်ကို အင်္ဂလိပ်လို ဘာလိုခေါ်ပါသလဲ။ ရဲယိုရွက်အစား ဘာအရွက်သုံးလို့ရပါသလဲ။

    • soe nyunt says:

      မြန်မာလို( ရဲယိုသီး) ၊ အင်္ဂလိပ်အခေါ်အဝေါ်အရ (indian mulberry or noni )

    • Thazin Htun says:

      သထုံဘက်မှာတော့ သောင်စဉ်ဖက်နဲ့သုံးကြပါတယ်။ ရဲယိုရွက်ကြိုက်ရင် အထဲက တစ်ထပ် ထပ်ခံပါတယ်။ မကြိုက်ကြရတာ့ သောင်စဉ်ဖက်နဲ့ပဲ ထုပ်ပါတယ်။ တခါတလေ တရုတ်တန်းမှာ စလူရွက်ခေါ်လား ဝါးရွက်ခေါ်လားမသိဘူး ရောင်းပါတယ်။ အဲဒါနဲ့လည်း ထုပ်လို့ရပါတယ်။

  6. su myta says:

    အရမ်းစားကောင်းတာပဲနော်

  7. ko aung says:

    ချက်နည်းတွေသိရလို့ကျေးဇူးပါ

Leave a Reply

Your email address will not be published. Required fields are marked *