ဂဏန်းလက်မ မဆလာချက်

ဂဏန်းလက်မ မဆလာချက်

crab_claw_meat_curry7

ဂဏန်းလက်မ မဆလာချက် လေးပါ။ ဒီ ဂဏန်းလက်မ မဆလာချက်မှာ ဟင်းအနှစ်က အဓိက အကျဆုံးပါ။ ဒါကြောင့် အရသာကို ချိုစိမ့်နေအောင် အုန်းနို့နှစ် ထည့်ချက်ထားပါတယ်။ ပြီတော့ ကလဝေရွက်၊ သစ်ဂျပိုး၊ ဖလာ၊ နံနံစေ့၊ ဟင်းခတ်အမွှေးအကြိုင် တွေကြောင့် စားပြီတာနဲ့ ထပ်ခါထပ်ခါ စားချင်တဲ့ အရသာမျိုးပါ။ ထမင်းပူပူလေးနဲ့ သုံးဆောင်မယ်ဆိုရင် အရမ်းထမင်းမြိန်မယ့် ဟင်းတမျိုးပါ။ ခုပဲ တူတူချက်ကြည့်ရအောင်..

ပါဝင်ပစ္စည်းများ

  • ဂဏန်းလက်မ အသား – ၃၅၀ ဂရမ်
  • အုန်းနို့နှစ် ခရင်မ် – ၁၀၀ မီလီလီတာ
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပေးပါ)

  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပေးပါ)
  • ဂျင်း – လက်တဆစ် (မညက်တညက်ထောင်းပြီ အရည်ညှစ်ပါ)
  • ခရမ်းချဉ်သီး – ၃လုံး (အစေ့ထုတ်ပြီ ပါးပါးလှီးထားပါ)
  • ကလဝေရွက် – ၂ရွက်
  • သစ်ဂျပိုး – ၁ခု
  • ဖာလာစေ့ – ၄ခု
  • စပါးမုန့်စေ့ – လက်ဖက်ရည်ဇွန်း ၂ဇွန်း (ဆုံထောင်းဖြင့် ခပ်ညက်ညက်လေး ထောင်းပါ)
  • ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်သီး(အရောင်တင်မှုန့်) – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • နံနံပင် – လက်ဖက်ရည်ဇွန်း ၂ဇွန်းစာ (ပါးပါးလှီးပါ)
  • ပျဉ်တော်သိမ်းရွက် – ၂ရွက်
  • ငရုတ်သီးစိမ်း – ၂ခု (ထပ်ခြမ်းခြမ်းပါ)
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်

crab_claw_meat_curry1

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း)ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ငရုတ်သီးစိမ်း၊ ဖာလာစေ့၊ ကလဝေရွက်၊ သစ်ဂျပိုး၊ ပျဉ်တော်သိမ်းရွက် တို့ကို ၁-၂မိနစ်ခန့် မီးအသင့်တင့်ဖြင့် ဆီပူထိုးပေးပါ။

crab_claw_meat_curry2

၂။ ထို့နောက် ငရုတ်သီးမှုန့်၊ ဆနွင်းမှုန့်၊ စပါးမုံမှုန့် ဆီပူထိုးပေးပြီ ခရမ်းချဉ်သီးများထည့်ပြီ ၁မိနစ် ဆီသပ်ပေးပါ။

၃။ ပြီလျှင် ခရမ်းချဉ်သီး နွမ်းအောင် ရေ(၁ခွက်)ထည့်ပြီ မီးများများဖြင့် တည်ပေးပါ။

crab_claw_meat_curry3

၎။ ခရမ်းချဉ်သီးနွမ်းသွားပြီ ဆိုလျှင် ခေတ္တအအေးခံပြီ ကြိတ်စက် blender ဖြင့် ကြိတ်ပေးပါ။ မကြိတ်ခင်၊ ကလဝေရွက်၊ သစ်ဂျပိုးကို ဖယ်ပြီ ခရမ်းချဉ်သီးဆီသပ်ကို ကြိတ်ပေးပါ။

crab_claw_meat_curry4

၅။ ကြိတ်ထားတဲ့ ဟင်းအနှစ်ကို ဒယ်ထဲ ပြန်ထည့်ပြီ ဆူအောင် ပြန်တည်ပေးပြီ ဆူလျှင် ဂဏန်းလက်မ အသား၊ အုန်းနို့နှစ်များ ထည့်ပြီ ၂မိနစ်ခန့် တည်ပေးပါ။

crab_claw_meat_curry5

၆။ ပြီနောက် အရသာအတွက် ဆား၊ ကြက်သားမှုန့်၊ မဆလာ(လက်ဖက်ရည်ဇွန်း တ၀က်)၊ ထည့်ပြီ အပေါ်မှ နံနံပင် ဖြူးပေးပါ။

ရ။ အရသာရှိသော ဂဏန်းလက်မ မဆလာချက်ကို ထမင်းပူပူလေးဖြင့် အရသာရှိစွာ တွဲဖက် သုံးဆောင်နိုင်ပါပြီ…

crab_claw_meat_curry7

7 comments

  1. Aye Aye Mon says:

    အလွန်ကောင်းပါသည် ညီမရဲ့စာအုပ်တွေကို နှစ်သက်စွာ ဝယ်ယူအားပေးလျက်ပါ လူကိုယ်တိုင် မဆုံတွေ့ဘူးပေမဲ့ ချစ်ခင်လျက်ပါ ညီမ

  2. Bertha says:

    The urban grace interiors blog activism is good at? A survey has revealed that Britain is actually causing the browser and end process
    by going to need.

  3. moetainhlyar says:

    စားသောက်ဆိုင်တွေမှာဘဲစားဘူးလို့အရမ်းကြိုက်နေတာ
    အခုတော့မဝတ်ရည်ကိုကျေးဇူးအရမ်းတင်သွားပြီ
    ခရမ်းချဉ်သီးကိုဘလင်ဒါနဲ့မကြိတ်ရအောင်ရေနည်းနည်းနဲ့အရင်ပြုတ်ပြီးမှနုတ်နုတ်စဉ်းထည့်လိုက်ရင်ကောင်းမယ်နဲ့တူတယ်နော်

  4. Aye Swe says:

    Thank you very much.
    AS

Leave a Reply to moetainhlyar Cancel reply

Your email address will not be published. Required fields are marked *