ဂဏန်းသား ထမင်းကြော်

ဂဏန်းသား ထမင်းကြော်

Crab_meat_fried_rice5

ဂဏန်းသား ထမင်းကြော်က အနံ့က အရမ်းမွှေးပြီ တမျိုး စားလို့ ကောင်းပါတယ်။ ထမင်းကြော်ထဲမှာ ဂဏန်းသားရယ်၊ ကြက်ဥ၊ မုန်လာဥနီ၊ ပဲသီး တို့ပါဝင်ပါတယ်။ လုပ်စားရလည်း အရမ်းလွယ်တကူတာမို့ ခုပဲ တူတူ လုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ချက်ပြီသား ထမင်း – ၂လုံး
  • ဂဏန်းသား – ၂၅၀ ဂရမ် (ready made ဂဏန်းသား)
  • မုန်လာဥနီ – ၁ခု (အတုံးသေးများ တုံးပါ)

  • ပဲသီး – ၁ခွက်စာ
  • ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
  • ကြက်ဥ – ၂လုံး (ဆား၊ ငရုတ်ကောင်းမှုန့်ဖြင့် ခလောက်ထားပါ)
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • နှမ်းဆီ – စားပွဲတင်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် (အဖြူ) – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း

Crab_meat_fried_rice1

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဒယ်ထဲ ဆီထည့် ဆီပူလာလျှင် ဂဏန်းသား၊ ပဲသီး၊ မုန်လာဥနီ တို့ကို သမအောင် ၁မိနစ်ခန့် ရောမွှေလိုက်ပါ။

Crab_meat_fried_rice2

၂။ ပြီနောက် ထမင်းထည့်ပြီ ဂဏန်းသား၊ ပဲသီးတို့ဖြင့် သမအောင် ရောမွှေကာ နောက်ထပ် ၂မိနစ် ထပ်တည်ထားပါ။

၃။ ပြီလျှင် ထမင်းကြော်များကို ဒယ်ဘေးကပ်ကာ အလယ်တွင် ကြက်ဥ၁လုံးကို လောင်းထည့်ကာ ကျက်သည်အထိ ရောမွှေပေးပါ။

၎။ ထို့နောက် နောက်ထည့် ကြက်ဥ၁လုံး အလယ်ကို ထည့်ကာ ကျက်သည်အထိ ရောမွှေပါ။

၅။ ကြက်ဥ ရပြီဆိုလျှင် ထမင်းကြော်ဖြင့် ရောမွှေကာ ဆား၊ ကြက်သားမှုန့်၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်မြိတ်များဖြူးကာ အရသာရှိစွာ ဂဏန်းသား ထမင်းကြော်ကို သုံးဆောင်နိုင်ပါပြီ…

Crab_meat_fried_rice5

2 comments

  1. NAI AUK PINE says:

    ရှယ်ထမင်း ကြော်ရပြီး ဒီနေ့ သူငယ်ချင်းတွေ့ကြွားလိုက်အုံးမယ်

  2. စားချင်​ထှာ

Leave a Reply

Your email address will not be published. Required fields are marked *