“Wutyee Food House မှ ကြိုဆိုပါသည်”
Email Subscription : လုပ်ခြင်းဖြင့် ဒီဘလောက်မှာ ဟင်းလျာအသစ်တင်တိုင်း  တင်ထားသော ဟင်းလျာများကို အီးမေးက တဆင့်အကြောင်းကြားပေးပါတယ်။
Categories : အောက်မှာ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ပီဇာ၊ လာအို၊ အနောက်တိုင်း ဟင်းချက်နည်းခွဲ တားပါတယ်။ ကိုယ်ကြိုက်နှစ်သက်ရာ ချက်နည်းများကို အလွယ်တကူရှာဖွေ နိုင်ပါသည်။
Cooking Method : ၀တ်ရည် ချက်နည်း အဆင့်အဆင့်ကို ပုံတွေနဲ့တကွ ဖော်ပြပေးထားပါတယ်။
Blog : ဒီဘလောက်ကို တခေါက်ဝင်ကြည့်ပြီးတိုင်း နောက်တခါဝင်ကြည့်ဖို့ရယ်၊ နီးစပ်ရာ သူငယ်ချင်းတွေကို share လုပ်ပေးဖို့ မမေ့ကြနဲ့နော်။ ၀တ်ရည်ဘလောက်ကို ၀င်ကြည့်သူတိုင်း အရှေ့တိုင်း၊ အနောက်တိုင်း ဟင်းလျာများကို ကိုယ်တိုင် ချက်ပြုတ်ရင်း ပျော်ရွင်နိုင်ပါစေ ဆုမွန်တောင်းလျှက်……
64 comments
  1. Hmone Gyi says:
    thx for kindly sharing urs cooking receipt with us… will try to cook whenever u post over there…tuu ma tuu top ma thi puuu heee 😉
  2. Hmone Gyi says:
    anyway i like snow in urs blog 😉
    • chowutyee says:
      I like snow also!!
      • phyobobowin says:
        မန်းတလေးမှာအချက်အပြုတ်သင်းတန်များရှိရင်ပြောပြပေးကျပါလာ..
        [email protected] ကိုmail ပို.ပေးနိုင်ပါတယ်ဗျာ…
        ကျေးဇူးပြုပြီးမြန်မြန်လေပြောပြပေးပါလာ..သိရင်…အရမ်းအရေးကြီးလိုပါ..
        • admin says:
          မန်းတလေးက ဟင်းချက်သင်တန်းတော့ ၀တ်ရည် မသိပါဘူး။ ဒါပေမယ့် တခြားသိနိုင်မယ့်သူကို မေးပေးပြီ အကြောင်းပြန်ပါ့မယ်..
  3. caspertyzin says:
    အမြဲစောင့်ကြည့်နေပါတယ် …. ခုလို ပညာဆည်းပူးခွင့်ရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်
    ဒီထက်မက ပညာဖြန့်ဝေနိုင်ပါစေလို့ ဆုတောင်းပေးနေပါတယ်နော် ….
    စောင့်မျှော်လျှက်
    caspertyzin
    • chowutyee says:
      Thanks a lot par.. ၀တ်ရည်ကလည်း ၀တ်ရည် ၀ါသနာပါတဲ့ ဟင်းလည်းချက်ရ၊ သူများကိုလည်း မျှဝေခွင့်ရလို့ ကျေးဇူးတင်ပါတယ်.. 🙂
  4. zaw min says:
    ဝတ်ရည် လာလည်ပါတယ် ၊ နောက်ထပ် တင်မယ့် စားသောက်ဖွယ်ရာများ အတွက်လဲ စောင့်မျှော်နေ
    ပါတယ်လို့ ……………………………အမြဲတမ်း ရှင်သန်နေတဲ့ ဘလော့ တစ်ခုဖြစ်နိုင်ပါစေလို့လဲ
    တောင်းဆု မေတ္တာ ပို့သပါတယ် ။
  5. chowutyee says:
    အားလုံးကိုကျေးဇူးတင်ပါသည်။
  6. Ei Kay says:
    Yee.. I visited your website naw.. Great Job frd, very impressive.
    thanks for corn soup and pizzas.
    Please keep sharing your great talent and the recipe..
    • chowutyee says:
      ခုလိုလာသွားလို့ ကျေးဇူးပါပဲ သူငယ်ချင်း အိကေ…. နောက်ဒီထက်ပိုပြီး ချက်နည်းတွေတင်ဖို့ အစီအစဉ်ရှိပါတယ်..
      • kathiking says:
        တို့လဲဝတ်ရည်လဲဟင်းလျာတွေကိုစိတ်ဝင်စားလို့ပါ
        တို့ account ပေးထားပါတယ် ဟင်းအသစ်တွေတင်ရင်
        တို့ကိုပြောပါနော် ကျေးဇူးအများကြီးတင်ပါတယ်
        • kathiking says:
          ဝတ်ရည်နဲ့ဘယ်လိုဆက်သွယ်ရမလဲဟင်မလုပ်တတ်လို့ပြောပေးပါနော် တို့မှာfacebook လိပ်စာတော့ရှိတယ်
          [email protected] ပါ လမ်းညွှန်ပေးပါနော်
  7. N3 says:
    ဒီက အစားအသောက် အစားအသောက်ပုံနဲ့  ချက်နည်းတွေကို အမြဲကြည့်ဖြစ်တယ်။
    အဆင်ပြေမယ်ဆို ပုံတွေတင်တဲ့အခါ Image size ကို Medium လောက်တင်ပါလား။ ဒါဆို ကြည့်ရတာ ပွဲစွဲဆောင်မှု့ ရှိပြီး ဖတ်တဲ့သူတွေ ချက်စားချင်စိတ် ပိုပေါက်သွားမယ် ထင်တယ်။
    • chowutyee says:
      N3 ပြောတာမှန်ပါတယ်.. ပုံ sizeကိုကြီးကြီး တင်ချင်ပါတယ်။ ဒါပေမယ့် အရင်တင်ထားတဲ့ပုံတွေအောက် အရမ်းအောက်ဆင်း သွားမှာစိုးလို့ပါ။ ကိုယ်ကြည့်ချင်တဲ့ ပုံကို ပုံအကြီးကြည့်ချင်ရင် ပုံကို click နှိပ်ပြီး အကြီးကြည့်နိုင်ပါတယ် 🙂
      • chowutyee says:
        N3 အကြံပေးတဲ့အတိုင်း ပုံတွေကို ပိုကြီးအောင်လုပ်ပြီး တင်ပေးထားပါတယ်… 🙂
  8. khin khin nwe says:
    Dear friend,
    Thanks for sharing.
  9. ဆိုက်ကလေးက အတော်အောင်မြင်နေတာပဲမမ..။
    ဟင်းမပြောနဲ့ ရေနွေးတောင် မတည်တတ်သေးတော့
    ဘယ်လိုလုပ် အသုံးကျတော့မလဲ..:(
    ဒါပေမယ့် ဟိုဘက်က အားပေးရုံနဲ့ အားမရလို့
    ဒီဘက်ပါ ပြေးလိုက်လာတာ:)
    • chowutyee says:
      ဟားဟား.. ဘာပဲဖြစ်ဖြစ် ကျေးဇူးပါနော် မေပယ်လ်… ချက်နည်းတွေကြည့်ပြီ ကြိုးစားချက်ကြည့်ပါ့လား.. ကိုယ်တိုင် ချက်တတ်ထားတော့ ကောင်းတာပေါ့နော်.. 😛
  10. michelle says:
    ညီမ၀တ်ရည်ရဲ့ ချက်နည်းတွေကို မကြာခဏကြည့်ဖြစ်ပါတယ် သိချင်တာတွေရှိရင် ညီမ website မှာရှာဖွေရင်း သင်ယူဖြစ်တဲ့အတွက် ကျေးဇူးတင်လျှက်ပါ၊ ဒါပေမယ့် မုန့်ဟင်းခါးချက်နည်းလေးကို မတွေ့ လို့ မေးပါရစေ၊ အမ ဗမာပြည်က စိန်ဥမုန့်ဟင်းခါးလိုမျိုး ငရုပ်ကောင်းဟင်းရည်စိမ်းစိမ်းလေး စားချင်နေတာ မချက်တတ်လို့ ညီမသိရင် ပြောပြပေးစေချင်ပါတယ် ၊၊
    • chowutyee says:
      Ma Michelle, ၀တ်ရည်က မုန့်ဟင်းခါးတော့ တခါမှ ကိုယ်တိုင် မချက်စားဖူးဘူး။ ၀ယ်စားဖြစ်တာ များလို့ပါ။ မုန့်ဟင်းခါးချက်နည်း လေ့လာကြည့်ပြီရင် အစ်မကို ချက်နည်း ပြန်ဝေမျှပေးပါမယ်နော်.. ကျေးဇူးပါ.. 😛
  11. saiwaiaung says:
    ကျေးဇူးပါ အစ်မရေ ၊ ကျနော် အိမ်ပြန် တော့မှာ မို့ အစ်မ့ဆီက ချက်နည်းပြုတ်နည်းထဲက ကိုယ်ကြိုက်တာတွေကို pdf ပြောင်းပြီး သိမ်းသွားပါတယ်။ ကျနော့်ကောင်မလေးက မုန့်စားရရင် ပျော်တတ်တော့ စမ်းချက်ကြည့်မလားလို့… ခုတော့ ကြက်ဥပဲ ကောင်းကောင်းပြုတ်တတ်တယ်… 😛
  12. ယမုံ says:
    ဒီ websit လေးကိုအခုမှ သိရတာ သိပ်ကိုဝမ်းသာပြီးကျေးဇူးလည်းတင်ပါတယ်…
    ချက်နည်းလေးတွေပါ အဆင်သင့်ပါတဲ့အတွက် ပိုပြီးလွယ်ကူအဆင်ပြေပါတယ်…
    အရမ်းကိုကျေးဇူးတင်ပါတယ်..
    မ၀တ်ရည် ကျန်းမာပျော်ရွှင်ပါစေ….
  13. ktc says:
    I like the site very much, so already downloaded the whole site for offline watch
  14. ချော says:
    ဟင်းချက်ကောင်တဲး့ ၀တ်ရည်လေးကို လူကိုခင်သလို ချက်တဲ့ဟင်းတွေကိုလည်း သိပ်ကြိုက်တယ်လို့
    တစ်ချိန်ချိန်မှာ တကယ်စားခွင့်ရဖို့ မျှော်လင့်ပါတယ်
    မျှဝေပေးတာအတွက်လည်း ကျေးဇူးပါနော်
    • chowutyee says:
      ကျေးဇူးပါ မချောရေ။ တကယ်ကို ကျွေးချင်တာပါ၊ အခွင့်ကြုံရင် ချက်ကျွေးချင်ပါသေးတယ်.. 😀
  15. Thet Aung says:
    မ၀တ် ရည် ဆီ ထမင်း ချက် စား တဲ့ နည်း လေး ရှိ ရင် ပြော ပြ ပါ ဦး ဗျာ
    • chowutyee says:
      ဆီထမင်းချက်နည်းက လွယ်ပါတယ်။ အရင်ဆုံး ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း)ထည့်၊ ဆီပူလာလျှင် ကြက်သွန်နီထည့်၊ ဆနွင်း(လက်ဖက်ရည်ဇွန်း တ၀က်) ထည့်ပြီ ခဏနေမှ ကောက်ညှင်းဆန် (နို့ဆီခွက် ၁ခွက်ခွဲ)ထည့်ရုံပါ။ ရေကို ကောက်ညှင်းဆန်မြုပ်ရုံ လက်တဆစ်ခန့် ထည့်ပြီ အရသာအတွက် ဆား၊ ကြက်သားမှုန့် ထည့်ပေးပါ။ မီးနည်းနည်းဖြင့် အဖုံးအုပ်ပြီ ရေခန်းသွားလျှင် ဆီထမင်းရပါပြီ။ .. 😀
  16. Buzzlight says:
    အားပေးတယ် ဗိုက်ဆာတိုင်းဝင်ကြည့် ဖြစ်တယ် ကိတ်လုပ်တဲ့ ပစည်းအခေါ်အဝေါ်တွေ ထည့် တဲ့ ပစည်းတွေ ကို အင်္ဂလိပ်မြန်မာနှစ်မျိုးလုံးရေးပေးပါလား ရှာရလွယ်အောင်လို့ လေ နောက်ရေခဲမုန့်လုပ်နည်းရော တင်ပေးပါလားဗျာ
    • chowutyee says:
      ကိတ်မုန့်ပစ္စည်းအခေါ်အဝေါ်တွေကို ထည့်ဖြည့်စွက် ရေးပေးပါ့မယ်.. ရေခဲမုန့်တော့ ကိုယ်တိုင် လုပ်စားပြီ ချက်နည်းပါ တင်ပေးလိုက်မယ်နော်.. 😛
  17. nang mynt says:
    I hv subscribe my mail address, thanks for sharing
    Nang Myint
  18. jp.myintswe says:
    so many visitors,great thanks.
  19. htoohtoo says:
    မမရေ..facebook မှာအားမရလို့ဒီအထိလိုက်လာတယ်နော်…ဟင်းချက်နည်းတွေအကုန်မှတ်ထားတယ်..ချက်တော့မစားဖြစ်သေးဘူး..ယောက်ျားယူရင်မချက်တတ်မှာစိုးလို့..အကုန်လုံးကိုလိုက်မှတ်ထားတယ်……မမဘာချက်ချက်အကုန်ကြိုက်တယ်………….
  20. areLuu says:
    ဂွတ်ရှယ်ဗျို့ .. ဒီလိုစိတ်ရှည်ရှည်နဲ့ ချက်နည်း ပြုတ်နည်းတွေကို Web Site ပေါ်မှာ စေတနာနဲ့ အခမဲ့ တင်ပေး တဲ့ အတွက် အရမ်းကို ကျေးဇူးတင် ပါတယ်။
    ဒီ Blog SITE လေး အမြဲတမ်း ပိုမို တိုးတက်ပြီး … အဓွန့်ရှည်ပါစေ။
  21. Simon says:
    မင်္ဂလာပါ
    ကျနော့်ရဲ့ဘလော့မှာပြန်လည်မျှဝေဘို့ခွင်တောင်းပါတယ်၊ ရမရ အကျိုးအကြောင်းလေး
    ပြန်ပေးပါနော်…။
    ကျေးဇူးတင်ပါတယ်။….ဆိုင်မွန်
    • chowutyee says:
      ဟုတ်ကဲ့။ နောက်ကျမှာ စာပြန်ဖြစ်လို့ ဆော်ရီးနော်။ ဟုတ်ကဲ့ အစ်ကို ဘလောက်မှာ ၀တ်ရည် ဘလောက်က ဟင်းတွေ ပြန်မျှဝေလို့ ရပါတယ်။ တခုပါပဲ ဟင်းပုံအောက်မှာ Ref: http://www.wutyeefoodhouse.com ဆိုတာလေးတော့ ထည့်ပေးပါနော်။ ကျေးဇူးပါနော် ကိုဆိုင်မွန်
  22. ဝတ်ရည်ရေ တီတင့်ဒီကနေ့ တစ်မနက်လုံး ဝတ်ရည်ရဲ့ စားဖိုဆောင်မှာမွှေနေတာလေး))
    အိမ်မှာလည်းဝတ်ရည်ပေးခဲ့တဲ့စာအုပ်ဖတ်နေကြတာ ကိုယ့်အလှည့်ကိုမရောက်ဘူးကွယ်။
    အားပေးနေပါတယ် ဒီထက်မကအောင်မြင်ပါစေနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    • chowutyee says:
      အန်တီတင့် ပေးတဲ့ဆုနဲ့ ပြည့်ရပါစေနော်.. ဒီနေ့တောင် အန်တီတင့်ကို သတိရသေးတယ်။ မချောတောင် ပြန်သွားပြီလား မသိဘူး။ ကျေးဇူးပါ 😀
  23. Htinlin Zaw says:
    အရမ်းကိုအရသာရှိနေမဲ့ဟင်းတွေပါပ၊ဲ မကြာမကြာ ”Wutyee Food House”ကိုလာလည်ဖြစ်ပါတယ်။ကျေးဇူးပဲနော်,ဝတ်ရည်တစ်ယောက်ဒီထက်မက အဆင့်မြင့်နည်းပညာတွေကို ဆထက်တပိုးတိုးကာဖြန့်ဝေနိုင်ပါစေလို့ဆန္ဒပြုရင်း ဝတ်ရည်တို့မိသားစုအားလုံး ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေကြပါစေ။
  24. kyaw khine says:
    သိပ်ကောင်းတဲ့ အကြံဥာဏ်နဲ့ တင်ပြပေးနေတဲ့ မ၀တ်ရည်ကို ကျေးဇူးအထူးတင်ရှိပါတယ် ။ ကျွန်တော်လည်း အချက်အပြုတ်ကို လေ့လာနေတဲ့ သူတစ်ယောက်ပါ။ ခုလည်း စားသောက်ဆိုင်တွေမှာ လုပ်နေတုန်းပါ။ မ၀တ်ရည်ရဲ့ ဟင်းတွေကို လေ့လာတာ ခုမှ စပြီး သိတာလေ ဒီဘလော့ဂ်ကို ။ နောက်လည်း လေ့လာဖြစ်မှာပါ ။ ကိုယ်သိထားတာနဲ့ မလုံလောက်ဘူးလေ။ ကျွန်တော်က နည်းနည်း လောဘကြီးတယ် အသိပညာနဲ့ ပတ်သက်လို့ပါ။ ကိုယ်မသိတာကို သင်ပြပေးမယ့်လူရှိလို့ကတော့ ကလေးက အစမချန်ဘူး မေးမြန်းပြီး သင်တာပါ။ မ၀တ်ရည်လည်း ပညာတွေ အများကြီး တိုးပွားပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ ။ ဒီဘ၀တင် မဟုတ်ပါဘူးနော် နောင်ဘ၀များထိပါ ခုလို ဖြန့်ဝေပေးနေတာ ပညာပါရမီဖြစ်ပါစေဗျာ
  25. loverlay says:
    အမြဲအားပေးနေမယ်နော်..ပျော်ရွှင်ပါစေဗျာ…။
  26. k lwin says:
    ကျွန်တော်က အိမ်မှာ ဟင်းကောင်းကောင်းတွေ ကိုယ်တိုင်ချက်ချင်တာပါ.. ဒီblogကြောင့် အဆင်ပြေသွားပြီ..
    ဟင်းတွေလည်း update လုပ်ပေးပါဦး.. အားပေးနေပါ့မယ်.. ကျေးဇူးပါနော်…
  27. richelle says:
    Hi, very Interesting blog you have here… It would be my pleasure if you visit my website too. Here’s the link
    http://ads.com.mm/?cid=4fe2db67e4b0d19a0f5e0b1e&utm_campaign=ads_mm_lb_blog_riche&utm_so
  28. ei says:
    I love to cook 4 my ………….
  29. u toe toe says:
    သမီးရေ address ထည့်ပြီး subscribe လုပ်ပေမဲ့ ဦး ရဲ့ mail ထဲ ကို activate ပြန်လုပ်ဘို့  mail ၀င်မလာဘူး ဘယ်လို လုပ်ရမလဲ သမီး ရေ
    • admin says:
      ဟုတ်ကဲ့။ subscribe လုပ်ဖို့ အီးမေးပို့ထားတယ်လို့ ပြောနေတယ်။ မေးထဲ တချက်လောက် စစ်ကြည့်ပါအုန်းနော်… ကျေးဇူးပါ
      • u toe toe says:
        သမီး ရေ
        ရပါပြီ ကျေးဇူးပါ
        ပြည်ပမှာနေတာမို့  အချိန်ရတဲ့အခါ
        စားချင်တာလေးတွေ သမီး ရဲ့ နည်းအတိုင်း
        ကိုယ်တိုင်လုပ်စားဖြစ်တယ်လေ
  30. cherry says:
    All look like appetite.sis😃
Leave a Reply to chowutyee Cancel reply
Your email address will not be published. Required fields are marked *