မီနီ ခရမ်းသီး ဘာဂါ

မီနီ ခရမ်းသီး ဘာဂါ

EggPlant_Burger6

နေ့လည် အစာပြေ လုပ်စားနိုင်ဖို့ အရှေ့လယ်ပိုင်း Mediterranean ခရမ်းသီး မီနီဘာဂါ လေးပါ။ အဓိကတော့ ဘာဂါ ဂျုံနေရာမှာ ကာဖိုဟိုက်ဒရိုက်နည်းတဲ့ ခရမ်းသီးကင်ကို အစားထိုးပြီ လုပ်ထားပါ။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူလုပ်ကြည့်ရအောင်…

မီနီ ဘာဂါတွင် ပါဝင်ပစ္စည်းများ

  • ခရမ်းသီး – ၁ခု (အ၀ိုင်း လှီးပါ)
  • အမဲသား(သို့) ၀က်သား အသားပြားကြော် – ၃ခု
  • ဆလတ်ရွက် – ၃ရွက် (ရေစင်အောင် ဆေးပါ)
  • ကြက်သွန်နီ – ၁လုံး (အ၀ိုင်းပါးပါးလှီးပါ)
  • ခရမ်းချဉ်သီး – ၁လုံး (အ၀ိုင်း ပါးပါးလှီးပါ)
  • ချိစ် – ၂ပြား (ခရမ်းသီးအရွယ် ပိုင်းဖြတ်ထားပါ)

အသားပြားပြားတွင် ပါဝင်သောပစ္စည်းများ

  • အမဲသား (သို့) ၀က်သား -၂၀၀ ဂရမ် (နှုတ်နှုတ်စဉ်းပါ)
  • ပါမုန့်ခြောက် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ကြက်ဥ – တ၀က် (ခလောက်ထားပါ)
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ဆား – လက်ဖက်၇ည်ဇွန်း တ၀က်
  • ခနော ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ကြက်သွန်နီ – ၃ပုံ၁ပုံ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်ဖြူ – ၁မွှာ (နှုတ်နှုတ်စဉ်းပါ)

အသားပြား ချက်နည်း

၁။ ခွက်တစ်ခုထဲတွင် အသားပြားတွင် ပါဝင်သောပစ္စည်းများဖြစ်သော (အမဲသား၊ ပါမုန့်ခြောက်၊ ကြက်ဥ၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ) အားလုံးကို သမအောင် ရောနုယ်လိုက်ပါ။

EggPlant_Burger2

၂။ ပြီးလျှင် ၁လက်မခွဲ အရွယ်လောက် အသားအ၀ိုင်းပြား ၃ပြားလုပ်လိုက်ပါ။

EggPlant_Burger3

၃။ ဒယ်ထဲ ဆီများများ ထည့်ပြီ အသားပြားများကို အညှိရောင်သန်းလာသည် အထိ ကြော်ပေးပါ။

ဘာဂါ လုပ်နည်း

၁။ အရင်ဆုံး ခရမ်းသီးကို (ဆား(လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ)၊ ငရုတ်ကောင်းမှုန့်(အနည်းငယ်)၊ သံလွင်ဆီ(စားပွဲတင်ဇွန်း တ၀က်) တို့ဖြင့် ရောနုယ်ပြီ တဖက် ၂မိနစ်နှုန်းဖြင့် ကင်ပေးပါ။

EggPlant_Burger1

၂။ ခရမ်းသီးကင် ရပြီဆိုလျှင် ခရမ်းသီးကင်ပေါ်သို့ အစဉ်အတိုင်း (ချိစ်၊ အသားပြားကြော်၊ ဆလတ်ရွက်၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ခရမ်းသီးကင်) တို့ကို ထည့်ပေးပါ။

၃။ ထို့နည်းအတိုင်း ကျန် ခရမ်းသီးကင် ဘာဂါ ၂ခုကို ပြုလုပ်ပါ။

၎။ အရသာရှိသော မီနီ ခရမ်းသီးကင်ဘာဂါကို သုံးဆောင်လို့ရပါပြီ…

EggPlant_Burger6

2 comments

  1. Thanks for the good writeup. It in reality used to be a leisure account it.

    Look advanced to more delivered agreeable from you! By the way, how could we keep in touch?

  2. Hello! This is kind of off topic but I need some advice from
    an established blog. Is it very hard to set up your own blog?
    I’m not very techincal but I can figure things out pretty fast.
    I’m thinking about creating my own but I’m not sure where to begin.
    Do you have any points or suggestions? Thanks

Leave a Reply

Your email address will not be published. Required fields are marked *