ဌက်ပျောဖူးဟင်း

ဌက်ပျောဖူးဟင်း

Banana_Bub6

မွန်ဟင်းလျာ တစ်ခုဖြစ်တဲ့ ဌက်ပျောဖူးဟင်းလျာပါ။ ဈေးမှာလည်း ဌက်ပျောဖူး ၁ဖူးကို ၂၀၀၀န်းကျင်နဲ့ အလွယ်တကူ ၀ယ်လို့ရပါတယ်။ ဌက်ပျောဖူးကို အရသာက နူးညံ့ပြီ တအား စားလို့ ကောင်းပါတယ်။ ဟင်းကောင်းကြိုက်သူတွေ ချက်စားကြည့်ဖို့ ညွှန်လိုက်ပါရစေ…

ပါဝင်ပစ္စည်းများ

  • ဌက်ပျောဖူး – ၁ဖူး
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)

  • ငရုတ်သီး(အေ၇ာင်တင်မှုန့်) – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ပုဇွန်ခြောက်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ငပိ (စိမ်းစား) – လက်ဖက်ရည်ဇွန်း တ၀က်
  • မရမ်းပြား – ၃ပြား (ရေစိမ်ထားပြီ လက်ဖြင့် ဖြစ်ပေးပါ)

Banana_Bub1

ချက်နည်း

၁။ အရင်ဆုံး ဌက်ပျောဖူးကို ရင့်တဲ့ အပိုင်းနဲ့ အဖြူရောင်အတံများကို ဖယ်ပေးပါ။ ကျန်တဲ့ အနုများကို ပါးပါးလှီးပြီလျှင် ဆနွင်း(လက်ဖက်ရည်ဇွန်း ၁ဇွန်း)ထည့်ကာ ရေရော စိမ်ထားပေးပါ)။ ဌက်ဖျောဖူးများ မမဲသွားစေရန် ဖြစ်သည်။ ချက်ခါနီး ဆနွင်းအရည်များသွန်ပြီ အရည်စစ်ပြီမှ ထည့်ပါ။

Banana_Bub2

Banana_Bub3

၂။ ထို့နောက် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း)ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ။ ကြက်သွန်နီ ဆီသပ်ပေးပါ။

၃။ ပြီမှ ငရုတ်သီး အရောင်တင်မှုန့်ထည့်၊ ပုဇွန်ခြောက်မှုန့်၊ ဌက်ပျောဖူးများ ထည့်ပြီ ၁မိနစ်ခန့် လုံးချက်ပေးပါ။

Banana_Bub4

၎။ ပြီနောက် ရေ(ခွက်တ၀က်)၊ ဆား၊ ကြက်သားမှုန့်၊ ငပိ၊ မရမ်းပြားရည်တို့ကို ထည့်ပြီ ဆီပြန်သည်အထိ တည်ထားပါ။

Banana_Bub5

၅။ ဆီပြန်လျှင် အရသာကောင်းမွန်သော ဌက်ပျောဖူး ဟင်းလျာကို အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…

Banana_Bub6
——————————————————————————————————————-

4 comments

  1. ma Sandar says:

    thanks

  2. san tun says:

    ၇ ရက်နေ့က မ၀တ်ရည် ရဲ့ မုန့်ဟင်းခါးချက်နည်း ၄မျိုး ရန်ကုန်၊ ဟင်္သာတ၊ မြောင်းမြ နဲ့ မော်လမြိုင် ဆိုပြီး Face Book မှာ တွေ့လိုက်တယ်။ ခု ရှာလို့မရတော့လို့ ပြန်တင်ပေးပါလား။
    ကျေးဇူးတင်လျှက်

  3. khin thandar says:

    Sis ..can we eat Banana Bloom as a raw? I heard that it can eat raw when we make it salad. Is that right?

  4. ၀တ္တုတွေ စာပေ Post တွေ အရမ်းကြိုက်လို့  အကုန်လုံး ကူးယူထားပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *