Tortilla အမဲသားလိပ်

Tortilla အမဲသားလိပ်

Tortilla_Beef_Roll9

မက်ဆီကန်စတိုင် Tortilla အမဲသားလိပ် နည်းပါ။ ၀တ်ရည်က Tortilla ဂျုံပြားကို အိမ်မှာ ကိုယ်တိုင်ပဲ လုပ်စားတယ်။ ဈေးလည်း သက်သာပြီ လုပ်ရလည်း လွယ်ပါတယ်။ ပြီမှ Tortilla ထဲ အမဲသားချက်ထားတာကို အစာသွပ်၊ ဆလတ်ရွက်၊ ချိစ်နဲ့ လိပ်ပြီ သုံးဆောင်ရတာပါ။ အရမ်းလည်း စားလို့ ကောင်းတာမို့ ခုပဲ တူတူလုပ်စားကြည့်ရအောင်…

အမဲသားလိပ်အတွက် ပါဝင်ပစ္စည်းများ

  • Tortilla – ၆ပြား
  • ဆလတ်ရွက် – ၁၂ရွက် (ရေစင်အောင် ဆေးထားပါ)
  • ချိစ် – ၁၀၀ ဂရမ် (ခြစ်တံဖြင့် ခြစ်ထားပါ)
  • အမဲသား – ၃၀၀ ဂရမ် (နှုတ်နှုတ်စဉ်းပြီသား)

  • ခရမ်းချဉ်သီး – ၃လုံး (အစေ့ထုတ်ပြီ အတုံးသေးများ တုံးပါ)
  • ငရုတ်သီးပွစိမ်း – ၂ခု (အစေ့ထုတ်ပြီ အတုံးသေးများ တုံးပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • သကြား – လက်ဖက်ရည်ဇွန်း တ၀က်
  • ဇီယာ – လက်ဖက်ရည်ဇွန်း တ၀က် (ညက်အောင် ထောင်းပေးပါ)
  • oregano – အနည်းငယ် (optional)

Tortilla_Beef_Roll6

Tortilla ပြားအတွက် ပါဝင်ပစ္စည်များ

  • ဂျုံမှုန့် – ၂ခွက်စာ
  • baking powder – လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ
  • ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ရေ – ခွက်တ၀က် (warm water)
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်

Tortilla ပြား ပြုလုပ်နည်း

၁။ အရင်ဆုံး ဇလုံတစ်ခုထဲတွင် (ဂျုံမှုန့်၊ baking powder) တို့ကို သမအောင်ရောနုယ်လိုက်ပါ။

၂။ ပြီမှ ခွက်တစ်ခုထဲတွင် ရေ(ခွက် တ၀က်)ထည့် ဆားထည့်ပြီ ဆားပျော်ဝင်သည်အထိ မွှေပေးပါ။

၃။ ပြီနောက် ရေကို ဂျုံခွက်ထဲသို့ ဖြည်းဖြည်းခြင်း လောင်းထည့်ပြီ သမအောင်ရောနုယ်ပေးပါ။

၎။ ဂျုံဒိုးသား နူညံ့သည်အထိ ခပ်နာနာလေး နုယ်ပေးပါ။ ပြီမှ ဆီ(စားပွဲတင်ဇွန် ၁ဇွန်း) ထည့်ကာ ထည့်နုယ်ပေးပါ။

၅။ ဂျုံဒိုးနူညံ့ပြီဆိုလျှင် ဂျုံဒိုးလုံးကို အပေါ်မှ အ၀တ်ဖြင့်အုပ်ကာ မိနစ်၂၀ခန့် ခေတ္တထားထားပေးပါ။

၆။ ပြီမှ ဂျုံဒိုးလုံးကို ၆ပိုင်းပိုင်းပြီ လက်တွင် ဆီအနည်းငယ်သုတ်ပြီ အလုံးသေးများ လုံးပေးပါ။

ရ။ စားပွဲပေါ် ဂျုံမှုန့် အနည်းငယ်ဖြူးကာ အလုံးများကို ဒလိမ့်တုံးဖြင့် အ၀ိုင်းပြား ဖြစ်အောင် ပါးနိုင်သမျှ ပါးအောင် လိမ့်ပေးပါ။ အ၀ိုင်းပုံရအောင် ဘေးသားများကို ဓား (သို့) Pizza cutter ဖြင့် ဖြတ်ပေးပါ။

၈။ ထို့နည်းအတိုင်း ကျန် ဂျုံလုံးများကို ပြုလုပ်ပေးပါ။

၉။ ဒယ်ပြားကို မီးတင့်တင့်ဖြင့် ဒယ်ပြားပူလာလျှင် Tortilla ဒိုးပြားကို တဖက် ၁၅စက္ကန့်နှုန်းဖြင့် လှန်ပေးပါ။

၁၀။ Tortilla ပြားများရပြီဆိုလျှင် အမဲသား စချက်လို့ရပါပြီ…

Tortilla_Beef_Roll5

အမဲသားလိပ် ပြုလုပ်နည်း

၁။ အရင်ဆုံး ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ ဆီသပ်ပေးပါ။

၂။ ပြီနောက် အမဲသား၊ ဆား၊ သကြား ထည့်ပြီ မီးအတင့်သင့်ဖြင့် ၂မိနစ်ခန့် ရောမွှေပေးပါ။

၃။ ပြီမှ ခရမ်းချဉ်သီး၊ ငရုတ်သီးပွစိမ်း ထည့်ရောမွှေပြီ ရေခန်းသွားသည်အထိ တည်ထားပါ။

Tortilla_Beef_Roll7

၎။ နောက်ဆုံးမှ ဇီယာမှုန့်၊ oregano တို့ကို အပေါ်က ဖြူးပေးပြီ မီးပိတ်လိုက်ပါ။

Tortilla_Beef_Roll8

၅။ Tortilla ထဲ အစာသွပ်ရန် အမဲသားများ ရလျှင် Tortilla စလိပ်လို့ရပါပြီ။

၆။ ပန်းကန်ထဲ Tortilla တစ်ချပ်၊ ဆလတ်ရွက်၊ အမဲသား(စားပွဲတင်ဇွန်း ၄ဇွန်း)၊ ချိစ်(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ပြီ လိပ်ပေးပါ။ ထိုနည်းအတိုင်း ကျန်Tortilla များကို ပြုလုပ်ပေးပါ။

Tortilla_Beef_Roll8a

ရ။ အရသာရှိသည့် မက်ဆီကန်စတိုင် Tortilla အမဲသားလိပ်ကို သုံးဆောင်နိုင်ပါပြီ…

Tortilla_Beef_Roll9

7 comments

  1. ehshee says:

    Yes I will try it. Thanks for new post 🙂

  2. tinnwet.win says:

    အမဲသား မစားရင် ကြက်သားနဲ့ဆိုရင် အရသာပြောင်းသွားမှာလား

  3. khinohnmar win says:

    like

  4. ma Sandar says:

    thanks

  5. I like what you guys are up too. This sort of clever work and
    exposure! Keepp up thee very good works guys I’ve included you guys to my blogroll.

  6. Sankerbell says:

    Sis Tortilla ko bal hmar buy loh ya lal hin?
    pee dot oregano so tar bar lal hin?

    • admin says:

      readymade tortilla ရော၊ oregano ရော Market Place City Mart (ဓမ္မစေတီလမ်း) မှာဝယ်လို့ရပါတယ်။ oregano ဆိုတာ အနောက်တိုင်း ဟင်းခတ် အမွှေးအကြိုင် တစ်မျိုးပါ

Leave a Reply

Your email address will not be published. Required fields are marked *